
ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးသော၊ မြင်ခဲ့တွေ့ခဲ့ ကြားခဲ့ဖူးသော တက္ကသိုလ်ကျောင်းကြီး၊ ဂျပ်ဆင်ဟောကြီးနှင့် အဓိပတိလမ်းမကြီးတို့တွေ မရှိတော့တဲ့ ကျွန်တော်တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ ဘ၀မှာ သီဟိုဠ်တောကြားက လမ်းမကြီး၊ သွပ်မိုး တစ်ထပ်ဆောင် ကျောင်းခန်းတွေကြားက မြေနီလမ်းကလေးတွေနဲ့၊ ဓနိမိုးထရံကာ canteen လေးတွေသာရှိတဲ့ GTC သန်လျင်ကျောင်းကြီးမှာ semester တစ်ခုစာသာ တက်ခဲ့ရပေမယ့် ကျွန်တော် အင်မတန်မှ သံယောဇဉ်ရှိခဲ့တဲ့ ကျောင်းကြီးလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံပြန်ရောက်တဲ့ တစ်ခေါက် အတွင်းမှာ မဖြစ်ဖြစ်အောင်စီစဉ်ကာ အရောက်သွားလည်ခဲ့ပါတယ်။
မနက်ငါးနာရီခွဲလောက်ထကာ GTC ပထမနှစ်ကျောင်းသူ ကျွန်တော့်ညီမလေးနှင့် ကျောင်းကားပေါ်မှာကပ်လိုက်ကာ ကျောင်းကိုပါသွားတာပေါ့လေ။ ကျွန်တော်တို့ GTC ကျောင်းက တခြားကျောင်းတွေနဲ့ တမူထူးခြားစွာ uniform ၀တ်ရတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။ ရှပ်အဖြူ၊ ပုဆိုး (သို့) လုံချည် နက်ပြာနဲ့ ကျောင်းသား ကျောင်းသူများ အပြိုင်လှနေကြတဲ့ ကျောင်းကြီးပေါ့ဗျာ။ အခုဆို ယခင်ကနဲ့ ပိုပြီး ထူးကာ ရှပ်အင်္ကျီပုခုံးပေါ်မှာ ထောက်ပါ တပ်ရသေးတယ်ဗျ။ (အရာရှိများ ကြယ်တပ်တဲ့ အရာလေးကို ပြောတာပေါ့ ထောက်ဆိုတာက) ဒါပေမယ့် ကျွန်တော် သတိထားမိတဲ့ တစ်ခုကတော့ ကျွန်တော် ကျောင်းတက်ခဲ့တဲ့ ဘ၀တုန်းကလို ကျောင်းသားတို့ရဲ့ မျက်နှာမှာ အသက်မပါပါဘူး။
ဒီလိုနဲ့ ၄၅မိနစ် ၁နာရီစာ ကားစီးလို့ ကျောင်းရှေ့ကိုရောက်ခဲ့ပါပြီ။ ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကိုတွေ့တော့ ၀မ်းသာအားရနှုတ်ဆက်ကြပါတယ်။ ပြီးတော့ ကျွန်တော့ကို စိုးရိမ်တကြီးနဲ့ပြောကြတယ်။
“နင်ဒီပုံနဲ့ ကျောင်းထဲဝင်လို့မရဘူးနော်”တဲ့။
ကျွန်တော်ကလည်းလန့်သွားတာပေါ့။“ဟေ.. ငါ့ပုံကဘာဖြစ်နေလို့လဲဟ”သူကပြောတယ်။
“နင့် အင်္ကျီမှာ ထောက်မပါဘူး။ ပြီးတော့ နင့်နက်ပြာရောင်က ကွန်ပြူတာနက်ပြာရောင်၊ GTC နက်ပြာမဟုတ်ဘူး”တဲ့။
“ဒါဆိုငါ ဘယ်လို ၀င်လို့ရမှာလဲ” လို့မေးတော့။
“နင် မလွယ်ပေါက်က၀င်ရမှာပဲ၊ ဒါပေမယ့် ခြံစည်းရိုးကြားထဲက မ၀င်နဲ့။ လယ်ကွင်းထဲက ပါတ်ဝင်၊ ငါကြားတာ ဟိုနေ့က ကျောင်းသားသုံးယောက် ပုဆိုး အရောင်လွဲလို့ဆိုလား ပြန်လွှတ်လိုက်တာကို ခြံစည်းရိုးကြားက ခိုးဝင်တာ ပါချုပ် ဇာနည်အောင်က စောင့်ဖမ်းပြီး ၆၁နဲ့ဆိုလား ရဲစခန်းပို့လိုက်တယ်ဆိုပဲ။”
“အဲ့ဒါတော့ ဒီကောင်တွေ ညံ့တာပါကွာ.. ငါသာဆို အဲ့လိုပြန်လွှတ်လို့ကတော့ ရေလယ်ကျောက်တန်းဖြစ်ဖြစ် တာဝဖြစ်ဖြစ် လျှောက်သွားပစ်လိုက်မပေါ့။” လို့ကျွန်တော်က အရွှန်းဖောက်လိုက်တော့..
“နင်ကလည်း အရင်နဲ့မတူတော့ဘူးဟဲ့။ အခု roll call အရမ်းခေါ်တယ်ဟာ။ အဲ့ဒီ့အပြင် roll call ခေါ်တာဟာ အမှန်ဆို တစ်နှစ်လုံးမှာ ကျောင်းတက်ရာခိုင်နှုန်းမပြည့်မှ စာမေးပွဲဖြေခွင့်မပေးတာလေ။ အခုက သုံးလလောက်ပဲရှိသေးတယ် roll call မပြည့်လို့ဆိုပြီး အေးအေး (နာမည်စစ် မဟုတ်ပါ) ကို တစ်နှစ်out ပြည့်လိုက်တယ်ဟဲ့။ နင် မှတ်မိတယ်မလား သူ့ကို” ကျွန်တော် မှတ်မိပါတယ်.. ကျွန်တော်တို့ သူငယ်ချင်းအဖွဲ့ထဲက အင်မတန်ခင်ဖို့ကောင်းတဲ့ စာတော်တဲ့ကျောင်းသူလေးတစ်ယောက်ပါ။
ကျွန်တော်စိတ်နည်းနည်းညစ်ပြီး မေးမိပါတယ်။
“အဲ့လောက်တောင်ပဲ ဆိုးသလားဟယ်”
“အေးဟာ.. အရင်တုန်းကလိုလည်း အတန်းတစ်ခုနဲ့ တစ်ခုကြားမှာ break ကမရှိ၊ တစ်ခါတစ်လေလေး အတန်းလစ်ပြီး canteen ထိုင်တာမျိုးလည်းမရဘူး။ canteen က ဆိုင်ပိုင်ရှင်တွေကို ၈နာရီကနေ ၁၁နာရီကြား၊ ၁၂နာရီကနေ ၄နာရီကြား ကို ပေးမရောင်းဘူးဟဲ့”
“အန်.. ဒါဆို ဗိုက်ဆာရင် ဘာသွားလုပ်ရမှာလဲ”
“ဒါကြောင့် ငါတို့နေ့တိုင်း ထမင်းချိုင့်ထည့်နေရတာပေါ့။ အချိန်တစ်ခုပြီးလို့ နောက်ဆရာ မလာခင်မှာ ခိုးစားရတာပဲပေါ့။ ဆရာမရှိရင် မလာရင်လည်း ငါတို့မှာ အတန်းထဲမှာပဲနေရတယ်။ အတန်းတွေနားမှာ ဆရာမတွေက canteen ခိုးသွားမှာစိုးလို့ အလှည့်ကျကင်းစောင့်နေကြတယ်”
ကျွန်တော် ဘာပြောလို့ ဘာပြောရမယ်မှန်းတောင် မသိတော့ပါဘူး။
“အဲ့ဒါကမှ တော်သေးတယ်၊ ငါတို့ မိန်းကလေးတွေကို ဒေါက်ဖိနပ်မ၀တ်ရဘူးတဲ့။ ပြီးတော့ အတွဲတွေကိုလည်း လက်တွဲပြီးသွားနေတာကို ဇာနည်အောင်တွေ့လို့ကတော့ နင်ပိုးစိုးပက်စက် အပြောခံရပြီသာမှတ်တော့”
“ဟင်.. နင့်ဟာကလည်း မူကြိုကြနေတာပဲ”
“အေးဟယ်.. ငါကြားတာကတော့ သူက တပ်ကျောင်းက ထွက်တယ်ဆိုလားပဲ၊ ငါတို့ကို ပညာပြန်ပေးနေတာနေမှာပေါ့၊ ဟိုနေ့ကဆို အတန်းတစ်ခန်းမှာ ကောင်မလေးတစ်ယောက်ကို အင်္ကျီကို ရင်ဘတ်ကနေကိုင်ဆွဲပြီးတော့ အော်နေတာဟဲ့”
“ဘာကြီးလဲဟာ.. ပါမောက္ခချုပ်သာဆိုတယ် အောက်တန်းကျလိုက်တာ”
“ရာထူးကသာ ပါချုပ်ပါဟာ.. အသက်ကငယ်ငယ်လေးရှိသေးတယ်။ အဲ့ဒါကို ဘ၀င်တွေမြင့်ပြီးတော့ ဒီမှာ ၁၀နှစ်လောက်သင်နေတဲ့ ဆရာ ဆရာမတွေကိုလည်း နင်နဲ့ ငါနဲ့ ပြောတာ။ တချို့တွေဆို ထွက်ကုန်ကြပြီ။ ငါတို့တုန်းက Civil ဌာနမှူးဆိုရင် သူ့ဒါဏ်မခံလို့ ထွက်လွှာတင်ပြီး Singapore ထွက်သွားပြီ ဆိုလားပဲ။ နင်တွေ့မိသေးလား..”
“မသိပါဘူးဟယ်.. တွေ့ရင်တော့ တွေ့မိမှာပေါ့ ဒါပေမယ့် ငါလည်း သေချာမမှတ်မိတော့ပါဘူး။”
“အေး.. ပြီးတော့ရှိသေးတယ်.. ဆံပင်ဆိုးတာကို အရမ်းလိုက်ကွိုင်ရှာတယ်ဟာ.. စံစံ(နာမည်စစ်မဟုတ်ပါ)ကို မှတ်မိတယ်မလား.. သူဆို အခုဆံပင်နက်နဲ့ ဖြစ်နေပြီ။ ငါ့ဆံပင်ကို ကြည့်ဟာ ဒါမွေးကတည်းက ဒီအရောင်ပဲ။ အဲ့ဒါကို အနီရောင်နည်းနည်းသန်းတယ်ဆိုပြီး အနက်ဆိုးခိုင်းတယ်။ အရောင်ဆိုးတာက ဘယ်လောက်ခံမှာလဲ ခဏနေတော့ ဆံပင်ပြန်ရှည်လာတော့ ပြန်ပေါ်လာတာပေါ့။ ငါ့မှာခဏခဏကို ပြန်ပြန်ဆိုးနေရတယ်။”
“ကောင်းရော..”
“ဟိုရက်ကလေ.. ဆံပင်မှာ ရွှေစိုက်တာသိတယ်မလား”
“ဟင့်အင်း.. ဘာကြီးလဲ”
“ရွှေရောင်ကြိုးကလေးတွေ ဆံပင်ထဲမှာ ဟိုတစ်ချောင်း ဒီတစ်ချောင်း ထည့်တာမျိုးဟာ.. အဲ့ဒါဟိုနေ့က ကောင်မလေးတစ်ယောက် လုပ်လာတာကို ဇာနည်အောင်တွေ့လည်းတွေ့ရော.. တစ်ချောင်းချင်းစီ သူကိုယ်တိုင် ထိုင်နှုတ်တယ်ဟယ်..”
“ငါ့နှဲ့ ရွာဦးဘုန်းကြီးတောင် အဲ့လောက်မဆိုးဘူးထင်တယ်။ ဒါနဲ့ထားဦး ငါဘယ်လိုလုပ်ပြီး ကျောင်းထဲဝင်ရမလဲ”
“နင် visitor card နဲ့တော့ ၀င်လို့ရမှာပါ။ visitor လို့သာပြောလိုက်ပါ.. ကဲလာ ၀င်ရအောင် တော်ကြာ တံခါးပိတ်သွားလို့ ငါတို့ သုံးယောက်စလုံး အပေါက်ကလှည့်ပြန်နေရဦးမယ်”
ဒီလိုနဲ့ပဲ လုံခြုံရေးဆီမှာ visitor card လေးတောင်းနေတုန်း ပါချုပ် ဇာနည်အောင်က နက်ပြာရောင် အရောင်မှန်ပါရက် ကြောင်ခြစ် pattern လေးနည်းနည်းပါလို့ ကျောင်းသားတစ်ယောက်ကို ပြန်လွှတ်လိုက်တာ တွေ့လိုက်ရပါသေးတယ်။ ပြီးတော့ ကျွန်တော့်ကို ကောင်းကောင်းဧည့်မခံနိုင်တော့တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်ပြီးတော့ ကိုယ့်ဟာကိုသာ ပြန်လာခဲ့ပါတော့တယ်။
အပြန်လမ်းက ကျွန်တော့်အတွေးတွေထဲမှာတော့ မြန်မာနိုင်ငံထဲမှာ ဒုတိယ အတော်ဆုံး ကျောင်းသားတွေလို့ ပြောလို့ရတဲ့ ကျောင်းသားတွေရဲ့ ဘ၀ကိုပေါ့လေ..
ငါ့ပုဆိုးလေး အရောင်နည်းနည်းပြယ်နေလို့ ဒီမနက် လယ်ကွင်းထဲက ပတ်ဝင်ရဦးမှာလားဆိုတဲ့ အတွေးတွေမျိုးနဲ့ သူတို့မနက်တွေ..
ကျောင်းကားခ သောင်းကျော်ပေးပြီး ကျပ်ပိတ်နေတဲ့ ဘတ်စ်ကားသာသာ ကားကြီးပေါ်မှာ ကျောင်းကားစပယ်ယာရဲ့ အညိုအညင်ခံကာ စီးရတဲ့ သူတို့ခရီးတွေ…
တခြားတခြားသော တက္ကသိုလ်ကျောင်းသားတွေနဲ့မတူ အစစ အရာရာ ကြောက်နေရွံ့နေရတဲ့ ကျောင်းတက်ချိန်တွေ..
ဒီလို ဒုက္ခခံ စည်းမျဉ်းကြပ်မတ်ပြီး သင်ခဲ့တာတောင်မှ နိုင်ငံတကာက အသိအမှတ် မပြုချင်တဲ့ B.E ဆိုတဲ့ ဘွဲ့တွေ…
ဒီကြားထဲ ခြေချော်လက်ချော်ဖြစ်လို့ GTI Diploma တစ်ခုရကာ၊ B.Tech နဲ့ပြီးကာ ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိတဲ့ ကျောင်းသားတွေ…
သြော်.. သူတို့တွေ အတွက် ကျောင်းသားဘ၀ အပျော်ဆိုတာ လေးတွေ ဘယ်နားမှာပါလိမ့်ဗျာ…


So sad for them……
that is just sadddd…they don’t know whats it like to be in university anymore =__=
hay , bro,
I used to be in that jungle school. I used to happy for 3 years as a mechanical student.
yes, of course it is very pleasant feeling to walk through ‘thiho’ trees.
Mostly I am really sad to hear all of those things you wrote on your page.
I had to wear that uniform for only one year.
look the thing is we all the high school students finish and come to universities which is assumed as a big garden.
But, now all the things are changed. With too many rules which are unnecessary for the university students. But never can improve the skills of their education standard.
This is impossible that no one allow to go to canteen in the lecture time. how about if some one is too hungry and she or he has gastric problem. Who will take responsibility for that person’s health.?
alot of Bull Shits are happening in my school.
I only have one thing to say,, our government is very afraid of our students, and for that reason they are trying to discriminate all of our students.
This is totally unfair.
Any way, thanks for your post. Now I am feeling so sad for my fellow students.
P.S I am suggesting you to collect the GTC students , and we can be a society on the net.
I am MP student, year 2000 matric exam finished.
thanks..
thar gyi,
min pyaw tha lo so nga to. tone ka nait taung ma tu tot par lar kwar.ngar thar so yin tot ah lo pone san myo nait so sout pyat tha nar tat mhar bai.min to. nga to. kyaung car paw mhar the chin so yin kyaung thwar tar taung tha di ya thay tae kwar.
zarni
Pingback: Year in Review: Best of mmhan.net for 2008 - mmhan's gone comical!