Tagboard များနှင့် ကျွန်တော် မြန်မာ Blogger

ကျွန်တော်များ Blog စရေးဖြစ်တုန်းကပေါ့လေ.. Internet နဲ့ပါတ်သက်တဲ့ knowledge လည်း သိပ်မရှိသလို blog ဆိုတာ ဂျိုနဲ့လားဆိုသလိုကို ဖြစ်နေတာပေါ့လေ။ ဒီတော့ နီးရာ စလုံး သူငယ်ချင်းတွေရဲ့ blog ကိုယ်သွားကြည့် သူတို့တွေဘာလုပ်လဲ အတုယူခဲ့ရတာပေါ့။ အဲ့ဒီ့မှာ ဘာကိုသွားတွေ့သလဲဆိုတော့ Tag Board။ အင်မတန်မိုက်တယ်ဗျာ။ ဟိုလူက ရေးသွားလိုက် ဒီလူက ရေးသွားလိုက်နဲ့။ ဘယ်ရမလဲ မြတ်မင်းဟန်တို့လဲ ကောက်ထည့်လိုက်တာပေါ့ လာလေ့ရော့ Tagboard။

အဲ… ဒါပေမယ့် အခုအချိန်မှာ ပြန်စမ်းစစ်ကြည့်တော့ သြော် ငါမှားခဲ့ပါလားလေလို့။

ဘာကြောင့်မှားလဲဆိုရင်တော့ သူတို့တွေ blog ရေးပုံနဲ့ ကျွန်တော်တို့ မြန်မာ blogger တွေ blog ရေးပုံကွာခြားချက်တွေကြောင့်ပါပဲ

ကျွန်တော့် သူငယ်ချင်း စလုံး blogger တိုင်းမှာ blog တစ်ခုတော့ရှိပါတယ်။ သူတို့တွေ English လိုရေးပါတယ်။ (စလုံးသံ ခပ်ဝဲ၀ဲလေးနဲ့ပေါ့) သူတို့ ရေးတာ သူတို့ ဘာလုပ်တယ် ဘယ်သွားတယ် ဘယ်လာတယ် စသဖြင့် အလာပ သလာပ၊ တခါတလေ စိတ်ညစ်လို့ရေးတဲ့ စာရှုပ်တစ်စု နှစ်စု၊ youtube မှာတွေ့လို့ ကြိုက်တဲ့ video clip တစ်ခုနှစ်ခု၊ ဒါမှမဟုတ် ဟိုတလောကကြည့်လို့အရမ်းကြိုက်တဲ့ ရုပ်ရှင်၊ tv ဇာတ်လမ်းတွဲ စသဖြင့် personal အင်မတန်ကျတဲ့ theme လေးတွေနဲ့ပေါ့။

ကျွန်တော်တို့များတော့ ရေးလိုက်ရင် တခြားနာမည်ကြီး blog တွေလိုက်ဖတ်၊ သူတို့ရေးတာတွေ သဘောကျလို့ ပြန်မျှပေးတာမျိုးကတစ်ခု၊ တခါတလေ ၀တ္ထုတိုတစ်ပုဒ်နှစ်ပုဒ်ကပါသေး၊ တခါတလေ ကဗျာတစ်ပုဒ်နှစ်ပုဒ်၊ တခါတလေ diary လိုလို ဘာလိုလို စာစုလေး တစ်စုနှစ်စု ဗြောက်သောက်တော့ နိုင်လွန်းတာပေါ့။

သူတို့များ စလုံးတွေရဲ့ blog မှာတော့ ကိုယ့်အတန်းထဲက သူငယ်ချင်း တကယ်သိတဲ့သူတွေ ဖတ်ဖို့ရေးတဲ့ blog ဖြစ်တဲ့အတွက် အသိတွေကလာဖတ်ကြ နောက်နေ့ဘယ်သွားမယ်၊ ဘယ်သူတော့ဘာဖြစ်သွားပြီ စသဖြင့်တသွယ် စိတ်ညစ်နေတယ်ဆို နှစ်သိမ့်သွားကြ အခက်အခဲရှိတယ်ဆို အကြံဥာဏ်လေးတွေပေးသွားကြ ပစ္စည်းသစ်တစ်ခုခုဝယ်ထားတာကို ထုတ်ကြွားထားတယ်ဆို နောက်ရင်နောက် မနောက်ရင် မိုက်တယ်ကွာ ငါလည်း ဒီလိုဝယ်ရင်ကောင်းမလားစဉ်းစားနေတာ စသဖြင့်တဖုံ ပြောပြီးတော့ ပြန်သွားကြတာပေါ့။

ကျွန်တော့်မှာတော့ သူငယ်ချင်းတွေထဲမှာ blog မရှိတဲ့ သူကခပ်များများ၊ ရှိတဲ့သူများကြတော့လည်း တစ်အိမ်ထဲမှာ နေခဲ့ကြတဲ့ ကောင်တွေ၊ အဲ့တော့ ဘယ်သူကများ စကား ထွေထွေထူးထူး ပြောကြမလဲ။ မသိတဲ့ တချို့များကြတော့ ပြောစရာ ခပ်များများ စားစားကလည်း မရှိ ကိုယ်နဲ့သိတဲ့လူလည်း မဟုတ်တော့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားလည်း မပြောသင့်ဆိုတော့ ရောက်လာတယ် ဖတ်သွားတယ်လို့ ရေးသွားကြ တချို့များကြတော့ ဖတ်လို့ကောင်းတယ် ဘာရယ်ရေးကြတာပေါ့။ အဲတချို့များကြတော ဒီ Link လေးကို လာပါဦး၊ လာဖတ်သွားတယ် ပြန်လာဖတ်ဦး ဆိုတာမျိုးပေါ့။ နောင်များကြတော့ ဟိုလူကြီးတွေ ဘာဖြစ်လို့ ဘာဖြစ်တယ်ဆိုတာနဲ့ ဒီရက်ဟာ ဘယ်လို ရက်ကောင်းရက်မြတ်ဖြစ်တဲ့ အတွက် ဘယ်သူ့ကို ဂါရ၀ပြုကြပါ ဘယ်သူ့ကို ရှုံ့ချပါ စသဖြင့် ပြန်ကြည့်မိတဲ့အခါကြတော့ ကျွန်တော့် Tag board ဟာ သူငယ်ချင်းများရေးတဲ့ တကယ့် genuine ဖြစ်တဲ့ dialogue တွေအစား ဘတ်စ်ကားဂိတ်က ကြော်ငြာကပ်တဲ့ board လိုဖြစ်နေတော့ပါတယ်။ ဒါ့အပြင် tagboard တွေရဲ့ server များကမကောင်းတော့ အဲ့ဒါလေးတစ်ခု တပ်လာဖို့အတွက်နဲ့ page load time က သိသိသာသာကို ကြာလာပါတယ်။

ဒီတော့ ကျွန်တော့်ရဲ့ ဒီ blog မှာ Tag board မထားတော့ပါဘူးလို့။ တကယ်လို့ post ကိုကြိုက်ရင် post နဲ့ ပါတ်သက်တဲ့ အကြောင်းများပြောချင်ရင် comment ထားခဲ့နိုင်ပြီး တခြားတခြားသော အကြောင်းများပြောချင်ရင် email ပို့နိုင်အောင် contact page လေးတစ်ခု ထည့်ပါမည် ထည့်ပြီးပြီ ဖြစ်ကြောင်း သူငယ်ချင်းများ ကျွန်တော့်ကို အလာပ သလာပပြောချင်ပါက online 24×7 နီးပါ:ရှိသဖြင့် အနီရောင်လေးတွေထဲမှာ ရှာကြည့်နိုင်ကြောင်း…

အဲ့လို Tagboard ကို spam မလုပ်သင့်ကြောင်းကိုလည်း လုပ်တတ်သူများကို အများပြည်သူကိုယ်စား တောင်းပန်ရင်း…

About Mike Han

I am a versatile web technology evangelist. Currently, I code by day: at my full-time employment and I learn by night. By day, I meddle with PHP, Javascript, iOS Development, C++ and C# and by night, I play around with C, Python, ROR, AWS or anything worth exploring. I also take a healthy dose of wire-framing, doing system/business analysis, training or designing from time to time.
This entry was posted in Thoughts and tagged , , , , . Bookmark the permalink.

7 Responses to Tagboard များနှင့် ကျွန်တော် မြန်မာ Blogger

  1. angelous says:

    :) abso agree with ya! i don’t have a tagboard too!

  2. SuN says:

    haha.. Been doing that since last year. It’s freaking annoying to see those msg, esp. Burmese Ad from other blogs.. Welcome to the board,Mr.mmHan!

  3. mmhan says:

    @SuN @angelous haha, nice to be on board with you guys as well.

  4. grengirl says:

    Hi Bro! I follow you :)

  5. gangsta says:

    ya realli like a shit. ya need 2 update ya brain. okkkkay?

  6. mmhan says:

    @gangsta oh well, I wouldn’t be surprised, that you used “gangsta” to cover up your real identity. I wouldn’t bother trying to convince you that you’re the one who needs your “gangsta” brain updated either. Glad that my site is also good enough to attract you “gangsta”. :)

  7. Pingback: What's RSS? - mmhan's gone comical!

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>