I’m not sure if you guys have heard about my project, Move to the Beat, a game based on the animated movie, Sing to the Dawn.
မရေးဖြစ် မရေးဖြစ်နဲ့ ဘာရေးလို့ ရေးရမှန်း မသိဖြစ်နေတာ ကြာပြီဗျာ။ သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူဆီသို့ဆိုတဲ့ ကဗျာလေးတစ်ပုဒ်တွေ့ပြီး သူ့ရဲ့ အလိုက်လေးနဲ့ ခေါင်းထဲမှာ ရှိတဲ့ ကျွန်တော့် Theme လေးနဲ့ ပေါင်းရေးကြည့်တာပေါ့။ ပျင်းပျင်းရှိရင် ဖတ်ကြည့်ကြဗျာ။
ငါမုန်းတဲ့… မင်း
သန်းခေါင်ယံည မှောင်မိုက်တဲ့ အခန်းကျဉ်းထဲ
ဟိုအရင်တစ်ချိန်က မင်းရနံ့တချို့.. မင်းအထိအတွေ့တချို့
ငါပြန်ရမိတယ်…
ပူလောင်တဲ့ဒီနွေ ဇောချွေးပြန်အိပ်ရာပေါ်မှာ
တစ်ချက်တစ်ချက် လန့်နိုးရတဲ့ အတိတ်…
ငါပြန် ဖြစ်ရပြန်တယ်…
လိုက်ရှာလဲ ငါမတွေ့ …
ဘယ်ချောင်များ မင်းပုန်းလို့ နေသလဲ…
တွေ့မိလို့ ရပြီထင်…
ဖမ်းလိုက်လည်း ပျောက်ပျောက်သွား..
မင်းအတွက် အိပ်ပျက်တဲ့ ညပေါင်းလည်းများခဲ့ပြီ…
လက်နဲ့ဖြစ်လိုက်တိုင်း ရနံ့လှိုင်တဲ့ ကြမ်းပိုးရယ်…
ငါမင်းကို မုန်းတယ်…
[Image credits goes to procsilas]
မနေ့က emo တွေ အကြောင်းပြောရင်းနဲ့ စိတ်ထဲစဉ်းစားမိတာ ငါရောဘယ်နှစ်ခါ emo ဖြစ်ခဲ့ဖူးလဲလို့။
ပြီးတော့ သူငယ်ချင်းတွေနဲ့ ဒီနေ့ ရုပ်ရှင်တွေ အများကြီး အကြောင်းပြောရင်းနဲ့ ဒီ post လေးရေးဖို့ idea ရလာတယ်ဆိုပါတော့။
emo ဖြစ်တယ်ပဲပြောပြော၊ sissy ပဲပြောပြော သရုပ်ဆောင်တွေ ကောင်းလို့ဖြစ်ဖြစ်၊ ဇာတ်လမ်း ဇာတ်ကွက် ကောင်းလို့ ဖြစ်ဖြစ်၊ မျက်ရည် တစ်ပေါက် နှစ်ပေါက် ကျခဲ့ဖူးတဲ့ ရုပ်ရှင်လေးတွေ တချို့ကို refer လုပ်လိုက်ပါတယ်။
စိတ်ညစ်စရာကြီးလို့တော့ မတွေးလေနဲ့နော်။
ကြည့်ဖူး မြင်ဖူးနေကျ ကိုရီးယားကားတွေလို တေ့လွဲတွေ ဖြစ်လွန်းလို့ ရင်ထဲ တဆစ်ဆစ်နာပြီး ထိုင်မရ ထမရ ဖြစ်ရတာမျိုးတွေ မပါဘူး။
နီးစမ်းနာနီ ခေါ် နင်ဘယ်မှာလဲ ခေတ်တုန်းက ကားတွေလို သေကောင်ပေါင်းလဲ ဇာတ်နာပြီး မျက်ရည်တရွှဲရွှဲနဲ့ ငိုပြနေလို့ ငိုချင်စိတ် ပေါက်စေမယ့်ကားလည်း မပါဘူး။
သောက်ကျိုးနည်း ချစ်ပြနေပြီး အဆိပ်သောက်သေသွားတဲ့ အချစ်ကားမျိုးလည်း မပါဘူး။
သူ့အဓိပ္ပါယ်လေးနဲ့သူ တွေးစရာလေးတွေပေးတဲ့ ဇာတ်လမ်းကောင်းတွေချည်းပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော စလုံးရောက်နေတဲ့ မြန်မာကျောင်းသား population လေးထဲမှာရော တဖြည်းဖြည်းနဲ့ emo လေးတွေ များများလာလိုက်တာ ဟိုလူလည်း emo ဒီလူလည်း emo နဲ့ Popular trend တစ်ခုကိုဖြစ်လို့။ ဒီလို popular trend တစ်ခုထဲ emo တစ်ယောက် အဖြစ်ဝင်ဆံ့နိုင်ဖို့ နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။
Limewire တို့ Aries တို့နဲ့ download လုပ်နေကြပဲ ဆိုပြီး ဆက်မဖတ်ပဲ နေလို့ကတော့ မှားမယ်နော်…
ဟိုအရင် တစ်ခေါက်က ပြောသလိုပဲ အဲ့ဒါတွေ က virus တွေ၊ spyware၊ malware တွေရတတ်တယ်လေ။ ပြီးတော့ အခံ့မသင့်လို့ ဖမ်းကြပြီဆိုရင် ဒါမျိုးတွေက အရင်ဆုံး စဖမ်းကြတာမျိုး ဆိုတော့ အတတ်နိုင်ဆုံး အဲ့ဒါမျိုး မသုံးတာ ကောင်းမှာပေါ့။
ကျွန်တော်ပြောမယ့် ဒီ Favtape ကတော့ အဲ့လို ဘာ p2p software တွေမှ သွင်းစရာမလိုပဲ၊ ဒီအတိုင်း Online မှာ နောက်ဆုံးပေါ် နာမည်ကြီးသီချင်းတွေ၊ ခေတ်ဟောင်း သီချင်းတွေကို နားထောင်လို့ရတဲ့ website လေးတစ်ခုပေါ့။ အဖွဲ့ တစ်ဖွဲ့ နှစ်ဖွဲ့၊ အဆိုတော် တစ်ယောက် နှစ်ယောက်တည်း သည်းကြီးမည်းကြီး ကြိုက်တာမျိုးမဟုတ်ပဲ သီချင်းကောင်းမှန်သမျှ နားထောင်ချင်တဲ့ သူမျိုးအတွက်တော့ အကောင်းဆုံးပေါ့။
(အဆုံးထိဆက်ဖတ်နော်… ဘယ်လို ဒေါင်းလုဒ်လုပ်ရလဲ ဆိုတာပါ တခါတည်း တိုးတိုးတိတ်တိတ် ပြောပြမယ်)
ကွန်ပျူတာတစ်လုံး စ၀ယ်လာပြီ ဆိုပါတော့။ အဲ့ဒီ့ ကွန်ပျူတာကြီးကို ဒီအတိုင်းထား မထားပါနဲ့.. ပျင်းဖို့ကောင်းပါတယ်။
Internet ပေါ်မှာ ရှိရှိသမျှသော game တွေ၊ toolbar တွေနဲ့၊ smiley တွေ အစရှိသည် တို့နဲ့ ကျွန်တော်တို့ ဒီ ကွန်ပျူတာကို အလှဆင်လည်းဆင်ဖို့၊ Hollywood ရုပ်ရှင်တွေထဲမှာ သိပ်နာမည်ကြီးတဲ့ Virus တွေ နဲ့ infect ဖြစ်ထားတဲ့ Zombie လည်းဖြစ်ဖို့ အောက်က အချက်ငါးချက်ကို လိုက်လုပ်ရုံပါပဲ။
ကျွန်တော် Blog စရေးတုန်းက မှားခဲ့တဲ့ အမှားများထဲက ပထမဆုံး အမှားကတော့ Blog ဆိုတာ ဘာမှန်းမသိခဲ့တာ ဆိုတော့က ကိုယ့်ကိုကိုယ် အခု ပြန်မေးကြည့်ပါတယ်။
Blog ဆိုတာ ဘာပါလဲလို့ဆိုတော့ အင်မတန် အဓိပ္ပါယ် ဖွင့်ရခက်တာပဲဗျာ။
ကဲ… ဒီတော့ စာအရှည်ကြီးရေးပြီး အားလုံးကို cover ဖြစ်အောင် ရှင်းပြနေလဲ ရှုပ်တယ်။ အောက်ကပုံလေးနဲ့ တတ်နိုင်သလောက် cover လုပ်လိုက်မယ်ဗျာ။ (မမြင်ရရင် Read the rest of the entry » ကိုနှိပ်ကြဗျို့)
ကျွန်တော်ဒီ mmhan.net မှာ ပြောင်းပြီး ရေးခဲ့ရတဲ့အချက်တွေထဲမှာ ကျွန်တော့်ရဲ့ အရင် blog က အမှားတွေကြောင့် အများကြီးပါပါတယ်။ အခု မြန်မာ blogger တော်တော်များများမှာလည်း ဒီလိုအမှားလေးတွေကို ကျွန်တော် တွေ့တွေ့နေမိပါတယ်။
အဲ့ဒီ့အမှားတွေကို ပြင်ချင်လို့ ကျွန်တော်ဟာ ဒီ blog ကို စရေးပြီး အမှားတွေကို ပြင်နိုင်ပြီလား ဆိုတော့လည်း မဟုတ်သေးပါဘူး။
ဒါပေမယ့် ကျွန်တော် ဒီ post လေးကို ချရေးလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို သတိပေးနိုင်အောင်ရယ်၊ ကျွန်တော့်ရဲ့ အမှားလေးတွေကို ဖတ်ရပြီး အများသူငါ အပေါင်းတို့လည်း ဒီလို မမှားမိရန် သတိထားနိုင်အောင်ရယ် ရေးလိုက်ရတာဖြစ်ပါတယ်။
ကျွန်တော့်ထက် သိပြီးသား တတ်ပြီးသား သူများဟာလည်း ဒီ post လေးကို ဖတ်ကာ အမှားများကိုထောက်ပြီး ၀ိုင်းဝန်း လှောင်ပြောင်နိုင်ကြအောင်ရယ် ဆိုပြီးပေါ့လေ။
ဟုတ်ကဲ့.. ကျွန်တော် စုံစမ်းတွေ့ရှိချက်အရ RSS ဆိုတာဟာ ဂျိုနဲ့ဖြစ်ကြောင်း သိရတဲ့အတွက် ဓါတ်ပုံနှင့်တကွ ဖော်ပြလိုက်ပါတယ်
What is RSS?
RSS ဆိုတာဟာ ကျွန်တော်တို့ ဖတ်ဖတ်နေတဲ့ web page တွေရေးကိုရေးတဲ့ HTML လိုမျိုးပဲ ရေးထားတဲ့ file လေးတစ်ခုပါပဲ။ HTML page တွေဟာ ကျွန်တော်တို့တွေ Firefox လို Internet Explorer လို browser တစ်ခုကနေ ဖတ်ဖို့ရေးထားပြီးတော့၊ RSS တွေကတော့ Google Reader လို IGoogle က RSS module တွေလို Firefox extension Sage-too လို RSS reader တွေကနေ ဖတ်ဖို့ရေးထားတာ ဖြစ်ပါတယ်။
ဥပမာဆိုပါစို့ ကျွန်တော် ဒီ blog post ကိုရေးလိုက်ပြီးတာနဲ့ ကျွန်တော့် blog မှာပေါ်လာသလို RSS မှာပါ ပေါ်မှာပါ။ တစ်ခါနှစ်ခါလာဖတ်တဲ့ သူအနေနဲ့ သူ့ရဲ့ browser မှာတွေ့နိုင်သလို၊ ဒီ blog ကို subscribe လုပ်ထားတဲ့ သူအနေနဲ့ သူသုံးတဲ့ RSS Reader ကနေတွေ့နိုင်ပါတယ်။
Due to series of unfortunate events (in real life) I found myself back at home at 4 am in the morning so hyper-active with no intention at all to sleep. I thought hell, what other use for this kind of hyperactivity than updating my poor blog theme.
I proudly presents you with Comicalistic 0.5.5. Although there isn’t too much of new features on this theme, it certainly has just gone through a few “major” fixes for cross browser usability.
Read more to find out more about the updates and the new comic strip for IE 6 users. Read the rest of the entry »











