First of all, Happy New Year to you all. It’s been 5 months that I’ve been posting at this blog and I’ve posted a total of 40 posts (including some posts that I’ve immigrated from my old blog) over that period. I must admit 40 is considerably low number of posts over 5 months yet, [...]
Posts under Articles topic.
ကျွန်တော်ဒီ mmhan.net မှာ ပြောင်းပြီး ရေးခဲ့ရတဲ့အချက်တွေထဲမှာ ကျွန်တော့်ရဲ့ အရင် blog က အမှားတွေကြောင့် အများကြီးပါပါတယ်။ အခု မြန်မာ blogger တော်တော်များများမှာလည်း ဒီလိုအမှားလေးတွေကို ကျွန်တော် တွေ့တွေ့နေမိပါတယ်။
အဲ့ဒီ့အမှားတွေကို ပြင်ချင်လို့ ကျွန်တော်ဟာ ဒီ blog ကို စရေးပြီး အမှားတွေကို ပြင်နိုင်ပြီလား ဆိုတော့လည်း မဟုတ်သေးပါဘူး။
ဒါပေမယ့် ကျွန်တော် ဒီ post လေးကို ချရေးလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို သတိပေးနိုင်အောင်ရယ်၊ ကျွန်တော့်ရဲ့ အမှားလေးတွေကို ဖတ်ရပြီး အများသူငါ အပေါင်းတို့လည်း ဒီလို မမှားမိရန် သတိထားနိုင်အောင်ရယ် ရေးလိုက်ရတာဖြစ်ပါတယ်။
ကျွန်တော့်ထက် သိပြီးသား တတ်ပြီးသား သူများဟာလည်း ဒီ post လေးကို ဖတ်ကာ အမှားများကိုထောက်ပြီး ၀ိုင်းဝန်း လှောင်ပြောင်နိုင်ကြအောင်ရယ် ဆိုပြီးပေါ့လေ။
ဟုတ်ကဲ့.. ကျွန်တော် စုံစမ်းတွေ့ရှိချက်အရ RSS ဆိုတာဟာ ဂျိုနဲ့ဖြစ်ကြောင်း သိရတဲ့အတွက် ဓါတ်ပုံနှင့်တကွ ဖော်ပြလိုက်ပါတယ်
What is RSS?
RSS ဆိုတာဟာ ကျွန်တော်တို့ ဖတ်ဖတ်နေတဲ့ web page တွေရေးကိုရေးတဲ့ HTML လိုမျိုးပဲ ရေးထားတဲ့ file လေးတစ်ခုပါပဲ။ HTML page တွေဟာ ကျွန်တော်တို့တွေ Firefox လို Internet Explorer လို browser တစ်ခုကနေ ဖတ်ဖို့ရေးထားပြီးတော့၊ RSS တွေကတော့ Google Reader လို IGoogle က RSS module တွေလို Firefox extension Sage-too လို RSS reader တွေကနေ ဖတ်ဖို့ရေးထားတာ ဖြစ်ပါတယ်။
ဥပမာဆိုပါစို့ ကျွန်တော် ဒီ [...]
အလုပ်မှာ အဆင်မပြေလို့ပဲဖြစ်ဖြစ်၊ အိမ်နဲ့ဝေးရာ မိသားစုနဲ့ဝေးရာမှာ နေနေရလို့ပဲဖြစ်ဖြစ်၊ လတ်လတ်လောလော အဆုံးသတ်သွား bad relationship တစ်ခုကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် မျိုးရိုးလိုက်လို့၊ စိတ်ဓါတ်ပျော့လို့ဖြစ်ဖြစ် တစ်ချိန်ချိန် တစ်ခါခါမှာ လူတိုင်း Depression လေးရကြပါတယ်။ အဲ့ဒါမျိုးတွေ ကျွန်တော်ဖြစ်လာခဲ့ရင် လုပ်လေ့ရှိတာလေးတွေကို အသုံးဝင်လိုဝင်ငြား ဝေငှလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Acid အဖွဲ့ရဲ့ စတင်ခြင်းနဲ့ လူငယ်တွေရဲ့နားထဲ၊ စိတ်ထဲကိုဝင်လာတဲ့ Hip-hop ဂီတဟာ အခုအချိန်မှာ တော်တော်လေး အရှိန်အဟုန်ကောင်းတဲ့ အချိန်ကိုရောက်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။ Hip-hop သီချင်းမှန်ရင် လူငယ်၊ လူလတ်ပိုင်းကနေ လူကြီးတချို့များ အထိနားထောင်နေကြပါပြီ။ အရင်တုန်းက Hip-hop ဆိုရင် အမြင်ကတ်ပါတယ်ဆိုသူများတောင် တစ်ပုဒ်စနှစ်ပုဒ်စ နားထောင်လာကြပါပြီ။
စပေါ်ကာစ Hip-Hop တွေကိုလူငယ်တွေ ကြိုက်လို့ လူတိုင်းလိုလိုလိုက်လုပ်ကာ အခွေတွေအများကြီးထွက် နာမည်အထူးအဆန်းပေါင်းစုံနဲ့ လူတွေပေါင်းစုံ Hip-hop သီချင်းတွေဆိုကြကာ သီချင်းကောင်းတဲ့သူတွေလည်း ရှိသလို မကောင်းတာတွေလဲရှိကြပါတယ်။ စစချင်းဖြစ်နေတော့ ၀ယ်ရမယ့်ပရိသတ်ကလည်း Hip-hop ဆိုတာနဲ့ ၀ယ်ဖြစ်နားထောင်ဖြစ်ပြီး ကောင်းတာမကောင်းတာလည်း မစဉ်းစားခဲ့ကြပါဘူး။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ Hip-hop သီချင်းတွေမှာ အဆင့်အတန်းရှိလာကြပြီး နိုင်ငံတကာမှာ ၀င်ဆန့်နိုင်လောက်အောင်တောင် ပညာပါပါရေးစပ်ဖျော်ဖြေလာကြပါတယ်။ ဒါကြောင့် အခုဆိုရင် တော်ရုံဝါသနာပါရုံ စာရွတ်တတ်ရုံလောက်နဲ့ [...]
လွန်ခဲ့တဲ့ နှစ်ပါတ်လောက်တုန်းက ကျွန်တော် iTunes U ရဲ့ Top Ten Download ထဲမှာရောက်နေတဲ့ Thomas L. Friedman ရဲ့ ‘The World Is Flat’ ဆိုတဲ့ podcast လေးတစ်ခုနားထောင်ဖြစ်ပါတယ်။ (ဝေဖြိုးကျော်က podcast တွေနားထောင်ပါလို့ ပြောလို့ ဟိုကြည့်ဒီကြည့်ကြည့်ရင်း နားထောင်ဖြစ်သွားတာပေါ့လေ)။တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။
ကမ္ဘာကြီးပြားသွားပြီလို့ သူပြောရတဲ့ အကြောင်းအရင်းကို အကျဉ်းချုံး မှတ်မိသလောက်ပြောပါ့မယ်။
ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးသော၊ မြင်ခဲ့တွေ့ခဲ့ ကြားခဲ့ဖူးသော တက္ကသိုလ်ကျောင်းကြီး၊ ဂျပ်ဆင်ဟောကြီးနှင့် အဓိပတိလမ်းမကြီးတို့တွေ မရှိတော့တဲ့ ကျွန်တော်တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ ဘ၀မှာ သီဟိုဠ်တောကြားက လမ်းမကြီး၊ သွပ်မိုး တစ်ထပ်ဆောင် ကျောင်းခန်းတွေကြားက မြေနီလမ်းကလေးတွေနဲ့၊ ဓနိမိုးထရံကာ canteen လေးတွေသာရှိတဲ့ GTC သန်လျင်ကျောင်းကြီးမှာ semester တစ်ခုစာသာ တက်ခဲ့ရပေမယ့် ကျွန်တော် အင်မတန်မှ သံယောဇဉ်ရှိခဲ့တဲ့ ကျောင်းကြီးလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံပြန်ရောက်တဲ့ တစ်ခေါက် အတွင်းမှာ မဖြစ်ဖြစ်အောင်စီစဉ်ကာ အရောက်သွားလည်ခဲ့ပါတယ်။


