GTalk Bomber ရဲ့ spam ဒါဏ် ခံပြီးပြီလား?

ဒီနေ့ ပထမဆုံး ရုံးရောက်ရောက်ခြင်း online တက်လိုက်တယ်ဆိုရင်ပဲ၊ သူငယ်ချင်းနှစ်ယောက်ဆီက ကျွန်တော့်ဆီကို ၀င်လာတဲ့ offline messages နှစ်ခုကို အခုလိုဖတ်လိုက်ရပါတယ်။

Gtalk Bomber Web Version (Beta):

Test from http://gtalkbomber.mail2customer.com

Send any message to all of your friends just by a CLICK.

No need to reply!!! Thanks.

ဖတ်လိုက်တာနဲ့ Spam မှန်းသိသာပါတယ်။ ဒါပေမယ့် လူကလည်း စပ်စပ်စုစုဆိုတော့ ဘယ်လိုများ ရေးထားသလဲလို့ သိချင်လို့ သူပေးထားတဲ့ link ကို တမင်ဝင် ကြည့်လိုက်ပါတယ်။

What makes people submit their user information?

screenshot of Gtalk Boomber
screenshot of Gtalk Boomber

ထင်တဲ့ အတိုင်းပဲ Gmail ရဲ့ Log-in page ပုံစံနဲ့ တူအောင် ရေးထားတဲ့ အပေါ်မှာပြထားတဲ့ interface ကိုတွေ့ရပါတယ်။

အဲ့ဒီ့ message က ပြောတဲ့အတိုင်း ကျွန်တော်သာ အဲ့ဒီ့မှာ Login လုပ်မယ်ဆိုရင် ကျွန်တော့် contact list ထဲက လူတိုင်းကို click တစ်ချက်နှိပ်ရုံနဲ့ message တစ်ခုကို online ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ send လို့ရတယ် တနည်းအားဖြင့် spam လုပ်လို့ရတယ်လို့ ဆိုတော့ လူတွေလဲ စမ်းကြည့်ကြတာပေါ့။ ပြောတဲ့အတိုင်း send လို့ ရတယ် မရတယ်တော့ မသိ ကျွန်တော့်သူငယ်ချင်း လေးငါးယောက် လောက်တော့ ခံလိုက်ရပြီးဖြစ်ပါတယ်။ (ပြောနေစဉ်မှာတင် နောက်ထပ် ၃ယောက်လောက် ထပ်တက်လာပါတယ်။)

What happens when you submit your user information?

MSN messenger မှာတွေ့နေကြအတိုင်းပဲ၊ user တစ်ယောက်ရဲ့ username နဲ့ password ကိုဖြည့်ခိုင်းပြီး အဲ့ဒီ့က ရတဲ့ password နဲ့ သူ့ရဲ့ Friendlist ထဲမှာရှိသမျှ လူအားလုံးကို အဲ့ဒီ့ link ကိုပဲသွားပြီး username, password ဖြည့်ခိုင်းတဲ့အထာမျိုးပါ။ ထုံးစံအတိုင်းတော့ ဒီလို page မျိုးဟာ ကိုယ့်ရဲ့ username နဲ့ password ကို သိမ်းထားလေ့ရှိပြီး နောင်တစ်ချိန်မှာ exploit လုပ်တတ်တဲ့ အကျင့်မျိုးရှိပါတယ်။

Who’s behind it?

ထူးခြားတာကတော့ ဒီ page ကို create လုပ်ထားတဲ့ Mr.IT ခေါ် ITMgMg ရဲ့ site ကိုလည်း link လုပ်ထားတယ် အဲ့ဒီ့ တွေ့ရပါတယ်။ တစ်ခါမှ မကြားဖူးပေမယ့် သူ့မှာတော့ website လေးတစ်ခုနဲ့ post တော်တော်များများ ရေးထားတာကိုလည်း တွေ့ရပါတယ်။ “စင်္ကာပူကို လာမယ်ဆိုရင်”ဆိုတဲ့ သူ့ရဲ့ post တွေကြောင့် Singapore မှာရှိနေတဲ့ “IT” သမား တစ်ယောက်လို့လည်း သိရပါတယ်။

အံမယ့် သူ့ရဲ့ GTalk Bomber (ခေါ်) GTalk Boomber (title မှာတော့ အဲ့လိုရေးထားတာပဲ) အကြောင်းရေးထားတဲ့ postကို သေချာဖတ်ကြည့်တော့ ဘယ်နှဲ့ online မှာတင်မက၊ သူ့ဆီက download ချလို့ရတဲ့ .exe file ကို သုံးပြီးတော့လည်း သူငယ်ချင်းတွေကို spam အဲလေ message send လို့ရတယ်ဆိုသတဲ့။

Should I trust it since it’s created by a Myanmar IT guy?

ကဲ သူပြောတဲ့အတိုင်း တကယ်လုပ် လုပ်လို့ရသည်တိုင်ဦး ဒီလို tool မျိုးဟာ မသမာသူလက်ထဲ ရောက်သွားပါပြီတဲ့.. စာဖတ်သူရဲ့ IM ကို spam လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သုံးတဲ့သူတွေရဲ့ password ကို store လုပ်ထားတဲ့ database ဟာ တစ်ယောက်ယောက်လက်ထဲ ရောက်သွားပါပြီတဲ့…  ရှိသမျှ အကုန်ကုန်မှာနော ကိုယ့်လူတို့။

သူ့ဟာသူ ဘယ်လို secure လုပ်လေတယ်တော့ မသိ၊ သုံးထားတဲ့ server info အရတော့ မြန်မာနိုင်ငံက register လုပ်ထားတဲ့ webhost4life.com ဆိုတဲ့ hosting service ရဲ့ တစ်လကို $19.95 တန် plan။

My Suggestion to Mr.IT

သြော်.. Mr.IT ကြီးရယ် IT သမားဖြစ်ရက်နဲ့များ cyber ethic တွေဘာတွေ မစဉ်းစား ဘယ်နှဲ့ကြောင့်များ ဒီလို spam လုပ်ရတာတုန်း၊ ပြောတော့ “အိုင်တီလောကမှာ ဒါမျိုးလေးတွေ ရှောင်ပေးပါ“ဆိုပြီး သူငယ်ချင်း အချင်းချင်း စကြ နောက်ကြလို့ တို့ကိုကြီး ကြိုက်နေတဲ့သူ အကြောင်းကို သူများ သိသွားတုန်းကတော့ ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ ပြောနေပြီးတော့။

သြော်.. ဒါနဲ့ပြောရဦးမယ်… user တစ်ယောက်ရဲ့ information ကိုအဲ့လိုမျိုး store လုပ်တာ တောင်းခံတာကလေ.. lawyer တွေဘာတွေနဲ့ ဆက်သွယ်ပြီးတော့ Privacy Policy ထည့်ပေးရတယ် သိလား။ မကျေနပ်လို့ တစ်ယောက်ယောက်က Police Report သွားလုပ်လိုက်ရင်ဖြင့် ပြဿနာတွေ တက်ကုန်မှဖြင့်ကွယ်…

Ya, right!

မလုပ်ဘူးတော့ မထင်လေနဲ့နော်… ၂၀၀၆ တုန်းက စင်ကာပူမှာပဲ မြန်မာ ကျောင်းသားလေးတစ်ယောက် key logger သုံးပြီး password တွေခိုးလို့ အဖမ်းခံလိုက်ရသေးတယ်

I submitted my username and password! *panic* What do I do?

ကဲ… အခုစာဖတ်သူရော.. အဲ့ဒါကို မသိလို့ခံလိုက်ရ ပြီးပြီလား? အခုချက်ချင်း မဆိုင်းမတွသာ password ကိုသွားပြောင်းလေရော့… များသောအားဖြင့် အကယ်၍ သူ့ဘက်က password တစ်ခုကိုပဲ သိမ်းထားမယ်ဆိုရင်တော့ ဒီလောက်နဲ့ အဆင်ပြေလောက်ပါတယ်။ တကယ်လို့ ကိုယ့် email ထဲမှာ paypal information တွေ credit card information တွေပါရှိတယ် ဆိုရင်တော့ ဒီတိုင်းထားရမှာ စိတ်မသန့်ရင် password တွေပြောင်းတန်ပြောင်း၊ bank ကို ဆက်သွယ်ပြီး credit card number ပြောင်းတန်ပြောင်းသင့်ပါတယ်။

ကျွန်တော့်အနေနဲ့ အဲ့လောက် အထိဆိုးမယ်လို့တော့ မမျှော်လင့်ပါဘူးလေ…

သူငယ်ချင်းများကိုလည်း အဲ့ဒီ့ဒါဏ်မခံရလေအောင် အောက်က email this post ဆိုတဲ့ link လေးကို click လို့ ဝေမျှလိုက်ပါဦးဗျာ…

About Mike Han

I am a versatile web technology evangelist. Currently, I code by day: at my full-time employment and I learn by night. By day, I meddle with PHP, Javascript, iOS Development, C++ and C# and by night, I play around with C, Python, ROR, AWS or anything worth exploring. I also take a healthy dose of wire-framing, doing system/business analysis, training or designing from time to time.
This entry was posted in Thoughts and tagged , , , , , , . Bookmark the permalink.

57 Responses to GTalk Bomber ရဲ့ spam ဒါဏ် ခံပြီးပြီလား?

  1. kozeyar says:

    Great job bro,

    မြန်မာ IT သမားတွေထဲမှာ အဲလောက်ပိန်းတဲ့ကောင်ရှိသလားကွယ် …
    မသိတာလား .. မသိချင်ယောင်ဆာင်ပီးများ လုပ်ရက်လေသလား …
    IT မောင်မောင် ရယ် .. အမျှအမျှအမျှ

  2. အိုး…ဒီလိုလား။ အရင် gtalk boomber ကို သူ့ဆိုက်ထဲမှာ တွေ့ရကတည်းက ဒေါင်းလုပ်ချထားပါတယ်။ သူ testing လုပ်နေတဲ့အချိန်တုန်းကပါ။ သူငယ်ချင်းတွေကိုလည်း မေးလ်လေးဘာလေးပို့ဖူးသေးတယ်။ ဒါပေမဲ့ အခု page တော့မဟုတ်ဘူး။ ဒီနေ့ ရှင် အရင်ဆုံး သတိလှမ်းပေးတာနဲ့ပဲ အဲဆိုက်ကို ဝင်ကိုမဝင်တာ။ တွေ့ပါတယ် ၊ သူငယ်ချင်း ၄ ၅ ယောက်လောက်ဆီက စာတွေ။ သူတို့ဝင်ထားပြီးသွားပြီလေ။ အကျိုးဆက်ကို စောင့်ကြည့်ကြတာပေါ့။ အဲ..ဒါနဲ့ ဟိုးအရင်တုန်းကဟာကရော အန္တရာယ်ရှိနိုင်တာပဲလား…???

  3. mmhan says:

    @မစ်(စ်)သွန်းသွန်း – သူ့အနေနဲ့တော့ အန္တရာယ် မပေးလောက်ဘူးလို့ မျှော်လင့်ရတာပဲ… ဒါပေမယ့် စဉ်းစားကြည့်ပေါ့ဗျာ၊ ကိုယ့် password တွေကို credible မရှိတဲ့ သူကိုပေးရမှာတော့ အကြောက်သားဗျ။ ဖြစ်နိုင်ရင်တော့ password ပြောင်းထားလိုက်ပြီး.. download လုပ်ထားတာလေးပါ ဖြုတ်ထားလိုက်သင့်တယ် ထင်ပါတယ်။

    အထူးသဖြင့် ပေးပေးလိုက်ချင်းမှာပဲ advantage ယူပြီး ရှိသမျှ လူတိုင်းကို လိုက် spam တယ်ဆိုတော့က…. -_-?

  4. သဉ္ဖာ says:

    အစ်မလည်း ဒီနေ့မနက် gtalk ဖွင့်လိုက်တာနဲ့ သူငယ်ချင်းတွေဆီက အဲဒီ msg ရောက်နေတယ်။ သွားကြည့်ကြည့်တော့ ဘာလဲမသိဘူးဆိုပြီး အဲဒီအတိုင်း ပြန်ပိတ်လိုက်တာ။ အခု ရေးထားတာ ဖတ်မိမှ spam ဆိုတာ စဉ်းစားမိတော့တယ်။ ခံရတဲ့သူတော့ မနည်းတော့ဘူးထင်တယ်။ နောက်လူတွေ မခံရအောင် ဒီပို့စ်ကို သူငယ်ချင်းတွေဆီကို အီးမေးလ်ပို့လိုက်ပြီ။

  5. Guest says:

    Yes, looks like a phishing site to me too. Thanks for bringing this to our attention!

    To look even more legitimate, he linked to alpha mandalay site and others, too.

  6. Look like phishing. Somebody or Google should screw his ass.

  7. leonet says:

    hote pa kwar… kalay lo lote nay tal…. d kg ka…
    ma thi tat luu twe khin ya lote p…

  8. phoecxan says:

    ကျွန်တော်လည်းစဉ်းစားမိတယ်ဒါပေမယ့် လုပ်လိုက်မိတယ်၊ခုတော့ သေပီဆရာဖြစ်နေပြီ။
    I think မြန်မာအချင်းချင်းမလုပ်လောက်ဘူးထင်ပါတယ်။ဘာပဲပြောပြော ကျေဇူးတင်တယ်ဗျာ။

  9. mmhan says:

    @MyoKyawHtun I’ve already reported that site as a phishing site. :)

  10. siaper says:

    သူဟာသူ hack လုပ်တာမလုပ်တာ အသာထား
    ရှိသမျှလူတွေကို တစ်ခါတည်း ပို့လို့ရတယ်ဆိုတော့
    တစ်ခုခု ကြော်ငြာချင်တိုင်း အဲဒါကြီးနဲ့လွယ်လွယ်ကူကူ ပို့လို့ရနေရင် ..
    ကျွန်တော်တို့ Gtalk ကတော့ Spam message တွေလိုက်ပိတ်ရတာနဲ့တင်
    ကိုယ့်ကိစ္စကိုယ်လုပ်ရမှာ ကိုမဟုတ်တော့ဘူး … . ဒန် တန် တန်

  11. ကိုမာန်ရေ
    မနေ့ညက ဂျီဖွင့်လိုက်တော့ သူငယ်ချင်းတစ်ယောက်ဆီကနေ offline နဲ့ တက်လာတယ်။ လူမရှိဘဲတက်တာလည်းဖြစ် ဟိုဖက်ကလည်း ဘာဆိုတာ မရေးသွားတာနဲ့ မသင်္ကာလို့ ပိတ်လိုက်တယ်။ ကံကောင်းသွားတာပေါ့။ ခုတော့ ကိုမာန်ပြောလို့ သိရပြီ။ ကျေးဇူးပါဗျာ။

    မေတ္တာဖြင့်

  12. mmhan says:

    @siaper ROFL, ဒန်တန်တန်က ဘာလုပ်တာလဲဟင်

    @တောင်ငူသား ကျွန်တော့်နာမည်က မြတ်မင်းဟန်ပါဗျာ… မာန်မဟုတ်ရပါဘူး.. ကောင်မလေးတွေ မာနကြီးတယ်ထင်သွားရင်တော့ တောင်ငူသား အပြစ်ပဲနော်.

    ဧရာဖြင့်… :D (နောက်တာနော်… စိတ်မဆိုးကြေး)

  13. စိုးထက် - Soe Htet ! says:

    :)

  14. Nick says:

    Well, I knew immediately that was a fake though it looks like google page. I didn’t sign up nor log in. I guess my friends were spammed I guess. GHOSH! The IT world is no longer safe.

  15. Thant Zin Oo says:

    Why don’t we just report this to Google? =)

    Can we call this phishing? o.O

    TZ

  16. Thant Zin Oo says:

    Oops.. sorry. Just noticed that you’ve already reported it. But, to where? Google?

  17. mmhan says:

    @ThantZinOo – Yep, I did report it to Google.

    Using Firefox’s, Help > Report Web Forgery…

    I think everyone should do the same too.

  18. Dream says:

    တော်သေးတာပေါ့…အွန်လိုင်းမှာဂျီတော့ကိုဖွင့်လိုက်တုန်းကoffline line msgတွေရတယ်
    တယောက်ပြီးတယောက်ဆီကနေ၀င်ဝင်လာတော့နောက်ဆုံးမထူးဘူး..ဘာလေးလဲ
    ဆိုပြီးဖွင့်ကြည့်လိုက်တာ..သူကpassword နဲ့ user နဲ့တောင်းနေတာနဲ့လော့ဂ်အင်
    မလုပ်ဘဲပြန်ပိတ်လိုက်တယ်။ကိုယ်ကလည်းအဲဒီအချိန်မှာအလုပ်ထဲမှာအလုပ်နဲနဲများနေ
    တာဆိုတော့အလုပ်များနေတာကိုပဲကျေးဇူးတင်ရမလိုဖြစ်နေပြီ။မဟုတ်ရင်အကောင့်
    ဖွင့်မိမလားတော့မပြောတတ်ဘူးနော့်…။ကျေးဇူးပဲဗျို..ဒီလိုရှင်းပြပေးဒါကိုနော်..

  19. waiyan says:

    မောင်မောင်ဟန်ရေ… အဲ မှားလို့ … မြတ်မင်းဟန်ရေ…
    အဲဒီလို စိတ်ကူးမျိုး မောင်မင်းမှာတောင်ရှိလို့လားကွယ့် … :P

    အစုလိုက် အပြုံလိုက် မတ်စိပို့ရအောင် ဘာအကြောင်းပို့စရာရှိလို့လဲ…
    ပို့ချင်လဲ မေးလ်နဲ့ပို့လို့ရတာပဲလေ … နော
    spam mail တွေများလို့ စိတ်ညစ်ရတဲ့ထဲ အော်… ဒွတ်ခ…
    gtalk ဖွင့်လိုက်တိုင်း တတုံတုံနဲ့ မတ်စိတွေတက်လာမှဖြင့် အော်… ဒွတ်ခ

    မှတ်ချက်။ ။ လူကိုတိုက်ခိုက်လိုစိတ်လုံးဝ မရှိကြောင်း အာမခံပါတယ်။ idea ကိုသာဝေဖန်ကြည့်တာပါ။ အဲဒီ ပရိုဂရမ်ရေးတဲ့လူလဲ သူ့စိတ်ကူးလေးနဲ့ သူပေါ့။ ဒါပေမယ့် နောက်ဆက်တွဲတွေ စဉ်းစားကြည့်စေချင်တာပါ။

  20. MrDBA says:

    ဟုတ်တယ် ကျွန်တော်လဲ Home Page ကြည့်လိုက်တော့ မြန်မာ အိုင်တီ ကုပ္မဏီ လိုဂိုတွေနဲ့ဆိုတော့ ဒါဟာ ကိုယ့်ဘာသာ ပြန်လုပ်ထားမှန်းသိသာတာနဲ့ ၀င်ကို မ၀င်တော့ဘူး။

    ကျွန်တော့်ရဲ့ ငွေကြေးလည်ပါတ်မှုတွေက ကမ္ဘာ အရပ်ရပ်က ဘဏ်တွေနဲ့ ဆက်သွယ်နေရတာ ဒီအီးမေးဘဲဆိုတော့ သတိထားနေရတယ်ဗျာ …. တိန်! :P

  21. mmhan says:

    @MrDBA – ဘယ်လိုမျိုးတွေ လည်ပတ်နေတာလဲဗျာ… ဟို Nigeria နိုင်ငံက အဖေသေသွားလို့ ကျန်ခဲ့တဲ့ ပိုက်ဆံတွေ လှမ်းလွှဲပေး ယူပေး လုပ်နေရတာမျိုးလား :P

  22. လူဇိုးကြီး says:

    ငါလဲဘာမှန်းညာမှန်းမသိလို့အဲဒါကိုsign in လုပ်ပြီးပို့ကြည့်လိုက်သေးတယ်
    တော်သေးတာပေါ့ဗျာ။ အိုင့်ဆီမှာcredit card တွေဘာတွေမရှိလို့ ဟဲဟဲ
    ကျေးဇူးတင်ပါတယ်အခုလိုရှင်းပြထားတဲ့အတွက် သိုင်းကျူး

  23. ဒီလို Site မျိုးကိုထွင်တဲ့ဒီလိုချီးထုပ်ကောင်လဲရှိသေးတယ်တဲ့လာကွာ……

    //comment is edited by admin, as he don't want his readers cursing at each other or anyone else.

  24. siaper says:

    ဒန် တန် တန် က ပို့ သရုပ်ဖော်လေ ..
    တေးသရုပ်ဖော်တို့ဘာတို့ ကြားဖူးတယ် မဟုတ်လား
    အဲလိုမျိုးပေါ့ .. ဒီလောက်ရှင်းပြရင် ရပီထင်တာပဲ . ..
    ဟဲ ဟဲ .. နောက်မသိတာရှိလည်းမေးနော် .. :P :P :D

    ..

  25. Espresso says:

    This spammer is created by Ko ●●● ●●● @ IT Mg Mg. Previously, he wrote IT articles in Myanmar Times. Also worked in MICT (Mandalay). Very familiar with Daw ●●● ●●● ●●●●● (AAT Computer Centre), Ko ●●● ●●●● ●●● (Alpha Computer). Currently working in Singapore as Software Developer.
    Ph number is: (+65) ●●●●5900… Cheers!!! ၀ိုင်းပြီး မေတ္တာ ပို့လိုက ပို့နိုင်ပါတယ်…

    //This comment has been edited by mmhan to prevent certain individuals' privacy. After all, we do and should respect others' privacy even if they don't. Right?

  26. eimyatmon says:

    eek!!
    :(
    tay b sayar bal
    ငအ so dot sign lote lite mi dal
    hint!!!!!
    :(

  27. Yoe Yar says:

    Yeah…
    :D
    I got this mesg 78 times yesterday..
    :D
    The better way is not giving password to any side…

    regards,

  28. Sabuto says:

    kyay zuu pal thar gyi yay….
    ngar ka tot dar myo tway yoo nay p so tot click ma load lite bu ….:)
    aye d kg mail thi yin pwal san par kor… d lout lat yar nay tat kg ko hlan pee pyin nyar pyan par chin lo.

  29. ဘာတွေပဲ invite လုပ်လုပ် Friendster ဆိုဒ်တစ်ခုကလွဲ ကျန်တာတွေ ဘယ်တော့မှ account မဖွင့်တတ် ၊ မကြည့်တတ်တဲ့ အကျင့်ရှိလို့ ဒီကိစ္စမှာ မခံလိုက်ရလို့ တော်ပါသေးရဲ့လို့ တွေးမိတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းတက်ရင် တတောင်တောင်နဲ့ အဲဒီမက်ဆေ့ခ်ျတွေ တက်လာတာ မျက်လုံးတောင်နောက်မိခဲ့သေးတယ်။ ဂျီမေးလ်ထဲမှာလည်း ပြည့်နေတာနဲ့ အကုန်လုံးကို ဖျက်ခဲ့ရပြီး စိတ်တော်တော်ရှု့ပ်ခဲ့မိသေးတယ်။ အခုလို အကျိုးအကြောင်းကို ရှင်းပြဖော်ထုတ်ပေးတာ ကျေးဇူးးးးးးးးးး :)

  30. တူးတူး says:

    အင်းကျေးဇူးတင်ပါတယ် ကိုဟန် ရေ.. တူးတူးကတော့ ဟတ်(ခ)ကာတွေကိုကြောက်တော့ ဒီလို messages တွေအများကြီးတွေ့တော့ သံသယ ၀င်ပြီး မဖွင့်ပဲထားသေးတယ်..နောက်တော့ တော်တော်များများရောက်လာတော့မနေနိုင်ပဲဖွင့်ကြည့်မိတယ်လေ.. log in ဘာညာလုပ်ရမယ်ဆိုလို့မလုပ်ပဲထားလိုက်တာ ကံကောင်းသွားတယ်ဆိုရမှာပဲ… ပိုပြီးကံကောင်းတာက သူငယ်ချင်းတွေဆီကို ထပ်ပို့ဖြစ်တာပဲ.. ဟဲဟဲ.. ဒီဟာကိုတော့ သူငယ်ချင်းတွေကို ပို့လိုက်ဦးမယ်နော်.. :)

  31. child of IT says:

    I’ve got that message from Ko ThuRein , but i want to test …. i tested with an account it’s just my testing account .. :P … cause i don’t trust anyone from cyberspace! :D

  32. luzoe says:

    ကိုSabuto အဲဒီဘဲကြီးမေးလ်က ••••••@GMAIL.com ဖြဲသာဖြဲပြစ်

    //This comment has been edited by mmhan in respect of privacy of certain individual.

  33. generalpio says:

    ITMgMg? Is he a Myanmar IT man? If so, we should teach him a lesson for what hs has done.

  34. mmhan says:

    Warning : @luzoe I’ve deleted two of your comments. Please be considerate and civilized enough to respect others’ privacy even though he isn’t.

  35. nlhtet says:

    hello bro mmhan, i want to know about of ur privacy protect comment…, .can u share me ur script /code or where can i get like this.
    please forward me.
    thank.

  36. mmhan says:

    @nlhtet I don’t use a script for that. I had to edit them manually. :) I’m not sure if there is a plugin for that.

  37. koko says:

    wow..thanz par byar
    kya naw ka IT ta mar chin chin koe. myanmar lu myo so tot chee taung kyu mi nay tal.. but nout mha sin sar mi tal privacy a twat bar mha ma shi wuu so tar.malote lout buu loe. bae myaw link ya mar pot byar..

    thanz for info par ..

  38. Minnyoonthit says:

    ဟုတ်တယ် အကိုရေ ကျွန်တော်လဲ ခံလိုက်ရပြီးပြီ ပြီးတော့ဘာမှလဲ မဟုတ်ဘူး ဆိုးတာက ရှိသမျှ ကျနော့် အကောင့်ထဲက သယ်ရင်းတွေ အကုန်လုံး တယောက်တပေါက်လာမေးလိုက်ကြတာ လက်တောင် မလည်ဘူး။ ကျွန်တော်လဲ မလုပ်ခင် သူ့ဝက်ဆိုက်ကို ခဏကြည့်လိုက်သေးတယ်။ ပြီးတော့ ခံလိုက်ရတာပဲ။ password တွေ အကိုပြောမှ ပြောင်းလိုက်ပီဗျို့ မဟုတ်ရင် ကျနော့်အီးမေးလ်အကောင့်နဲ့ ရေးထားတဲ့ ရှိစုမဲ့ဘလော့လေး ပါသွားမှ ဒွတ်ခ။

  39. pyae phyo says:

    တော်သေးတာပေါ့ မေးလ်တော့ရောက်လာတယ် user name နဲ့ pass ဖြည့်ရမယ်ဆိုတော့ မဖြည့်ရဲလို့ ဒီအတိုင်းထားလိုက်တာမှန်သွားတယ်။ ဘာပဲပြောပြော မဖြစ်သင့်ဘူးဗျာ။ pass တွေ သူ့ data base ထဲ ဘယ်လောက်တောင် ၀င်သွားပြီလဲမသိဘူး။

  40. Pingback: Pranks to make on Windows | My Burmese Blog

  41. zawmyowin says:

    hi , how are you ?
    min toe ar lone lae pyaw chin tae .

  42. zawmyowin says:

    min toe nae skar pyaw chin tae ?

  43. mmhan says:

    @zawmyowin အန်… ပြောလေ..

  44. မောင်မောင်ဟန် …. ငါမင်းကို စကားပြောချင်တယ်?
    :P

  45. mmhan says:

    @ကိုဇေယျာ
    ဆိုစေကွယ့်…

  46. lulinpyo.neo says:

    Hack လုပ်နည်းကို သိချင်ပါတယ်

  47. mmhan says:

    @lulinpyo.neo – ကျွန်တော်လည်း မသိပါဘူးခင်ဗျာ…

  48. handsome boy says:

    Hack လုပ်နည်းကို သိချင်ပါတယ်!!!!!!!!!!!!!!!!
    I really want 2 know??????

  49. moon says:

    hi
    ko han
    thanks par pal .mail ya ya chin password changelite p.
    thanks

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>