ဒီနေ့ ပထမဆုံး ရုံးရောက်ရောက်ခြင်း online တက်လိုက်တယ်ဆိုရင်ပဲ၊ သူငယ်ချင်းနှစ်ယောက်ဆီက ကျွန်တော့်ဆီကို ၀င်လာတဲ့ offline messages နှစ်ခုကို အခုလိုဖတ်လိုက်ရပါတယ်။
Gtalk Bomber Web Version (Beta):
Test from http://gtalkbomber.mail2customer.com
Send any message to all of your friends just by a CLICK.
No need to reply!!! Thanks.
ဖတ်လိုက်တာနဲ့ Spam မှန်းသိသာပါတယ်။ ဒါပေမယ့် လူကလည်း စပ်စပ်စုစုဆိုတော့ ဘယ်လိုများ ရေးထားသလဲလို့ သိချင်လို့ သူပေးထားတဲ့ link ကို တမင်ဝင် ကြည့်လိုက်ပါတယ်။
What makes people submit their user information?

ထင်တဲ့ အတိုင်းပဲ Gmail ရဲ့ Log-in page ပုံစံနဲ့ တူအောင် ရေးထားတဲ့ အပေါ်မှာပြထားတဲ့ interface ကိုတွေ့ရပါတယ်။
အဲ့ဒီ့ message က ပြောတဲ့အတိုင်း ကျွန်တော်သာ အဲ့ဒီ့မှာ Login လုပ်မယ်ဆိုရင် ကျွန်တော့် contact list ထဲက လူတိုင်းကို click တစ်ချက်နှိပ်ရုံနဲ့ message တစ်ခုကို online ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ send လို့ရတယ် တနည်းအားဖြင့် spam လုပ်လို့ရတယ်လို့ ဆိုတော့ လူတွေလဲ စမ်းကြည့်ကြတာပေါ့။ ပြောတဲ့အတိုင်း send လို့ ရတယ် မရတယ်တော့ မသိ ကျွန်တော့်သူငယ်ချင်း လေးငါးယောက် လောက်တော့ ခံလိုက်ရပြီးဖြစ်ပါတယ်။ (ပြောနေစဉ်မှာတင် နောက်ထပ် ၃ယောက်လောက် ထပ်တက်လာပါတယ်။)
What happens when you submit your user information?
MSN messenger မှာတွေ့နေကြအတိုင်းပဲ၊ user တစ်ယောက်ရဲ့ username နဲ့ password ကိုဖြည့်ခိုင်းပြီး အဲ့ဒီ့က ရတဲ့ password နဲ့ သူ့ရဲ့ Friendlist ထဲမှာရှိသမျှ လူအားလုံးကို အဲ့ဒီ့ link ကိုပဲသွားပြီး username, password ဖြည့်ခိုင်းတဲ့အထာမျိုးပါ။ ထုံးစံအတိုင်းတော့ ဒီလို page မျိုးဟာ ကိုယ့်ရဲ့ username နဲ့ password ကို သိမ်းထားလေ့ရှိပြီး နောင်တစ်ချိန်မှာ exploit လုပ်တတ်တဲ့ အကျင့်မျိုးရှိပါတယ်။
Who’s behind it?
ထူးခြားတာကတော့ ဒီ page ကို create လုပ်ထားတဲ့ Mr.IT ခေါ် ITMgMg ရဲ့ site ကိုလည်း link လုပ်ထားတယ် အဲ့ဒီ့ တွေ့ရပါတယ်။ တစ်ခါမှ မကြားဖူးပေမယ့် သူ့မှာတော့ website လေးတစ်ခုနဲ့ post တော်တော်များများ ရေးထားတာကိုလည်း တွေ့ရပါတယ်။ “စင်္ကာပူကို လာမယ်ဆိုရင်”ဆိုတဲ့ သူ့ရဲ့ post တွေကြောင့် Singapore မှာရှိနေတဲ့ “IT” သမား တစ်ယောက်လို့လည်း သိရပါတယ်။
အံမယ့် သူ့ရဲ့ GTalk Bomber (ခေါ်) GTalk Boomber (title မှာတော့ အဲ့လိုရေးထားတာပဲ) အကြောင်းရေးထားတဲ့ postကို သေချာဖတ်ကြည့်တော့ ဘယ်နှဲ့ online မှာတင်မက၊ သူ့ဆီက download ချလို့ရတဲ့ .exe file ကို သုံးပြီးတော့လည်း သူငယ်ချင်းတွေကို spam အဲလေ message send လို့ရတယ်ဆိုသတဲ့။
Should I trust it since it’s created by a Myanmar IT guy?
ကဲ သူပြောတဲ့အတိုင်း တကယ်လုပ် လုပ်လို့ရသည်တိုင်ဦး ဒီလို tool မျိုးဟာ မသမာသူလက်ထဲ ရောက်သွားပါပြီတဲ့.. စာဖတ်သူရဲ့ IM ကို spam လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သုံးတဲ့သူတွေရဲ့ password ကို store လုပ်ထားတဲ့ database ဟာ တစ်ယောက်ယောက်လက်ထဲ ရောက်သွားပါပြီတဲ့… ရှိသမျှ အကုန်ကုန်မှာနော ကိုယ့်လူတို့။
သူ့ဟာသူ ဘယ်လို secure လုပ်လေတယ်တော့ မသိ၊ သုံးထားတဲ့ server info အရတော့ မြန်မာနိုင်ငံက register လုပ်ထားတဲ့ webhost4life.com ဆိုတဲ့ hosting service ရဲ့ တစ်လကို $19.95 တန် plan။
My Suggestion to Mr.IT
သြော်.. Mr.IT ကြီးရယ် IT သမားဖြစ်ရက်နဲ့များ cyber ethic တွေဘာတွေ မစဉ်းစား ဘယ်နှဲ့ကြောင့်များ ဒီလို spam လုပ်ရတာတုန်း၊ ပြောတော့ “အိုင်တီလောကမှာ ဒါမျိုးလေးတွေ ရှောင်ပေးပါ“ဆိုပြီး သူငယ်ချင်း အချင်းချင်း စကြ နောက်ကြလို့ တို့ကိုကြီး ကြိုက်နေတဲ့သူ အကြောင်းကို သူများ သိသွားတုန်းကတော့ ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ ပြောနေပြီးတော့။
သြော်.. ဒါနဲ့ပြောရဦးမယ်… user တစ်ယောက်ရဲ့ information ကိုအဲ့လိုမျိုး store လုပ်တာ တောင်းခံတာကလေ.. lawyer တွေဘာတွေနဲ့ ဆက်သွယ်ပြီးတော့ Privacy Policy ထည့်ပေးရတယ် သိလား။ မကျေနပ်လို့ တစ်ယောက်ယောက်က Police Report သွားလုပ်လိုက်ရင်ဖြင့် ပြဿနာတွေ တက်ကုန်မှဖြင့်ကွယ်…
Ya, right!
မလုပ်ဘူးတော့ မထင်လေနဲ့နော်… ၂၀၀၆ တုန်းက စင်ကာပူမှာပဲ မြန်မာ ကျောင်းသားလေးတစ်ယောက် key logger သုံးပြီး password တွေခိုးလို့ အဖမ်းခံလိုက်ရသေးတယ်။
I submitted my username and password! *panic* What do I do?
ကဲ… အခုစာဖတ်သူရော.. အဲ့ဒါကို မသိလို့ခံလိုက်ရ ပြီးပြီလား? အခုချက်ချင်း မဆိုင်းမတွသာ password ကိုသွားပြောင်းလေရော့… များသောအားဖြင့် အကယ်၍ သူ့ဘက်က password တစ်ခုကိုပဲ သိမ်းထားမယ်ဆိုရင်တော့ ဒီလောက်နဲ့ အဆင်ပြေလောက်ပါတယ်။ တကယ်လို့ ကိုယ့် email ထဲမှာ paypal information တွေ credit card information တွေပါရှိတယ် ဆိုရင်တော့ ဒီတိုင်းထားရမှာ စိတ်မသန့်ရင် password တွေပြောင်းတန်ပြောင်း၊ bank ကို ဆက်သွယ်ပြီး credit card number ပြောင်းတန်ပြောင်းသင့်ပါတယ်။
ကျွန်တော့်အနေနဲ့ အဲ့လောက် အထိဆိုးမယ်လို့တော့ မမျှော်လင့်ပါဘူးလေ…
သူငယ်ချင်းများကိုလည်း အဲ့ဒီ့ဒါဏ်မခံရလေအောင် အောက်က email this post ဆိုတဲ့ link လေးကို click လို့ ဝေမျှလိုက်ပါဦးဗျာ…


ကြောက်လို့ မဖွင့်ပဲထားရင်း ခုမှ ၀င်ကြည့်တော့မှ
ကျမသေသွားမှန်း သိလိုက်ရတယ်
@မိုး – အန်… ဘယ့်နှဲ့သေသွားရတာတုန်းဗျ
ကျွန်တော် က အိုင်တီမောင်မောင် ပါ.. ကျွန်တော် လုပ်ခဲ့တဲ့အလုပ်က ကျွန်တော် ကို ဒီလောက်ထိ စိတ်ဒုက္ခရောက်စေလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျွန်တော် အဲဒါကို ထွင်တယ်ဆိုတာက လည်းစမ်းသပ်ရုံလောက်ပါ.. နောက်ပိုင်း သူများတွေက မြန်မာနိုင်ငံက နအဖ နဲ့ ဆက်သွယ်တယ်ဘာဆိုပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုစ့်တွေ လိုက်ပေးတော့ ကျွန်တော် တော်တော်ကို ၀မ်းနည်းမိပါတယ်။ ကျွန်တော် က အိုင်တီသမားတစ်ယောက်ဖြစ်တဲ့ အတွက် ကျွန်တော် သူများ စကားဝှက်တွေ မခိုးပါဘူး။ သူများရဲ့  ပရိုက်ဘိတ်စီ ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက် ကျွန်တော် က ကြိုးစားလိုက်တာပါ။ ဒါပေမဲ့ ကျွန်တော် အမှားလေးတစ်ခု က ကျွန်တော် ကို အများကြီး အထင်လွှဲ စေလိမ်းမယ်လို့ မထင်ထားမိပါဘူးဗျာ။ ကျွန်တော် အော်တို မတ်စေ့(စ်) တွေပို့ တာက လဲ ကျွန်တော် ရဲ့  ဂျီတော့ ဘုံဘာ ဟာ လူသိများ သွားပြီးတော့ အသုံးပြုမှုအဆင်ပြေအောင်ပို့ လိုက်တာပါ။ မြန်မာနိုင်ငံမှာ က ဂျီတော့ကို ခက်ခက်ခဲခဲဝင်နေရလို့ ပါ။ ကျွန်တော် က မြန်မာလူမျိုး အိုင်တီ သမားတစ်ယောက် ပြီးတော့ ကျွန်တော် က မြန်မာတွေကို လဲချစ်တော့ ကျွန်တော် မြန်မာနိုင်ငံ မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ကောင်းစေချင်လို့ အဲဒီလို လုပ်လိုက်တာပါ။ ကျွန်တော် အမှားအတွက် ကျွန်တော် ပြုလုပ်ထားတဲ့  ဂျီတော့ ဘုံဘာကို အသုံးပြုသူတွေ ကို ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် ဂျီတော့ ဘုံဘာ ကို အသုံးပြု သူများ ရဲ့ ဘယ် စကားဝှက်ကို မှ မခိုးခဲ့ ပါဘူးဆိုတာကို သင်တို့ သိစေချင်ပါတယ်။ ကျွန်တော် ကို ဆက်သွယ်ချင်ရင်တော့ itmgmg@gmail.com or http://www.itmgmg.com မှာ ဆက်သွယ်လို့ ရပါတယ်။
စကားကြွင်း ။ ။ မြန်မာလူမျိုးတွေ တွက် အကောင်းဆုံးဖြစ်အောင်လုပ်တာ အဆိုးဆုံးဖြစ်လာတယ်ဗျာ။
ကျေးဇူးတင်စွာဖြင့်
Mr.IT
ကျေးဇူးတင်စွာဖြင့်
@Mr.IT – ကျွန်တော့် အနေနဲ့လည်း အစ်ကို့ကိုယ် ထိခိုက်ပါစေဆိုပြီးတော့ ဘာမှ မလုပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် တတိန်တိန်နဲ့ အဲ့လို message တွေ တပ်လာတာကို မခံနိုင်လို့ ပြောရတာပဲလေ.. အစ်ကို့ အနေနဲ့ ဘယ်သူကခိုင်းလို့ လုပ်တာပါ.. ဘယ်ညာက ခိုင်းလို့ လုပ်တာပါဆိုပြီး ကျွန်တော်လည်း မပြောခဲ့ဘူး… သူ့ဟာသူ ပွဲလန့်တုန်း ဖြာခင်းတဲ့သူတွေ ခင်းကြတာပဲ…
အစ်ကို့ အမြင်မှာ အကောင်းဆုံးလို့ ထင်လို့ လုပ်လိုက်တာပဲဆိုပေမယ့်.. အကောင်းဆုံးဆိုတဲ့ Hacker က အစ်ကို့ database ကို အကောင်းဆုံး နည်းပညာတွေ သုံးပြီး hack သွားမှာစိုးလို့ ကျွန်တော်လဲ အကောင်းဆုံးလို့ထင်တဲ့ အကြံကို ကျွန်တော့် blog ဖတ်တဲ့သူတွေကို ပေးတာပါပဲ.. သူတို့ယုံတာ မယုံတာကတော့ သူတို့ကိုယ်တိုင်ပဲ အကောင်းဆုံး ဆုံးဖြတ်ပါလိမ့်မယ်..
ဟိုက်ရှားပါး၊
အပေါ်က Mr.IT ဆိုတာ ကျွန်တော် အိုင်တီမောင်မောင် အစစ်မဟုတ်ကြောင်း၊ သို့သော် အိုင်တီမောင်မောင်ဘက်မှ ရှင်းလိုသော ကိစ္စအချို့ကို ငထွား ကြားက ခါးအနာခံ၍ ၀င်ရေးပေးထားသည့်အတွက် ကျေးဇူးတင်ပါကြေင်း။
သို့သော် ကျွန်တော်စိတ် ကျွန်တော် သန့် သည်ဟု ယုံကြည့်သည့်အတွက် မှားသည်ဟု နည်းနည်းမှ မထင်ထားကြောင်း၊
GtalkBomber ၏ အ၀င်စာမျက်နှာတွင် သုံးစွဲသူများ မသုံးစွဲခင် User Name, Password ကို ကျွန်တော်၏ ၀ဘ်ဆာဗာမှ ဖြတ်သမ်းရမည့်အကြောင်း အသိပေးချက် ထည့်ရန်ကျန်သည့် အတွက် ယခုအခါ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထည့်သွင်းပေးထားကြောင်း။
ယခုအခါ မယုံသူများ မသုံးသလို ယုံသူများကလည်း ဆက်လက်သုံးစွဲနေသဖြင့် တစ်ရက်လျှင် သုံးစွဲသူပေါင်း ၁၀၀ ကျော်မှ Mail Transaction ပေါင်း ၁၅၀ ၀န်းကျင် ပေးပို့နေပါကြောင်း။ မြန်မာလူမျိုးမဟုတ်သော နိုင်ငံခြားသားများလည်း ပါဝင်နေပါကြောင်း။
ယခု အခါ တကယ့် ဂျီတော့ပ် ဗိုင်းရပ်စ်များ ပေါ်လာသဖြင့် အဆိုပါအကြောင်း သတိပေးစာများ၊ နာရေးအသင်း အလှူအတန်းကိစ္စ အသိပေး ကြော်ငြာများ၊ စင်္ကာပူ ကထိန် ဖိတ်စာများ၊ အများနှင့် မသက်ဆိုင်သော ပုဂ္ဂလိက ကြော်ငြာများကို ကျွန်တော့် GtalkBomber သုံး၍ ဖြန့်ဝေနေကြောင်း သိရသည့်အတွက် လိုအပ်ချက်တစ်ခု ဖြည့်ပေးနိုင်သဖြင့် နောင်တမရ၊ ဂုဏ်ယူမိပါကြောင်း။
GtalkBomber သည် မိမိ ဂျီတော့ သူငယ်ချင်းများကိုသာ ပေးပို့နိုင်သဖြင့် Group Mail ကဲ့သို့ သိသိ မသိသိ ပို့နိုင်သော Spam မဟုတ်ကြောင်း။
မိမိ သဘောတူသဖြင့် သူငယ်ချင်းအဖြစ် လက်ခံထားသော ကိုယ်သူငယ်ချင်းထံမှသာ လက်ခံရရှိနိုင်ကြောင်း။ ထိုအပြင် ယခုကဲ့သူ အဆိုပါ ပေးပို့နေသူ သူငယ်ချင်းထံမှ လက်မခံလိုတော့က အဆိုပါ သူငယ်ချင်းကို Block လုပ်ထားနိုင်ပါကြောင်း။ သို့ အတွက် GtalkBomber သည် Spam Program အဖြစ် ITMGMG ၏ ယခုအချိန်အထိ ဦးနှောက်လေးဖြင့် လုံးဝ (လုံးဝ) မတွေးမိပါကြောင်း။
ဒုတိယအနေဖြင့် GtalkBomber ကို သုံးစွဲချင်သော်လည်း User Name, Password ကို ပိုမို လုံခြုံမှုရှိစေချင်ပါက
၁- မသုံးစွဲခင် Gmail Password ပြောင်းပြီး သုံးစွဲကာ GtalkBomber ဖြင့် Group Message ပေးပို့ပြီးပါက ပြန်လည်၍ Password ပြောင်းထားနိုင်ပါကြောင်း။ (ယခုကဲ့သို့ မိမိမေးလ်ကို လုံခြုံအောင် password ပြောင်းသုံးခြင်းသည် အခြား ၀ဘ်ဆိုက်နှင့် Software program များအတွက်လည်း အသုံးဝင်ပါကြောင်း)
၂- Static IP ဖြင့် သုံးစွဲနေသော သူများ အနေဖြင့် မိမိ၏ Gmail ကို အခြားသူ ၀င်သုံးမသုံး စစ်လိုပါက Gmail ၏ အောက်ခြေတွင် Last account activity Function ၌ Details ကို နှိပ်၍ အလွယ်တကူ စစ်ဆေးနိုင်ပါကြောင်း။
အားတုန်းလေး ရေးပေးလိုက်ပါတယ်။ သတ္တာဝါအားလုံး ကျန်းမာ/ချမ်းသာကြပါစေ။
အိုင်တီမောင်မောင်
“ယခုအခါ မယုံသူများ မသုံးသလို ယုံသူများကလည်း ဆက်လက်သုံးစွဲနေသဖြင့် တစ်ရက်လျှင် သုံးစွဲသူပေါင်း ၁၀၀ ကျော်မှ Mail Transaction ပေါင်း ၁၅၀ ၀န်းကျင် ပေးပို့နေပါကြောင်း။ မြန်မာလူမျိုးမဟုတ်သော နိုင်ငံခြားသားများလည်း ပါဝင်နေပါကြောင်း။”
နိုင်ငံခြားသားတွေကကရော ငတိန်မဟုတ်ဘူးလို့ ဘယ်သူပြောလို့လဲ…?
“ယခု အခါ တကယ့် ဂျီတော့ပ် ဗိုင်းရပ်စ်များ ပေါ်လာသဖြင့် အဆိုပါအကြောင်း သတိပေးစာများ၊ နာရေးအသင်း အလှူအတန်းကိစ္စ အသိပေး ကြော်ငြာများ၊ စင်္ကာပူ ကထိန် ဖိတ်စာများ၊ အများနှင့် မသက်ဆိုင်သော ပုဂ္ဂလိက ကြော်ငြာများကို ကျွန်တော့် GtalkBomber သုံး၍ ဖြန့်ဝေနေကြောင်း သိရသည့်အတွက် လိုအပ်ချက်တစ်ခု ဖြည့်ပေးနိုင်သဖြင့် နောင်တမရ၊ ဂုဏ်ယူမိပါကြောင်း။”
ကဲ ယုံတဲ့သူတွေရေ… Looks like the big brother is watching you, and the stuffs that you send out to your friends.
အင်တာနက်မှာ Spam email တွေကိုတောင်မှ တစ်နှစ်ကို အနည်းဆုံး 10K လောက် အလိမ်ခံနေရတဲ့ သူတွေရှိတာပဲ။ ဒီ program ကို လူ ၁၀၀ ကျော်လောက်သုံးတာ အံ့သြစရာမရှိပါဘူး။
“မိမိ သဘောတူသဖြင့် သူငယ်ချင်းအဖြစ် လက်ခံထားသော ကိုယ်သူငယ်ချင်းထံမှသာ လက်ခံရရှိနိုင်ကြောင်း။ ထိုအပြင် ယခုကဲ့သူ အဆိုပါ ပေးပို့နေသူ သူငယ်ချင်းထံမှ လက်မခံလိုတော့က အဆိုပါ သူငယ်ချင်းကို Block လုပ်ထားနိုင်ပါကြောင်း။ သို့ အတွက် GtalkBomber သည် Spam Program အဖြစ် ITMGMG ၏ ယခုအချိန်အထိ ဦးနှောက်လေးဖြင့် လုံးဝ (လုံးဝ) မတွေးမိပါကြောင်း။”
ဒီ program ကြောင့် ကျွန်တော့် ကျူကျူလေးကို Block လုပ်ရမယ်ပေါ့နော်… လူကြီးတွေ ကျွန်တော့်ကို တစ်ခါတစ်ခါ ချီးကျူးတဲ့ စကား သတိရတယ်ဗျာ… ရွှေဥာဏ်တော် ဘာဖြစ်တယ်ဆိုလဲ မသိပါဘူး…။ မတွေးဖြစ်လို့ ပိုနေတယ်ဆိုလည်း ကျွန်တော့်ပေးစမ်းပါဗျာ… ဥာဏ်မမှီတဲ့ ကျွန်တော် ဦးဏှောက်ကိုလဲပစ်မလို့ အသစ်စက်စက် တစ်လုံး လိုနေလို့…။
Should we use ?
Contacts > All > Email
Done!
How so poor the guy ? f**king stupid asss.