5 moving Movies that might bring Tears: Image

မနေ့က emo တွေ အကြောင်းပြောရင်းနဲ့ စိတ်ထဲစဉ်းစားမိတာ ငါရောဘယ်နှစ်ခါ emo ဖြစ်ခဲ့ဖူးလဲလို့။

ပြီးတော့ သူငယ်ချင်းတွေနဲ့ ဒီနေ့ ရုပ်ရှင်တွေ အများကြီး အကြောင်းပြောရင်းနဲ့ ဒီ post လေးရေးဖို့ idea ရလာတယ်ဆိုပါတော့။

emo ဖြစ်တယ်ပဲပြောပြော၊ sissy ပဲပြောပြော သရုပ်ဆောင်တွေ ကောင်းလို့ဖြစ်ဖြစ်၊ ဇာတ်လမ်း ဇာတ်ကွက် ကောင်းလို့ ဖြစ်ဖြစ်၊ မျက်ရည် တစ်ပေါက် နှစ်ပေါက် ကျခဲ့ဖူးတဲ့ ရုပ်ရှင်လေးတွေ တချို့ကို refer လုပ်လိုက်ပါတယ်။

စိတ်ညစ်စရာကြီးလို့တော့ မတွေးလေနဲ့နော်။

ကြည့်ဖူး မြင်ဖူးနေကျ ကိုရီးယားကားတွေလို တေ့လွဲတွေ ဖြစ်လွန်းလို့ ရင်ထဲ တဆစ်ဆစ်နာပြီး ထိုင်မရ ထမရ ဖြစ်ရတာမျိုးတွေ မပါဘူး။

နီးစမ်းနာနီ ခေါ် နင်ဘယ်မှာလဲ ခေတ်တုန်းက ကားတွေလို သေကောင်ပေါင်းလဲ ဇာတ်နာပြီး မျက်ရည်တရွှဲရွှဲနဲ့ ငိုပြနေလို့ ငိုချင်စိတ် ပေါက်စေမယ့်ကားလည်း မပါဘူး။

သောက်ကျိုးနည်း ချစ်ပြနေပြီး အဆိပ်သောက်သေသွားတဲ့ အချစ်ကားမျိုးလည်း မပါဘူး။

သူ့အဓိပ္ပါယ်လေးနဲ့သူ တွေးစရာလေးတွေပေးတဲ့ ဇာတ်လမ်းကောင်းတွေချည်းပါပဲ။

#5 - Reign Over Me

9/11 မှာ မိသားစုတစ်ခုလုံးကို ဆုံးရှုံးသွားရပြီး အချိန်ကြာတဲ့အထိ စိတ်ထင်ရာ လုပ်နေခဲ့တဲ့ Charlie (Adam Sandler) ကို သူ့ college roommate သူငယ်ချင်း Alan (Don Cheadle) ကပြန်တွေ့တော့ ကူညီဖို့ ကြိုးစားတဲ့ ဇာတ်ကားလေး တစ်ခုဖြစ်ပါတယ်။

မျက်ရည်ကျဖို့ factor ကတော့ ကြက်သွန်နီ လေးလုံးစာ (out of 5) လောက် ကျွန်တော် rating ပေးထားပြီး IMDB မှာတော့ rating 7.8/10 ရထားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်တဲ့ အတွက် ကြည့်ပျော်မယ့် ဇာတ်ကားတစ်ခုပါ။

#4 - Stranger Than Fiction

IRS auditor တစ်ယောက်ဖြစ်တဲ့ Harold Crick (Will Ferrell) ဟာ သူ့ဘ၀ကို narrate လုပ်နေတဲ့ ၀တ္ထုရေးဆရာမ Karen Eiffel (Emma Thompson) ရဲ့ narration တွေကို စကြားရပြီး narrate လုပ်သမျှတွေသည် အမှန်ချည်း ဖြစ်နေတာကို သိရပြီး မကြာခင်မှာပဲ narration တွေထဲမှာ သူသေတော့မယ်လို့ ကြားလိုက်ရတဲ့ အခါမှာပဲ သူ့ရဲ့နာရီလေး အတိုင်း တစ်ပုံစံတည်း လည်ပတ်နေတဲ့ သူ့ဘ၀ ပြောင်းလဲသွားရတဲ့ အကြောင်းလေးတစ်ခုပေါ့…

ကျွန်တော် rating ကတော့ ကြက်သွန်နီ သုံးလုံးခွဲလောက် ပေးထားပြီး IMDB မှာတော့ rating 7.9/10 ရထားတဲ့ Will Ferrell ရဲ့ လက်ချိုးရေလို့ရတဲ့ ဟာသမဟုတ်တဲ့ ရုပ်ရှင်တွေထဲက performance ကောင်းတဲ့ ဇာတ်ကားတစ်ခုပါ။

#3 - Pursuit of Happiness

True Story ကို အခြေခံပြီး ရိုက်ထားတဲ့ ဒီရုပ်ရှင်မှာတော့ Chris Gardner(Will Smith) ဟာ သူ့ဘ၀ကို ပြောင်းပစ်နိုင်ဖို့ Stock Broker တစ်ယောက် လုပ်နိုင်အောင် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် Stock Broker ဖြစ်ဖို့အတွက် သူ့အနေနဲ့ pay မရမယ့် Internship ကို ကိုယ့်စားရိတ် ကိုယ်စိုက်ကာ အလုပ်ဆင်းရမယ့် အပြင်၊ အိမ်ပေါ်က နှင်ချခံရ၊ မိန်းမကလည်း ထားသွားတဲ့နောက်၊ သူ့သားလေးကို စောင့်ရှောက်ရင်း လမ်းပေါ်မှာ struggle လုပ်ရင်း သူလိုချင်တဲ့ ပန်းတိုင်ကို သွားရတော့မယ်လေ..

ကျွန်တော့် rating အရ ကြက်သွန်နီ ၅လုံးစာ အပြည့်ရတဲ့ ဒီကားဟာ IMDB မှာလည်း rating 7.8/10 ရထားပါတယ်။

#2 - Crash

ကျန်းမာရေး မကောင်းတဲ့ အမေကို စောင့်ရှောက်ရတဲ့ ရဲ officer တစ်ယောက်နဲ့ အိမ်က ထွက်ပြေးသွားတဲ့ သူ့ညီ ကားသူခိုးလေး တစ်ယောက်၊ လူတွေနဲ့ သူတို့ရဲ့ race နဲ့ပါတ်သက်တဲ့ အမြင်ကို အမြဲတမ်း theory တွေထုတ်ချင်နေတဲ့ ညီဖြစ်သူရဲ့ ဘော်ဒါ ကားသူခိုး၊ အာဏာလိုချင်နေတဲ့ District Attorney အဖြူ တစ်ယောက်နဲ့ သူ့ရဲ့ အရာရာကို စိတ်တို စိတ်ဆိုးလွယ်တတ်တဲ့ မိန်းမ၊ ဆီးလမ်းကြောင်း မကောင်းတဲ့ အဖေကို ပြုစုနေရတဲ့ Racist ဖြစ်တဲ့ အဖြူရဲ တစ်ယောက်နဲ့ သူကြည့်မရတဲ့ မှန်မှန်ကန်ကန် စိတ်ဓါတ်ရှိတဲ့ partner ငယ်လေးတစ်ယောက် စသဖြင့် character ပေါင်းများစွာနဲ့ သူတို့ရဲ့ မတူတဲ့အမြင်တွေ၊ ဘ၀တွေ ဆုံမိကြတဲ့အခါ…

နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Sandra Bullock, Brendan Fraser, Don Cheadle, Matt Dillon, William Fichtner, Terrence Howard, Thandie Newton နဲ့ Michael Peña တို့ပါပြီး Oscar 3 ခုရထားတဲ့ ဒီရုပ်ရှင်ကို ကျွန်တော် ကြက်သွန်နီ ၅လုံး rating ပေးထားပါတယ်။ IMDB မှာ 8.1/10 ရထားပြီး All time top 200 film ထဲမှာလည်း ပါပါတယ်။

#1 - Schindler’s List

Oskar Schindler(Liam Neeson) ဟာ ဒုတိယကမ္ဘာစစ်တွင်းမှာ Jew တွေကို အသုံးချကာ စက်ရုံတစ်ခုကို ထောင်ပြီး စစ်ဖြစ်စဉ် အမြတ်ရဖို့ လုပ်ခဲ့ပါတယ်။ Jew တွေ ခံစားရတဲ့ ဒုက္ခတွေ၊ ဖိနှိပ်မှုတွေကို မြင်လာရပြီး သနားစိတ်ဝင်လာခဲ့တဲ့ သူဟာ Nazi ပါတီဝင်ဖြစ်လျက် Jew တွေကို ကယ်ပါတော့တယ်။

Steven Spielberg ရဲ့ Masterpiece တစ်ခုလို့ပြောလို့ရတဲ့ ဒီ True Story ရုပ်ရှင်ကို ကြက်သွန်နီငါးလုံး rating ပေးထားပြီး၊ Oscar ခုနှစ်ခု အပြင် တခြားဆုတွေ အများကြီးလည်း ရထားပါတယ်။ IMDB All Time Top 7 နေရာကို rating 8.8/10 နဲ့ရထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ၁၉၉၃ မှာ ရိုက်ထားပေမယ့် ဇာတ်လမ်းတစ်ခုလုံးနီးပါးကို Black and White ပဲသုံးထားပြီး လှလှပပ ရိုက်ထားပါတယ်။


(Sorry for the quality, this is the only one that I could find)

ကဲ… စာဖတ်သူတွေ အနေနဲ့ အခံစားရဆုံး ရုပ်ရှင်တွေရှိရင် ကျွန်တော်နဲ့ တခြားသူတွေကို ဝေမျှခဲ့ပါဦးနော်…

အေးအေးဆေးဆေး (rapidshare ကဖြစ်စေ၊ torrent ကဖြစ်စေ ရှာကြံပြီး) ကြည့်ရင်း ခံစားနိုင်ကြပါစေလို့…

[Photo credits to Fifi LePew]

Share and Enjoy:
  • Digg
  • Google
  • Facebook
  • del.icio.us
  • TwitThis
  • E-mail this story to a friend!

Related posts