အလုပ်မှာ အဆင်မပြေလို့ပဲဖြစ်ဖြစ်၊ အိမ်နဲ့ဝေးရာ မိသားစုနဲ့ဝေးရာမှာ နေနေရလို့ပဲဖြစ်ဖြစ်၊ လတ်လတ်လောလော အဆုံးသတ်သွား bad relationship တစ်ခုကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် မျိုးရိုးလိုက်လို့၊ စိတ်ဓါတ်ပျော့လို့ဖြစ်ဖြစ် တစ်ချိန်ချိန် တစ်ခါခါမှာ လူတိုင်း Depression လေးရကြပါတယ်။ အဲ့ဒါမျိုးတွေ ကျွန်တော်ဖြစ်လာခဲ့ရင် လုပ်လေ့ရှိတာလေးတွေကို အသုံးဝင်လိုဝင်ငြား ဝေငှလိုက်ပါတယ်။
1. Music Therapy
သီချင်းတွေဟာ သူ့ရဲ့ ကာရံတွေ၊ စာသားတွေ၊ သံစဉ်တွေ လူတွေရဲ့ emotion အပေါ်မှာ သက်ရောက်မှုကောင်းတဲ့ သတ္တိရှိပါတယ်။ စိတ်ဓါတ်ကျနေချိန်မှာ များသောအားဖြင့် (ကျွန်တော်အပါအ၀င်) လူအများစုဟာ သီချင်းဆူဆူတွေ ကိုယ့်ရဲ့ emotion နဲ့ relate ဖြစ်တဲ့ သီချင်းတွေကို နားထောင်လေ့ရှိကြပါတယ်။ အဲ့လိုနားထောင်ခြင်းအားဖြင့် လူဟာ Depression သက်သာမလာပဲ ပိုပိုသာဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဓါတ်ကျနေရာက သက်သာချင်တယ်ဆိုရင်တော့ ကိုယ့် Music Library ထဲက ကိုယ့်ကိုပျော်အောင်လုပ်နိုင်တဲ့ သီချင်းမျိုးတွေ ရွေးပြီးနားထောင်သင့်ပါတယ်။ တကယ်လို့ မရှိဘူးဆိုရင်လဲ ကျွန်တော့်ဆီမှာ ဒီလို၊ ဒီလို သီချင်းတွေအပြင် တခြား သီချင်းတွေ မေးကြည့်လို့ရပါတယ်။
2. Keep yourself busy with something you love to do
ကျွန်တော်များသောအားဖြင့် စိတ်ဓါတ်ကျလာပြီဆိုရင် ကိုယ့်ကိုကိုယ် အလုပ်တွေနဲ့ နှစ်ထားတတ်ပါတယ်။ ကံကောင်းတဲ့ ကျွန်တော်က ကျွန်တော်လုပ်ရတဲ့ အလုပ်ကိုလုပ်နေရတာ သိပ်ပျော်ပါတယ်။ (Debugging process ဒါမှမဟုတ် client အရစ်တွေနဲ့ အတွေ့သ၍ ပေါ့လေ) အဲ့လို အလုပ်မျိုးတွေကို စိတ်နှစ်ပြီး လုပ်နေခြင်းဖြင့် စိတ်ညစ်စရာတွေ တဖြည်းဖြည်း လျော့သွား မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး စိတ်သက်သာရာ ရစေနိုင်ပါတယ်။ ရုတ်တရက် စဉ်းစားလို့မထွက်ဘူးဆိုရင် ဒါမှမဟုတ် ဘာလုပ်လို့ဘာလုပ်ရမှန်း မသိဘူးဆိုရင် အသစ်အဆန်းလေးလည်းဖြစ်အောင် သိုးမွှေးထိုးတာမျိုး၊ စွန်လွှတ်တာမျိုး၊ ပန်းချီးဆွဲတာမျိုးကို စမ်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ပင်ပန်းစေမယ့် activity မျိုးကို ဆေးဖိုးကြောင့် လူသေ ဆိုတာမျိုး မဖြစ်ရအောင် တတ်နိုင်သမျှရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။
3. Write it down
ကျွန်တော့်ရဲ့ အရင် Blog ကိုကြည့်ရင် များသောအားဖြင့် စိတ်ညစ်ရတာလေးတွေ ရေးထားတာကို တွေ့နိုင်ပါတယ်။ ကျွန်တော့် Blog တင်မဟုတ်ပါဘူး personal blog တွေ တော်တော်များများဟာလည်း စိတ်ညစ်ရတဲ့ အကြောင်းလေးတွေကို ချရေးထားကြတာပါပဲ။ အဲ့လိုမျိုးရေးလိုက်တဲ့ အခါကြရင် (ကျွန်တော့် personal experience အရ) ရေးအပြီးမှာ စိတ်ညစ်ရတာတော်တော် သက်သာသွားပါတယ်။ ပိုပြီး ထိရောက်တဲ့နည်းကတော့ စိတ်ကိုလွှတ်ထားပြီး ကိုယ်ခေါင်းထဲပေါ်လာတာကို physically စာအုပ်လေးတစ်ခုမှာဖြစ်ဖြစ် စာရွက်အလွတ်လေးတစ်ခုမှာ ဖြစ်ဖြစ် ချရေးတာမျိုးပါပဲ။ ဘယ်သူမှဖတ်ဖို့ ရေးတာမျိုးမဟုတ်သလို ကိုယ်ကိုတိုင်ပြန်ဖတ်ချင်လို့ ရေးတဲ့ စာမျိုးမဟုတ်တဲ့အတွက် ဒီစာကို ဘယ်လိုရေးရမယ် ဘယ်လိုမရေးရဘူးဆိုတဲ့ rule တွေကို ဂရုစိုက်စရာမလိုတဲ့ အတွက် ပိုပြီး ထိရောက်နိုင်ပါလိမ့်မယ်။ (Emo တွေ ထိုင်ဆွေးနေသလို I hate you, I wanna stab you in your heart and leave you to die ဆိုတာမျိုးတွေတော့ ရေးမနေနဲ့ပေါ့ဗျာ)
4. Work Out
ကျွန်တော့်အနေနဲ့ တစ်ခါတစ်လေမှာ စိတ်ညစ်စရာတွေဟာ (work out လုပ်တယ်လို့ မခေါ်နိုင်ပေမယ့်) ဘောလုံးကန်တဲ့အခါမှာ အနည်းနဲ့ အများသက်သာသွားတတ်ပါတယ်။ အဲ့ဒီ့အကြောင်း စဉ်းစားမိလို့ ဒီစာရေးမယ်လုပ်ပြီး လိုက်ရှာကြည့်တော့ Work out လုပ်ခြင်းအားဖြင့် တနည်းနည်းကြောင့် Depression အတွက်သောက်တဲ့ ဆေးတွေနည်းပါးအထိ သက်ရောက်မှုရှိတယ်လို့ Article တစ်ခုမှာ တွေ့ရပါတယ်။ ဒီတော့ ကွန်ပျူတာရှေ့ကထ ချောင်မှာထိုးထားတဲ့ running shoe တွေဖုန်သုတ် အပေါ်မှာရေးထားတဲ့ အတိုင်း Happy Mood Playlist လေးကို iPod ထဲထည့်လို့ ဟိုနားဒီနား ထပြေးကြည့်ပေါ့ဗျာ။ အညောင်းအညာလည်းပြေ လေကောင်းလေသန့်လည်း ရတဲ့အပြင် ပါတ်ဝန်းကျင် အလှအပတွေကို ခံစားပြီး စိတ်ညစ်နေတာတွေ ပျောက်သွားပါလိမ့်မယ်။
5. Get a quote
လူတိုင်းလူတိုင်းမှာ သူတို့အကြိုက် Favorite Quote လေးတွေရှိသလို ကျွန်တော့် Favorite quote လေးလည်းရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော် အရင် Blog မှာ Signature အဖြစ်သုံးတဲ့ “If it wasn’t this it would be something else.” ဆိုတဲ့ quote ပဲဖြစ်ပါတယ်။ (ဘယ်မှာ ကြားခဲ့ရလဲတော့ ကျွန်တော်သေချာ မမှတ်မိတော့ပါဘူး။) ကျွန်တော်စိတ်ညစ်လာတိုင်းမှာ အဲ့ဒါလေးကိုဖတ်ပြီး သြော်… ငါသာဒီလိုအခက်အခဲတွေ မကြုံခဲ့ရင် ဒီထက်ခက်တဲ့ အခက်အခဲမျိုး ကြုံဦးမှာပါလဲလေဆိုပြီး စိတ်ညစ်တာတွေ သက်သာရပါတယ်။ တခြား quote တွေနဲ့ မတူ အဲ့ဒီ့ Quote လေးဟာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ Clichè မဖြစ်တဲ့ quote တစ်ခုပါပဲ။
Side Note
ဒါအပြင့် Aerosol ပါတဲ့ air freshener တွေ ခဏခဏသုံးခြင်းကြောင့် headache နဲ့ depression ဖြစ်စေတယ်လို့ ဖတ်ရတဲ့အတွက် အဲ့ဒါမျိုးတွေကိုလည်း နည်းနည်းရှောင်သုံးသင့်ပါတယ်။
Depression ဟာ hormonal effect, hereditary effect အပြင် နေထိုင်တဲ့ ပါတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ အကယ်၍ ရက်ရှည်လများ depression ဖြစ်နေခဲ့ပြီဆိုရင် ဆရာဝန်ဆီသွား ဆေးလေးဘာလေး သောက်သင့်ပါကြောင်း…..














9 Comments
Nice post…dude….keep it up…
there’s one more: take out a mirror, smile a big big smile and see how cute you are! Trust me, you will totally forget all those sh*tty things
@shirley haha, I don’t think that’s applicable to those who are depressed about their looks.
great.. helpful post.
thks.. and it helps mii, u know it rite? lol
and im okay now. ^^
@~thiri~ glad to hear that
Thks to my jit friend Tiri.
I learned something here.
i dont know why but i find this funny
@zephyur1990 Eeks… How is that so?
ကျွန်တော့အတွက်တော့ ဆေးကောင်းလေးတစ်ခွက်ပါပဲဗျာ။
ကျေးဇူး ပါ။
Got something to say?