Category Archives: Writings

Freedom From Fear

လွန်ခဲ့တဲ့ လေးငါးလခန့်က ကျွန်တော်နှင့်အတူ သူငယ်ချင်း အချို့တို့ ဒီစာအုပ်ကလေးကို အတူတူဖတ်ကြဖို့ စဉ်းစားမိကြတယ်။  ဒေါ်အောင်ဆန်းစုကြည့်ရဲ့  ရှားရှားပါးပါး ဒီစာအုပ်ကို အတူ တစ်လအတွင်း ဖတ်ကြမယ်၊ ဖတ်လို့ပြီးချိန်မှာ အတူတူ ထင်တာမြင်တာလေးတွေ notes လေးတွေ စသဖြင့် ဖလှယ်ကြမယ် တိုင်ပင်ကြမယ်ပေါ့။ ကျွန်တော်ကိုယ်တိုင် အနေနဲ့ကတော့ အဲ့ဒီ့ အပြင်ကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တွေ့ခွင်ဆုံခွင့် သိရှိခွင့်မရှိတဲ့ အချိန်မှာ အန်တီစုရဲ့ အာဘော်ကနေတစ်ဆင့် စိတ်နေစိတ်ထား၊ သဘောသဘာဝတွေကို သိချင်တာက တစ်ကြောင်း၊ အန်တီစုရဲ့ နိုင်ငံရေးမူဝါဒကို လေ့လာချင်တာက တစ်ကြောင်းလဲပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။ စဖတ်ပြီး နည်းနည်းအကြာမှာ ကျွန်တော်တို့ ပထမဆုံး အမြင်မှန်ရလာတာကတော့ တစ်လတည်းနဲ့ အပြီး မဖတ်နိုင်ဘူးဆိုတာပါပဲ။ Library ကငှားထားတဲ့ စာအုပ်ကို အချိန်လည်းကောင်းကောင်း ပေးပြီး မဖတ်နိုင်တာနဲ့ … Continue reading

Posted in Readings, Writings | Leave a comment

TCC မှ Education Loan ယူခြင်း

ပြီးခဲ့တဲ့ post မှာ ကျွန်တော်ကျောင်းတက်တုန်းက အဖြစ်အပျက်လေးတွေကို ရေးထားခဲ့ပြီး၊ ယခု Post မှာတော့ ကျောင်းတက်ဖို့ရာ လိုအပ်တဲ့ ငွေကြေးအထောက်အပံ့ကို TCC ဆိုတဲ့ co-operative မှနေ loan အဖြစ်ယူခြင်းရဲ့ အားသာချက်များ လိုအပ်ချက်များကို ကျောင်းတက်ဖို့ရာ စဉ်းစားနေသူများအတွက် တင်ပြပေးမှာဖြစ်ပါတယ်။

Posted in Writings | Leave a comment

My Degree Study

In this post I am going to take a look back into my venture of a part-time student pursuing my bachelor degree in Business Information Systems and Computer Science. The main reason I am writing this post is not only for me to be able to analyse how I have … Continue reading

Posted in Writings | 4 Comments

What’s Google?:Google ဆိုတာ ဂျိုနဲ့လားဟဲ့

New year လဲရောက်တော့မယ်ဆိုတော့ ပုံမှန်ထက် ပိုထူးတဲ့ တစ်ခုခု အထူးအဆန်း Post လေးတစ်ခု တင်လိုက်ပါတယ်။ Christmas တုန်းက ရေးမယ်ဆိုပြီး မရေးဖြစ်တဲ့ စာလေးတွေ အတွက် အကြွေးဆပ်ရင်းပေါ့ဗျာ။ ဒီတစ်ခေါက် ဂျိုနဲ့လား series ကို အသစ်ဖြည့်လာတာကတော့ Google Search ပေါ့။ Google Search ဆိုရင် ကလေးက အစ ခွေးကသိတယ် ဆိုပေမယ့် သူ့ရဲ့ အစွမ်းကို တော်တော်များများဟာ ကောင်းကောင်း အသုံးမချနိုင်ကြဘူးလေ။ ဒီတော့ တစ်ခါတစ်လေ အလုပ်ရှုပ်နေချိန်မှာ Google နဲ့ ရှာလို့ရနိုင်တဲ့ အရာမျိုး လာအမေးခံရရင် စိတ်တိုရတာမျိုးတွေ ဖြစ်ခဲ့ဖူးတာရှိမယ်၊ ဒါမှမဟုတ် သွားမေးတာကို ဒါလေးတောင် … Continue reading

Posted in Technology | Tagged , , , , , , , , , , | 3 Comments

What’s HTML?:HTML ဆိုတာ ဂျိုနဲ့လားဟဲ့

HTML အကြောင်းပြောပြီဆိုတော့ နည်းနည်းလေး Technical ပိုင်းပိုများမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် HTML အကြောင်းကို introduction လောက်လေးပဲ လုပ်သွားမှာဖြစ်တဲ့ အတွက် ဘာမှတော့ သိပ်အများကြီး မပါသေးပါဘူး။ သာမန် မြန်မာ netizen တစ်ယောက်အနေနဲ့ တစ်နေ့တစ်နေ့ ကြည့်ကြည့်နေတဲ့ web page တွေကို ဘယ်လို ဆောက်ထားလဲ ဆိုတဲ့ အကြောင်းကို ကိုယ်စီးတဲ့ နွား အထီးလား အမလား သိရုံလောက်ပဲ ရေးသွားမှာပါ။ HTML ဆိုတာဘာလဲ? HTML ဆိုတာကို အရှည်ပြောရရင်တော့ Hyper Text Markup Language လို့ပြောရပါလိမ့်မယ်။ ဟိုလူကပြော ဒီလူကပြော ပြောပြောနေကြမယ့် HTML ဆိုတာဟာ … Continue reading

Posted in What is? | Tagged , , , , , , , , | 8 Comments

What’s a Web Browser?:Web Browser ဆိုတာဂျိုနဲ့လားဟဲ့

စိတ်ကူးလေးပေါက်လို့ ရေးချင်စိတ်လေးရှိတုန်း ဂျိုနဲ့လား series အတွက် အသစ်တစ်ခု ထပ်တင်လိုက်ပါတယ်။ ဒီ post မှာတော့ Web Browser တွေ အကြောင်းကို ကွန်ပျူတာ စသုံးတဲ့ user တစ်ယောက် အဆင့်ကနေ၊ ပုံမှန် အိမ်သုံး user တွေ အထိ နားလည်အောင် ရှင်းပြဖို့ကြိုးစားရင်းနဲ့၊ Web Browser တွေ အကြမ်းဖျင်းအားဖြင့် ဘယ်လို အလုပ်လုပ်တယ်၊ ဘာကို သုံးသင့်တယ် ဆိုတာလေးပါ ဆွေးနွေးသွားမှာပါ။ Web Browser ဆိုတဲ့ စကားလုံးကို မသိတဲ့သူ မရှိလောက်ဘူးလို့ ယုံပါတယ်… အကယ်၍ တကယ်မသိဘူး ဆိုရင်တော့ တစ်ယောက်ယောက် သွားမေးပေါ့… သူကပြောပါလိမ့်မယ်… “ဒါလေးတောင် … Continue reading

Posted in What is? | Tagged , , , , , , , , | 12 Comments

What’s Gravatar?:Gravatar ဆိုတာ ဂျိုနဲ့လားဟဲ့

Gravatar ဆိုတာ Globally Recognised Avatar ရဲ့ အတိုကောက်ပါ။ Avatar ဆိုတာကိုတော့ Forum ဖတ်ဖူးတဲ့သူ၊ ယနေ့ခေတ် website တွေ သုံးဖူးတဲ့ သူတိုင်း သိလောက်ပါတယ်။ မသိဘူးဆိုရင် တစ်ယောက်ယောက်မေးကြည့်၊ သူကပြောလိမ့်မယ်၊ “GTalk က display picture လိုမျိုး website တွေပေါ်မှာ တင်တယ်မလား… အဲ့ဒီ့ပုံကို avatar လို့ သူတို့တွေက ခေါ်တယ်” လို့ပြောပါလိမ့်မယ်။ ဒီတော့ Globally Recognised ဖြစ်တဲ့ Avatar သို့ Gravatar ဆိုတာဘာလဲ..? Website တစ်ခုသုံးတိုင်း avatar တစ်ခု upload လုပ်မယ့် အစား၊ myname@gmail.com … Continue reading

Posted in What is? | Tagged , , , | 7 Comments

ငါမုန်းတဲ့… မင်း

မရေးဖြစ် မရေးဖြစ်နဲ့ ဘာရေးလို့ ရေးရမှန်း မသိဖြစ်နေတာ ကြာပြီဗျာ။ သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူဆီသို့ဆိုတဲ့ ကဗျာလေးတစ်ပုဒ်တွေ့ပြီး သူ့ရဲ့ အလိုက်လေးနဲ့ ခေါင်းထဲမှာ ရှိတဲ့ ကျွန်တော့် Theme လေးနဲ့ ပေါင်းရေးကြည့်တာပေါ့။ ပျင်းပျင်းရှိရင် ဖတ်ကြည့်ကြဗျာ။ ငါမုန်းတဲ့… မင်း သန်းခေါင်ယံည မှောင်မိုက်တဲ့ အခန်းကျဉ်းထဲ ဟိုအရင်တစ်ချိန်က မင်းရနံ့တချို့.. မင်းအထိအတွေ့တချို့ ငါပြန်ရမိတယ်… ပူလောင်တဲ့ဒီနွေ ဇောချွေးပြန်အိပ်ရာပေါ်မှာ တစ်ချက်တစ်ချက် လန့်နိုးရတဲ့ အတိတ်… ငါပြန် ဖြစ်ရပြန်တယ်… လိုက်ရှာလဲ ငါမတွေ့ … ဘယ်ချောင်များ မင်းပုန်းလို့ နေသလဲ… တွေ့မိလို့ ရပြီထင်… ဖမ်းလိုက်လည်း ပျောက်ပျောက်သွား.. မင်းအတွက် အိပ်ပျက်တဲ့ ညပေါင်းလည်းများခဲ့ပြီ… လက်နဲ့ဖြစ်လိုက်တိုင်း ရနံ့လှိုင်တဲ့ … Continue reading

Posted in Writings | Tagged , , , | 9 Comments

5 moving Movies that might bring Tears

မနေ့က emo တွေ အကြောင်းပြောရင်းနဲ့ စိတ်ထဲစဉ်းစားမိတာ ငါရောဘယ်နှစ်ခါ emo ဖြစ်ခဲ့ဖူးလဲလို့။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ဒီနေ့ ရုပ်ရှင်တွေ အများကြီး အကြောင်းပြောရင်းနဲ့ ဒီ post လေးရေးဖို့ idea ရလာတယ်ဆိုပါတော့။ emo ဖြစ်တယ်ပဲပြောပြော၊ sissy ပဲပြောပြော သရုပ်ဆောင်တွေ ကောင်းလို့ဖြစ်ဖြစ်၊ ဇာတ်လမ်း ဇာတ်ကွက် ကောင်းလို့ ဖြစ်ဖြစ်၊ မျက်ရည် တစ်ပေါက် နှစ်ပေါက် ကျခဲ့ဖူးတဲ့ ရုပ်ရှင်လေးတွေ တချို့ကို refer လုပ်လိုက်ပါတယ်။ စိတ်ညစ်စရာကြီးလို့တော့ မတွေးလေနဲ့နော်။ ကြည့်ဖူး မြင်ဖူးနေကျ ကိုရီးယားကားတွေလို တေ့လွဲတွေ ဖြစ်လွန်းလို့ ရင်ထဲ တဆစ်ဆစ်နာပြီး ထိုင်မရ ထမရ ဖြစ်ရတာမျိုးတွေ မပါဘူး။ … Continue reading

Posted in Writings | Tagged , , , | 8 Comments

How to be Emo

ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော စလုံးရောက်နေတဲ့ မြန်မာကျောင်းသား population လေးထဲမှာရော တဖြည်းဖြည်းနဲ့ emo လေးတွေ များများလာလိုက်တာ ဟိုလူလည်း emo ဒီလူလည်း emo နဲ့ Popular trend တစ်ခုကိုဖြစ်လို့။ ဒီလို popular trend တစ်ခုထဲ emo တစ်ယောက် အဖြစ်ဝင်ဆံ့နိုင်ဖို့ နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။

Posted in Writings | Tagged , , , , , , , | 22 Comments