Front-end developer ရှာနေတဲ့ လုပ်ငန်းရှင်များ၊ IT manager တွေ အနေနဲ့ မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေ၊ Front-end developer အနေနဲ့ အလုပ်ရှာနေတဲ့ developer တွေ၊ front-end developer တစ်ယောက်အဖြစ် အလုပ်လုပ်နေတဲ့ developer တွေ သိသင့်သိထိုက်တဲ့ topic, tools and techniques တွေကိုစုထားတဲ့ repository တစ်ခုရှိပါတယ်၊ Front-end-Developer-Interview-Questions တဲ့။ HTML5 Boilerplate လုပ်တဲ့ အဖွဲ့ကစထားတာပါ။

တော်တော်ပြည့်စုံတဲ့အပြင် ကျွန်တော်မသိသေးတဲ့ topic တွေ၊ သိသလိုတော့ရှိတဲ့ technique တွေကို industry ထဲမှာ ဘယ်လိုခေါ်ကြတယ်ဆိုတာမျိုးတွေ၊ သိပြီးသား tools တွေ technique တွေကိုလည်း ပြန်ဖတ်ပြီး နွှေးနိုင်တဲ့အတွက် အသုံးဝင်မယ်လို့ထင်တဲ့အတွက် ကျွန်တော် မြန်မာလိုဘာသာပြန်ထားပါတယ်။ ကြည့်လိုက်ပါဦး။ လိုအပ်တာရှိရင် issues လေးတွေဖွင့်ပေးဗျာ။ ကိုယ်တိုင်လည်း Pull Request တွေတင်နိုင်ပါတယ်။

Front-end-Developer-Interview-Questions In Burmese »