ဒီနေ့ ပထမဆုံး ရုံးရောက်ရောက်ခြင်း online တက်လိုက်တယ်ဆိုရင်ပဲ၊ သူငယ်ချင်းနှစ်ယောက်ဆီက ကျွန်တော့်ဆီကို ၀င်လာတဲ့ offline messages နှစ်ခုကို အခုလိုဖတ်လိုက်ရပါတယ်။

Gtalk Bomber Web Version (Beta):

Test from http://gtalkbomber.mail2customer.com

Send any message to all of your friends just by a CLICK.

No need to reply!!! Thanks.

ဖတ်လိုက်တာနဲ့ Spam မှန်းသိသာပါတယ်။ ဒါပေမယ့် လူကလည်း စပ်စပ်စုစုဆိုတော့ ဘယ်လိုများ ရေးထားသလဲလို့ သိချင်လို့ သူပေးထားတဲ့ link ကို တမင်ဝင် ကြည့်လိုက်ပါတယ်။

What makes people submit their user information?

screenshot of Gtalk Boomber

screenshot of Gtalk Boomber

ထင်တဲ့ အတိုင်းပဲ Gmail ရဲ့ Log-in page ပုံစံနဲ့ တူအောင် ရေးထားတဲ့ အပေါ်မှာပြထားတဲ့ interface ကိုတွေ့ရပါတယ်။

အဲ့ဒီ့ message က ပြောတဲ့အတိုင်း ကျွန်တော်သာ အဲ့ဒီ့မှာ Login လုပ်မယ်ဆိုရင် ကျွန်တော့် contact list ထဲက လူတိုင်းကို click တစ်ချက်နှိပ်ရုံနဲ့ message တစ်ခုကို online ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ send လို့ရတယ် တနည်းအားဖြင့် spam လုပ်လို့ရတယ်လို့ ဆိုတော့ လူတွေလဲ စမ်းကြည့်ကြတာပေါ့။ ပြောတဲ့အတိုင်း send လို့ ရတယ် မရတယ်တော့ မသိ ကျွန်တော့်သူငယ်ချင်း လေးငါးယောက် လောက်တော့ ခံလိုက်ရပြီးဖြစ်ပါတယ်။ (ပြောနေစဉ်မှာတင် နောက်ထပ် ၃ယောက်လောက် ထပ်တက်လာပါတယ်။)

What happens when you submit your user information?

MSN messenger မှာတွေ့နေကြအတိုင်းပဲ၊ user တစ်ယောက်ရဲ့ username နဲ့ password ကိုဖြည့်ခိုင်းပြီး အဲ့ဒီ့က ရတဲ့ password နဲ့ သူ့ရဲ့ Friendlist ထဲမှာရှိသမျှ လူအားလုံးကို အဲ့ဒီ့ link ကိုပဲသွားပြီး username, password ဖြည့်ခိုင်းတဲ့အထာမျိုးပါ။ ထုံးစံအတိုင်းတော့ ဒီလို page မျိုးဟာ ကိုယ့်ရဲ့ username နဲ့ password ကို သိမ်းထားလေ့ရှိပြီး နောင်တစ်ချိန်မှာ exploit လုပ်တတ်တဲ့ အကျင့်မျိုးရှိပါတယ်။

Who’s behind it?

ထူးခြားတာကတော့ ဒီ page ကို create လုပ်ထားတဲ့ Mr.IT ခေါ် ITMgMg ရဲ့ site ကိုလည်း link လုပ်ထားတယ် အဲ့ဒီ့ တွေ့ရပါတယ်။ တစ်ခါမှ မကြားဖူးပေမယ့် သူ့မှာတော့ website လေးတစ်ခုနဲ့ post တော်တော်များများ ရေးထားတာကိုလည်း တွေ့ရပါတယ်။ “စင်္ကာပူကို လာမယ်ဆိုရင်”ဆိုတဲ့ သူ့ရဲ့ post တွေကြောင့် Singapore မှာရှိနေတဲ့ “IT” သမား တစ်ယောက်လို့လည်း သိရပါတယ်။

အံမယ့် သူ့ရဲ့ GTalk Bomber (ခေါ်) GTalk Boomber (title မှာတော့ အဲ့လိုရေးထားတာပဲ) အကြောင်းရေးထားတဲ့ postကို သေချာဖတ်ကြည့်တော့ ဘယ်နှဲ့ online မှာတင်မက၊ သူ့ဆီက download ချလို့ရတဲ့ .exe file ကို သုံးပြီးတော့လည်း သူငယ်ချင်းတွေကို spam အဲလေ message send လို့ရတယ်ဆိုသတဲ့။

Should I trust it since it’s created by a Myanmar IT guy?

ကဲ သူပြောတဲ့အတိုင်း တကယ်လုပ် လုပ်လို့ရသည်တိုင်ဦး ဒီလို tool မျိုးဟာ မသမာသူလက်ထဲ ရောက်သွားပါပြီတဲ့.. စာဖတ်သူရဲ့ IM ကို spam လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သုံးတဲ့သူတွေရဲ့ password ကို store လုပ်ထားတဲ့ database ဟာ တစ်ယောက်ယောက်လက်ထဲ ရောက်သွားပါပြီတဲ့…  ရှိသမျှ အကုန်ကုန်မှာနော ကိုယ့်လူတို့။

သူ့ဟာသူ ဘယ်လို secure လုပ်လေတယ်တော့ မသိ၊ သုံးထားတဲ့ server info အရတော့ မြန်မာနိုင်ငံက register လုပ်ထားတဲ့ webhost4life.com ဆိုတဲ့ hosting service ရဲ့ တစ်လကို $19.95 တန် plan။

My Suggestion to Mr.IT

သြော်.. Mr.IT ကြီးရယ် IT သမားဖြစ်ရက်နဲ့များ cyber ethic တွေဘာတွေ မစဉ်းစား ဘယ်နှဲ့ကြောင့်များ ဒီလို spam လုပ်ရတာတုန်း၊ ပြောတော့ “အိုင်တီလောကမှာ ဒါမျိုးလေးတွေ ရှောင်ပေးပါ“ဆိုပြီး သူငယ်ချင်း အချင်းချင်း စကြ နောက်ကြလို့ တို့ကိုကြီး ကြိုက်နေတဲ့သူ အကြောင်းကို သူများ သိသွားတုန်းကတော့ ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ ပြောနေပြီးတော့။

သြော်.. ဒါနဲ့ပြောရဦးမယ်… user တစ်ယောက်ရဲ့ information ကိုအဲ့လိုမျိုး store လုပ်တာ တောင်းခံတာကလေ.. lawyer တွေဘာတွေနဲ့ ဆက်သွယ်ပြီးတော့ Privacy Policy ထည့်ပေးရတယ် သိလား။ မကျေနပ်လို့ တစ်ယောက်ယောက်က Police Report သွားလုပ်လိုက်ရင်ဖြင့် ပြဿနာတွေ တက်ကုန်မှဖြင့်ကွယ်…

Ya, right!

မလုပ်ဘူးတော့ မထင်လေနဲ့နော်… ၂၀၀၆ တုန်းက စင်ကာပူမှာပဲ မြန်မာ ကျောင်းသားလေးတစ်ယောက် key logger သုံးပြီး password တွေခိုးလို့ အဖမ်းခံလိုက်ရသေးတယ်

I submitted my username and password! *panic* What do I do?

ကဲ… အခုစာဖတ်သူရော.. အဲ့ဒါကို မသိလို့ခံလိုက်ရ ပြီးပြီလား? အခုချက်ချင်း မဆိုင်းမတွသာ password ကိုသွားပြောင်းလေရော့… များသောအားဖြင့် အကယ်၍ သူ့ဘက်က password တစ်ခုကိုပဲ သိမ်းထားမယ်ဆိုရင်တော့ ဒီလောက်နဲ့ အဆင်ပြေလောက်ပါတယ်။ တကယ်လို့ ကိုယ့် email ထဲမှာ paypal information တွေ credit card information တွေပါရှိတယ် ဆိုရင်တော့ ဒီတိုင်းထားရမှာ စိတ်မသန့်ရင် password တွေပြောင်းတန်ပြောင်း၊ bank ကို ဆက်သွယ်ပြီး credit card number ပြောင်းတန်ပြောင်းသင့်ပါတယ်။

ကျွန်တော့်အနေနဲ့ အဲ့လောက် အထိဆိုးမယ်လို့တော့ မမျှော်လင့်ပါဘူးလေ…

သူငယ်ချင်းများကိုလည်း အဲ့ဒီ့ဒါဏ်မခံရလေအောင် အောက်က email this post ဆိုတဲ့ link လေးကို click လို့ ဝေမျှလိုက်ပါဦးဗျာ…

Share and Enjoy:
  • Digg
  • Google
  • Facebook
  • del.icio.us
  • TwitThis
  • E-mail this story to a friend!

Related posts