Quiet: Book Cover

Quiet: The power of Introverts in a World That Can’t Stop Talking

By Sunsan Cains

အကျဉ်း

မင်းတို့ငါတို့သိသမျှလူတွေရဲ့ သုံးပုံတစ်ပုံဟာ introvert တွေဖြစ်သတဲ့။ စကားပြောနေရတာထက် ပိုနားထောင်ချင်တယ်၊ အပျော်အရွှင်တွေ ပါတီတွေထက် စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်နဲ့ဆို ပိုအဆင်ပြေတယ်၊ တီထွင်ကြံဆမယ်၊ ဖန်တီးပြုလုပ်မယ်၊ သို့ပေမယ့် ကိုယ့်ဂုဏ်ကိုယ်ဖော်ရတာ၊ ကိုယ့်ကိုကိုယ် promote လုပ်ရတာမကြိုက်ချင်ကြဘူး။ အဲ့လို လူရိုးလူအေးတွေလို့ အများစုက အမှတ်ပြုပြီး အဖက်မလုပ်ချင်ကြပေမယ့် သူတို့တွေရဲ့ – Van Gogh ရဲ့ Sunflowers တို့၊ Personal Computer တို့ အစရှိတဲ့ – အလုပ်မျိုးစုံတွေဟာ လူ့ဘောင်အဖွဲ့အစည်းတွေကို အကျိုးများစွာပြုတဲ့အလုပ်တွေဆိုတာကိုတော့ မေ့လို့မရဘူးလို့ဆိုသတဲ့ဗျာ။

စာရေးသူကိုယ်တိုင်ကလည်း introvert တစ်ယောက်ဖြစ်သလို၊ research တွေအပြည့်အစုံနဲ့အပြင်၊ လူတန်းစေ့ အစုံတို့ရဲ့ တကယ့်အဖြစ်အပျက် ဇာတ်လမ်းတွေကိုထည့်ပြီးရေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

အမြင်

ကိုယ့်ကိုယ်ကို ငယ်ငယ်တည်းက extrovert တစ်ဦးပါလို့ မြင်ခဲ့တဲ့ကျွန်တော်။ test တွေစမ်းကြည့်ပြန်ရင်လည်း extrovert ပါလို့သာ အဖြေထွက်တဲ့ကျွန်တော်။

အဲ့ဒီ့ကျွန်တော်က ဒီစာအုပ်ကို ဖတ်မယ်ဆိုပြီး တေးထားတာကြာပေမယ့် (လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်ကတည်းကပဲ) ငါက extrovert ပဲမဆိုင်ပါဘူးလေရယ်လို့စဉ်းစားကာ ပစ်ထားခဲ့တာကြာခဲ့ရောပေါ့။

လူရှေ့သူရှေ့မှာ စကားကလည်းများချင်လွန်းပြီး သူငယ်ချင်းရဲ့မင်္ဂလာဆောင်မှာ အခန်းအနားမှူးနေရာဝင်ယူပြီးမှ စကားပြောခါနီး ခြေတွေလက်တွေအေး၊ အထစ်ထစ်အငေါ့ငေါ့နဲ့ သောက်တလွဲလုပ်ခဲ့လို့ သူငယ်ချင်းကို တောင်းပန်ခဲ့ရတဲ့ကျွန်တော်။ အခုထိ အလုပ်နဲ့ပါတ်သက်လို့ဖြစ်ဖြစ်၊ Barcamp တွေဘာတွေဖြစ်ဖြစ် presentation ပေးရလို့ရှိရင် လက်ဖဝါးတွေကချွေးစီးတွေပြန်ပြီး၊ သေကောင်းပေါင်းလဲ anxious ဖြစ်တာလည်း ကျွန်တော်။ ဒီစာကိုရေးရင်းနဲ့တောင် ဘာမဆိုင်ညာမဆိုင် လက်ဖဝါးတွေက ချွေးစို့နေတဲ့ကျွန်တော်။

တဖြည်းဖြည်းအဲ့လိုအဖြစ်တွေမျိုးစုံတွေကတစ်ဖုံ၊ Malcom Gladwell ရဲ့ Tipping Point ထဲက Social Context တွေပေါ်မူတည်လို့ လူတွေရဲ့ လုပ်ပုံကိုင်ပုံ၊ တွေးတောပုံတွေပြောင်းတတ်တဲ့ အကြောင်းဖတ်မိတော့၊ ကိုယ့်ကိုယ်ကို extrovert ရယ်လို့ မယုံချင်တော့ဘူး။ Extrovert လို့ပြောကြတဲ့ အချက်တွေလည်းရှိ၊ introvert လို ပုံတွေလည်းချိုးနေတော့ ကိုယ်ကိုတိုင် ဘာမှန်းမသိလို့မဖြစ်ချေရယ်ဘူးလေဆိုပြီး၊ ဒီစာအုပ်ဖတ်ဖြစ်တာပေါ့။

တော်တော်ကို မမြင်နိုင်တဲ့ အြမင်တွေကိုပေးပြီးတော့ အစပိုင်းမှာ introvert/extrovert extreme နှစ်ခုကိုခွဲပြသွားတာ၊ ခေတ်ရွေ့လျားမှုအရ ဖြစ်လာတဲ့ urbanization, globalization တွေကြောင့် extrovert တွေရဲ့ အခန်းကဏ္ဍကြီးမားလာတာကို သူရှင်းပြတဲ့ ပြောပြသွားတဲ့ rationale လေးက၊ ဪ… အေးအဲ့လိုဆိုတော့လဲ အဟုတ်သား ဆိုပြီး မှတ်ယူရတယ်။ အဲ့လိုအရေးပေးလာရာကနေ၊ extrovert မှမဟုတ်ရင် တချို့ကိစ္စတွေမှာ introvert ဖြစ်ခဲ့ရင် လူဝင်မဆံ့ပဲ မျက်နှာငယ်ရတဲ့ သဘောလေးတွေလည်းပါတယ်။

psychology ပိုင်းအရ ကြည့်ပြန်တော့၊ ကလေးတွေအရွယ်ကတည်းက အဲ့ဒီ့ စိတ်နေစိတ်ထားပေါ်မူတည်ပြီး ကြီးြပင်းပုံကွာတဲ့ပုံ၊ အဲ့ဒီ့စိတ်နေစိတ်ထားကို အခြေခံလို့ ဘယ်လောက်ထိ introvert/extrovert စကေးပေါ်မှာ ကွဲပြားသွားတဲ့ပုံကို ပြောပြသေးတယ်။ Biology ပိုင်း၊ ဆေးပညာပိုင်း၊ evolution ပိုင်း၊ psychology ပိုင်း၊ politics ပိုင်း၊ business ပိုင်းစတဲ့ ရှုထောင့်မျိုးစုံကနေ introvert/extrovert တွေရဲ့ ကွာခြားမှု၊ စိတ်နေစိတ်ထား၊ အမြင်မျိုးစုံ၊ အလေ့အကျင့်မျိုးတွေဖတ်လို့ကောင်းအောင် ဇာတ်လမ်းလေးတွေမျိုးစုံနဲ့ ပြောသွားတဲ့အထဲမှာ 2008 မှာဖြစ်သွားတဲ့ Wall Street ကစလာတဲ့ economic crisis အကြောင်းတောင်ပါလိုက်သေးသဗျာ။

ဖတ်နေရင်း အောင်မယ် ငါတို့ အာရှနိုင်ငံတွေမှာ အဲ့ဒီ့လိုစံမျိုးတွေမရှိဘူးကွလို့ စဉ်းစားလို့မဆုံးသေးဘူး ယဉ်ကျေးမှုမတူတဲ့ လူ့ဘောင်အဖွဲ့အစည်းတွေမှာ မတူတဲ့ စံနှုန်းတွေ၊ အထူးသဖြင့် အနောက်နိုင်ငံများနဲ့ အာရှနိုင်ငံများရဲ့ မတူတဲ့ စံနှုန်း၊ ယဉ်ကျေးမှုနဲ့ သက်ဆိုင်လို့ဖြစ်လာတဲ့ introvert/extrovert တွေအကြောင်းကို ပြောသွားသေးတယ်။

မတူတာတွေကို ဘေးချိတ် အလုပ်တွဲလုပ်ရလာပြီ၊ အိမ်ထောင် အတူကြပြီးပြီ၊ အဲ့ဒါမျိုးတွေဘယ်လို dynamics တွေရှိကြတယ်ဆိုတာကို နောက်ဆုံးပိုင်းမှာပြောသွားတယ်။ introvert တွေ extrovert တွေဟာ တစ်ဦးနဲ့တစ်ဦး မတွေ့မနေတွေ့ရ၊ ထိတွေ့ဆက်ဆံရတဲ့အခါမှာ၊ ဘယ်လိုနေရမလဲ၊ ဘယ်လိုအချိန်မှာ ကိုယ့်ရဲ့ ြငိမ်ငြိမ်အေးဆေးနေချင်တဲ့စိတ်ကိုဖယ်ပြီး ဘယ်လို တက်တက်ကြွကြွ ပြောဆိုဆက်ဆံကြသလဲဆိုတဲ့ ဇာတ်လမ်းတွေ၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက်တွေက ကိုယ်နဲ့ introvert/extrovert ချင်းတူကြရင်၊ မတူကြရင် ဖြစ်တတ်တဲ့ ပြဿနာတွေ၊ ကောင်းနိုင်တဲ့နည်းလမ်းတွေ၊ ကိုယ့်ကလေးက introvert လေးတစ်ယောက်ဖြစ်လာရင် ကိုယ့်အနေနဲ့ extrovert တွေအများစုအတွက် အထူးပြုထားတဲ့ ကျောင်းတွေ၊ extrovert တွေကိုသာ အကောင်းမြင်တဲ့လူတွေရဲ့ကြားမှာ ဘယ်လိုကာကွယ်ပြီး ပြုစုပျိုးထောင်ကြမယ်ရယ် အဲ့လိုစုံလို့ပဲ။

Structure အရဆိုရင် Extreme နှစ်ခုကို ခွဲြပပြီးတော့ ကြားထဲက grey area ကိုအရောင်ဖြည့်၊ အဲ့ဒီ့ စကေးပေါ်က လူတွေအချင်းချင်း ပေါင်းကူးပေးတဲ့ ပုံစံမျိုးပြောသွားတာကို သိပ်ကြိုက်တယ်။ ဒေါင်မကျ၊ ပြားမကျ grey area ပေါ်က ကျွန်တော့်အတွက်ကတော့ နှစ်ဘက်စွန်းရဲ့ strength တွေယူ၊ weakness တွေဖယ်ပြီး နေတတ်သလိုနေပါတော့မယ်လေ။

Content ပိုင်းမှာလည်း အင်မတန်ပျင်းဖို့ကောင်းလောက်တဲ့ research တွေ၊ သာမန်လူတွေရဲ့ ဇာတ်လမ်းလေးတွေကို စာမျက်နှာသုံးရာကျော်လောက်မှာ မပျင်းမရိစေပဲ ဆွဲဆောင်နိုင်အောင်ရေးထားတာ သိပ်အားကျဖို့ကောင်းတယ်။ (ဒီ review ကိုတောင်မှ စဖတ်တဲ့လူတွေအားလုံးရဲ့ တဝက်လောက်ပဲ အဆုံးထိပြီးအောင်ဖတ်ခဲ့ရင် ကံကောင်း)

အချုပ်

တစ်ခုပဲပြောစရာရှိတာက စာရေးသူ Susan Cains ကိုယ်တိုင်က introvert ဖြစ်နေတာကြောင့်ပဲလားမသိ၊ စာဖတ်ပြီဆိုမှ introvert ပဲဖြစ်မယ်ဟေ့ဆိုပြီး တစ်ထစ်ချယုံကြည်နေလို့လားတော့မသိ၊ ဒါမှမဟုတ် ကျွန်တော်ကိုက အင်မတန် အထအနကောက်မိနေလို့လားတော့ မသိဘူး၊ extrovert တွေကို ပေးတဲ့ message က၊ မင်းတို့ကောင်တွေ တစ်ထစ်ရှိ limelight ထဲဝင်ကြ၊ လူပေါ်လူစော်တွေ လုပ်နေကြတယ်၊ မင်းတို့ကြောင့် 2008 crisis ဖြစ်တာ၊ ငါတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ၊ ဒါပဲ… ဂွက် ဆိုသလိုနည်းနည်း မြင်ရသလိုပဲ။

သို့ပေမယ့်ငြား introvert တွေကို self-assurance တွေ အများကြီးပေးတဲ့အပြင်၊ နောက်ဆုံးပိုင်းဆိုရင် self-help ပိုင်းလိုမျိုး အကြံအဉာဏ်တွေ အများကြီး ပေးထားပါတယ်။ မဖတ်မနေဖတ်သင့်တဲ့ စာအုပ်ပဲ။ Goodreads မှာ Quiet ကို အယောက်နှစ်ဆယ်လောက် ပတ်ပြီး recommend လုပ်ပစ်လိုက်တယ်။ ဖတ်ကြည့်လိုက်ဦးနော်၊ ပြီးရင်ဒီမှာ comment ထဲက ငြင်းရအောင်။