ဟုတ်ကဲ့.. ကျွန်တော် စုံစမ်းတွေ့ရှိချက်အရ RSS ဆိုတာဟာ ဂျိုနဲ့ဖြစ်ကြောင်း သိရတဲ့အတွက် ဓါတ်ပုံနှင့်တကွ ဖော်ပြလိုက်ပါတယ်
What is RSS?
RSS ဆိုတာဟာ ကျွန်တော်တို့ ဖတ်ဖတ်နေတဲ့ web page တွေရေးကိုရေးတဲ့ HTML လိုမျိုးပဲ ရေးထားတဲ့ file လေးတစ်ခုပါပဲ။ HTML page တွေဟာ ကျွန်တော်တို့တွေ Firefox လို Internet Explorer လို browser တစ်ခုကနေ ဖတ်ဖို့ရေးထားပြီးတော့၊ RSS တွေကတော့ Google Reader လို IGoogle က RSS module တွေလို Firefox extension Sage-too လို RSS reader တွေကနေ ဖတ်ဖို့ရေးထားတာ ဖြစ်ပါတယ်။
ဥပမာဆိုပါစို့ ကျွန်တော် ဒီ blog post ကိုရေးလိုက်ပြီးတာနဲ့ ကျွန်တော့် blog မှာပေါ်လာသလို RSS မှာပါ ပေါ်မှာပါ။ တစ်ခါနှစ်ခါလာဖတ်တဲ့ သူအနေနဲ့ သူ့ရဲ့ browser မှာတွေ့နိုင်သလို၊ ဒီ blog ကို subscribe လုပ်ထားတဲ့ သူအနေနဲ့ သူသုံးတဲ့ RSS Reader ကနေတွေ့နိုင်ပါတယ်။
ဒါဆို ဘာများကွာလို့လဲ?
ကျွန်တော်တို့ ဖတ်နေကျ blog တစ်ခုကို သွားတော့မယ်ဆိုရင် အဲ့ဒီ့ blog မှာ ကိုယ်မဖတ်ရသေးတဲ့ post ရှိမရှိကို ကျွန်တော်တို့ မသိပါဘူး။ အဟောင်းတွေဖတ်ပြီးသားဖြစ်တဲ့ အတွက် post အသစ်ကို ဖတ်ဖို့သွားတဲ့ ကျွန်တော်တို့ဟာ အဲ့ဒီ့ page ကို load လုပ်တာကိုထိုင်စောင့် ကျွန်တော်တို့ မဖတ်ချင်တဲ့ မမြင်ချင်တဲ့ cbox တွေ sidebar က ဘာညာသာတကာ widget တွေကို တက်လာတာကို ထိုင်စောင့်လို့ပြီးမှ ကိုယ်ဖတ်ချင်တဲ့ post အသစ်မရှိခဲ့ရင် အလဟဿ အချိန်ကုန်ပါတယ်။
ဒါပေမယ့် RSS Reader တစ်ခုမှာတော့ ကိုယ်မဖတ်ရသေးတဲ့ post ရဲ့ content ကိုပဲ ပြပေးတဲ့ အတွက် ဘာကိုမှ စောင့်စရာမလိုပါဘူး။
Magazine အသစ်တစ်ခု ထွက်ပြီလား ဆိုပြီး ခဏခဏ စာအုပ်ဆိုင်သွားကြည့်နေတာထက် အဲ့ဒီ့ Magazine ကို subscribe လုပ်ထားပြီ အိမ်တိုင်ယာရောက် လာပို့တာကို ထိုင်စောင့်တာမျိုးလိုပေါ့။
ဟုတ်ပြီ ဒါဆို ငါတို့ blog မှာ rss ရအောင် ဘယ်လိုလုပ်ရမလဲ?
ဘာမှလုပ်စရာ မလိုပါဘူး။ WordPress တို့ Blogger တို့လို blogging platform တွေ မှာ နဂိုထဲက support လုပ်ပြီးသားပါ။ တချို့တချို့သော poorly implemented blogging platform တွေ (ဥပမာ – MySuboo) ရဲ့ blog system မှာတော့ အဲ့ဒါကို support မလုပ်ပါဘူး။
ဒါဆို ဘယ်လို subscribe လုပ်ရမလဲ?
ဘယ် blog မှာမဆို
လိုပုံပဲ ဖြစ်ဖြစ် အဲ့လို ပုံခတ်ဆန်ဆန် ပုံလေးပဲဖြစ်ဖြစ်ရှာပြီး နှိပ်လိုက်တာနဲ့ ကိုယ်ကြိုက်တဲ့ RSS reader ကိုရွေးပြီး subscribe လုပ်လို့ရပါတယ်။ ရှာလို့မတွေ့ရင်လည်း RSS ရှိတဲ့ blog ဆိုတာနဲ့ Firefox ရဲ့ Address Bar က RSS icon လေးကိုနှိပ်ပြီး subscribe လုပ်လို့ရပါတယ်။ RSS Reader အနေနဲ့ကတော့ သုံးလို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးက Google Reader ပါပဲ။ မြန်မာလို ဖတ်လို့ရအောင်လဲ လုပ်ရလွယ်ပါတယ်။
ကဲ ပြောနေကြာပါတယ်။ အခုမှ RSS အကြောင်းသိတဲ့သူများ
လေးကိုနှိပ်ပြီး ကျွန်တော့် blog ကို စပြီး subscribe လုပ်ရင်း စမ်းကြည့်လိုက်ပေတော့…


in a nut shell
“rss icon လေးကိုနှိပ်ပြီး ကျွန်တော့် blog ကို စပြီး subscribe လုပ်ရင်း စမ်းကြည့်လိုက်ပေတော့…”
@angelous – How come angelous is so “devilous” to point out that?
ဒီိလို အကျိုးရှိတဲ့ post လေးတွေ များများရေးဟေ့ .. ကောင်းတယ်
ခုမှ RSS က ချိုကြီးနဲ့ မှန်းသိတော့တယ်။ အဟက်…ဒါနဲ့ ကျနော်လဲ နောက်ဆုံး စာကြောင်းလေးကို သိဘောကျားးးတယ်။
Pingback: What is RSS? | My Burmese Blog