Comments on: GTalk Bomber ရဲ့ spam ဒါဏ် ခံပြီးပြီလား?

By: rolanc
Should we use ?

Contacts > All > Email

Done!

How so poor the guy ? f**king stupid asss.

By: mmhan
“ယခုအခါ မယုံသူများ မသုံးသလို ယုံသူများကလည်း ဆက်လက်သုံးစွဲနေသဖြင့် တစ်ရက်လျှင် သုံးစွဲသူပေါင်း ၁၀၀ ကျော်မှ Mail Transaction ပေါင်း ၁၅၀ ၀န်းကျင် ပေးပို့နေပါကြောင်း။ မြန်မာလူမျိုးမဟုတ်သော နိုင်ငံခြားသားများလည်း ပါဝင်နေပါကြောင်း။”

နိုင်ငံခြားသားတွေကကရော ငတိန်မဟုတ်ဘူးလို့ ဘယ်သူပြောလို့လဲ…?

“ယခု အခါ တကယ့် ဂျီတော့ပ် ဗိုင်းရပ်စ်များ ပေါ်လာသဖြင့် အဆိုပါအကြောင်း သတိပေးစာများ၊ နာရေးအသင်း အလှူအတန်းကိစ္စ အသိပေး ကြော်ငြာများ၊ စင်္ကာပူ ကထိန် ဖိတ်စာများ၊ အများနှင့် မသက်ဆိုင်သော ပုဂ္ဂလိက ကြော်ငြာများကို ကျွန်တော့် GtalkBomber သုံး၍ ဖြန့်ဝေနေကြောင်း သိရသည့်အတွက် လိုအပ်ချက်တစ်ခု ဖြည့်ပေးနိုင်သဖြင့် နောင်တမရ၊ ဂုဏ်ယူမိပါကြောင်း။”

ကဲ ယုံတဲ့သူတွေရေ… Looks like the big brother is watching you, and the stuffs that you send out to your friends.

အင်တာနက်မှာ Spam email တွေကိုတောင်မှ တစ်နှစ်ကို အနည်းဆုံး 10K လောက် အလိမ်ခံနေရတဲ့ သူတွေရှိတာပဲ။ ဒီ program ကို လူ ၁၀၀ ကျော်လောက်သုံးတာ အံ့သြစရာမရှိပါဘူး။

“မိမိ သဘောတူသဖြင့် သူငယ်ချင်းအဖြစ် လက်ခံထားသော ကိုယ်သူငယ်ချင်းထံမှသာ လက်ခံရရှိနိုင်ကြောင်း။ ထိုအပြင် ယခုကဲ့သူ အဆိုပါ ပေးပို့နေသူ သူငယ်ချင်းထံမှ လက်မခံလိုတော့က အဆိုပါ သူငယ်ချင်းကို Block လုပ်ထားနိုင်ပါကြောင်း။ သို့ အတွက် GtalkBomber သည် Spam Program အဖြစ် ITMGMG ၏ ယခုအချိန်အထိ ဦးနှောက်လေးဖြင့် လုံးဝ (လုံးဝ) မတွေးမိပါကြောင်း။”

ဒီ program ကြောင့် ကျွန်တော့် ကျူကျူလေးကို Block လုပ်ရမယ်ပေါ့နော်… လူကြီးတွေ ကျွန်တော့်ကို တစ်ခါတစ်ခါ ချီးကျူးတဲ့ စကား သတိရတယ်ဗျာ… ရွှေဥာဏ်တော် ဘာဖြစ်တယ်ဆိုလဲ မသိပါဘူး…။ မတွေးဖြစ်လို့ ပိုနေတယ်ဆိုလည်း ကျွန်တော့်ပေးစမ်းပါဗျာ… ဥာဏ်မမှီတဲ့ ကျွန်တော် ဦးဏှောက်ကိုလဲပစ်မလို့ အသစ်စက်စက် တစ်လုံး လိုနေလို့…။

By: itmgmg
ဟိုက်ရှားပါး၊

အပေါ်က Mr.IT ဆိုတာ ကျွန်တော် အိုင်တီမောင်မောင် အစစ်မဟုတ်ကြောင်း၊ သို့သော် အိုင်တီမောင်မောင်ဘက်မှ ရှင်းလိုသော ကိစ္စအချို့ကို ငထွား ကြားက ခါးအနာခံ၍ ၀င်ရေးပေးထားသည့်အတွက် ကျေးဇူးတင်ပါကြေင်း။

သို့သော် ကျွန်တော်စိတ် ကျွန်တော် သန့် သည်ဟု ယုံကြည့်သည့်အတွက် မှားသည်ဟု နည်းနည်းမှ မထင်ထားကြောင်း၊

GtalkBomber ၏ အ၀င်စာမျက်နှာတွင် သုံးစွဲသူများ မသုံးစွဲခင် User Name, Password ကို ကျွန်တော်၏ ၀ဘ်ဆာဗာမှ ဖြတ်သမ်းရမည့်အကြောင်း အသိပေးချက် ထည့်ရန်ကျန်သည့် အတွက် ယခုအခါ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထည့်သွင်းပေးထားကြောင်း။

ယခုအခါ မယုံသူများ မသုံးသလို ယုံသူများကလည်း ဆက်လက်သုံးစွဲနေသဖြင့် တစ်ရက်လျှင် သုံးစွဲသူပေါင်း ၁၀၀ ကျော်မှ Mail Transaction ပေါင်း ၁၅၀ ၀န်းကျင် ပေးပို့နေပါကြောင်း။ မြန်မာလူမျိုးမဟုတ်သော နိုင်ငံခြားသားများလည်း ပါဝင်နေပါကြောင်း။

ယခု အခါ တကယ့် ဂျီတော့ပ် ဗိုင်းရပ်စ်များ ပေါ်လာသဖြင့် အဆိုပါအကြောင်း သတိပေးစာများ၊ နာရေးအသင်း အလှူအတန်းကိစ္စ အသိပေး ကြော်ငြာများ၊ စင်္ကာပူ ကထိန် ဖိတ်စာများ၊ အများနှင့် မသက်ဆိုင်သော ပုဂ္ဂလိက ကြော်ငြာများကို ကျွန်တော့် GtalkBomber သုံး၍ ဖြန့်ဝေနေကြောင်း သိရသည့်အတွက် လိုအပ်ချက်တစ်ခု ဖြည့်ပေးနိုင်သဖြင့် နောင်တမရ၊ ဂုဏ်ယူမိပါကြောင်း။

GtalkBomber သည် မိမိ ဂျီတော့ သူငယ်ချင်းများကိုသာ ပေးပို့နိုင်သဖြင့် Group Mail ကဲ့သို့ သိသိ မသိသိ ပို့နိုင်သော Spam မဟုတ်ကြောင်း။

မိမိ သဘောတူသဖြင့် သူငယ်ချင်းအဖြစ် လက်ခံထားသော ကိုယ်သူငယ်ချင်းထံမှသာ လက်ခံရရှိနိုင်ကြောင်း။ ထိုအပြင် ယခုကဲ့သူ အဆိုပါ ပေးပို့နေသူ သူငယ်ချင်းထံမှ လက်မခံလိုတော့က အဆိုပါ သူငယ်ချင်းကို Block လုပ်ထားနိုင်ပါကြောင်း။ သို့ အတွက် GtalkBomber သည် Spam Program အဖြစ် ITMGMG ၏ ယခုအချိန်အထိ ဦးနှောက်လေးဖြင့် လုံးဝ (လုံးဝ) မတွေးမိပါကြောင်း။

ဒုတိယအနေဖြင့် GtalkBomber ကို သုံးစွဲချင်သော်လည်း User Name, Password ကို ပိုမို လုံခြုံမှုရှိစေချင်ပါက

၁- မသုံးစွဲခင် Gmail Password ပြောင်းပြီး သုံးစွဲကာ GtalkBomber ဖြင့် Group Message ပေးပို့ပြီးပါက ပြန်လည်၍ Password ပြောင်းထားနိုင်ပါကြောင်း။ (ယခုကဲ့သို့ မိမိမေးလ်ကို လုံခြုံအောင် password ပြောင်းသုံးခြင်းသည် အခြား ၀ဘ်ဆိုက်နှင့် Software program များအတွက်လည်း အသုံးဝင်ပါကြောင်း)

၂- Static IP ဖြင့် သုံးစွဲနေသော သူများ အနေဖြင့် မိမိ၏ Gmail ကို အခြားသူ ၀င်သုံးမသုံး စစ်လိုပါက Gmail ၏ အောက်ခြေတွင် Last account activity Function ၌ Details ကို နှိပ်၍ အလွယ်တကူ စစ်ဆေးနိုင်ပါကြောင်း။

အားတုန်းလေး ရေးပေးလိုက်ပါတယ်။ သတ္တာဝါအားလုံး ကျန်းမာ/ချမ်းသာကြပါစေ။

အိုင်တီမောင်မောင်

By: mmhan
@Mr.IT – ကျွန်တော့် အနေနဲ့လည်း အစ်ကို့ကိုယ် ထိခိုက်ပါစေဆိုပြီးတော့ ဘာမှ မလုပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် တတိန်တိန်နဲ့ အဲ့လို message တွေ တပ်လာတာကို မခံနိုင်လို့ ပြောရတာပဲလေ.. အစ်ကို့ အနေနဲ့ ဘယ်သူကခိုင်းလို့ လုပ်တာပါ.. ဘယ်ညာက ခိုင်းလို့ လုပ်တာပါဆိုပြီး ကျွန်တော်လည်း မပြောခဲ့ဘူး… သူ့ဟာသူ ပွဲလန့်တုန်း ဖြာခင်းတဲ့သူတွေ ခင်းကြတာပဲ…

အစ်ကို့ အမြင်မှာ အကောင်းဆုံးလို့ ထင်လို့ လုပ်လိုက်တာပဲဆိုပေမယ့်.. အကောင်းဆုံးဆိုတဲ့ Hacker က အစ်ကို့ database ကို အကောင်းဆုံး နည်းပညာတွေ သုံးပြီး hack သွားမှာစိုးလို့ ကျွန်တော်လဲ အကောင်းဆုံးလို့ထင်တဲ့ အကြံကို ကျွန်တော့် blog ဖတ်တဲ့သူတွေကို ပေးတာပါပဲ.. သူတို့ယုံတာ မယုံတာကတော့ သူတို့ကိုယ်တိုင်ပဲ အကောင်းဆုံး ဆုံးဖြတ်ပါလိမ့်မယ်..

By: Mr.IT
ကျွန်တော် က အိုင်တီမောင်မောင် ပါ.. ကျွန်တော် လုပ်ခဲ့တဲ့အလုပ်က ကျွန်တော် ကို ဒီလောက်ထိ စိတ်ဒုက္ခရောက်စေလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျွန်တော် အဲဒါကို ထွင်တယ်ဆိုတာက လည်းစမ်းသပ်ရုံလောက်ပါ.. နောက်ပိုင်း သူများတွေက မြန်မာနိုင်ငံက နအဖ နဲ့ ဆက်သွယ်တယ်ဘာဆိုပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုစ့်တွေ လိုက်ပေးတော့ ကျွန်တော် တော်တော်ကို ၀မ်းနည်းမိပါတယ်။ ကျွန်တော် က အိုင်တီသမားတစ်ယောက်ဖြစ်တဲ့ အတွက် ကျွန်တော် သူများ စကားဝှက်တွေ မခိုးပါဘူး။ သူများရဲ့  ပရိုက်ဘိတ်စီ ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက် ကျွန်တော် က ကြိုးစားလိုက်တာပါ။ ဒါပေမဲ့ ကျွန်တော် အမှားလေးတစ်ခု က ကျွန်တော် ကို အများကြီး အထင်လွှဲ စေလိမ်းမယ်လို့ မထင်ထားမိပါဘူးဗျာ။ ကျွန်တော် အော်တို မတ်စေ့(စ်) တွေပို့ တာက လဲ ကျွန်တော် ရဲ့  ဂျီတော့ ဘုံဘာ ဟာ လူသိများ သွားပြီးတော့ အသုံးပြုမှုအဆင်ပြေအောင်ပို့ လိုက်တာပါ။ မြန်မာနိုင်ငံမှာ က ဂျီတော့ကို ခက်ခက်ခဲခဲဝင်နေရလို့ ပါ။ ကျွန်တော် က မြန်မာလူမျိုး အိုင်တီ သမားတစ်ယောက် ပြီးတော့ ကျွန်တော် က မြန်မာတွေကို လဲချစ်တော့ ကျွန်တော် မြန်မာနိုင်ငံ မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ကောင်းစေချင်လို့ အဲဒီလို လုပ်လိုက်တာပါ။ ကျွန်တော် အမှားအတွက် ကျွန်တော် ပြုလုပ်ထားတဲ့  ဂျီတော့ ဘုံဘာကို အသုံးပြုသူတွေ ကို ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် ဂျီတော့ ဘုံဘာ ကို အသုံးပြု သူများ ရဲ့ ဘယ် စကားဝှက်ကို မှ မခိုးခဲ့ ပါဘူးဆိုတာကို သင်တို့ သိစေချင်ပါတယ်။ ကျွန်တော် ကို ဆက်သွယ်ချင်ရင်တော့ itmgmg@gmail.com or http://www.itmgmg.com မှာ ဆက်သွယ်လို့ ရပါတယ်။

စကားကြွင်း ။            ။ မြန်မာလူမျိုးတွေ တွက် အကောင်းဆုံးဖြစ်အောင်လုပ်တာ အဆိုးဆုံးဖြစ်လာတယ်ဗျာ။

ကျေးဇူးတင်စွာဖြင့်

Mr.IT

ကျေးဇူးတင်စွာဖြင့်

By: mmhan
@မိုး – အန်… ဘယ့်နှဲ့သေသွားရတာတုန်းဗျ

By: မိုး
ကြောက်လို့ မဖွင့်ပဲထားရင်း ခုမှ ၀င်ကြည့်တော့မှ

ကျမသေသွားမှန်း သိလိုက်ရတယ်

By: moon
hi

ko han

thanks par pal .mail ya ya chin password changelite p.

thanks

By: handsome boy
Hack လုပ်နည်းကို သိချင်ပါတယ်!!!!!!!!!!!!!!!!

I really want 2 know??????

By: mmhan
@lulinpyo.neo – ကျွန်တော်လည်း မသိပါဘူးခင်ဗျာ…