photo credits to oberazzi

photo credits to oberazzi

ပျင်းပျင်းရှိတာနဲ့ ဖြေရဲရင်မေးကြည့်ဆိုတဲ့ ခင်မောင်ညို (ဘောဂဗေဒ) ရဲ့ The Book of Questions (by Gregory Stocks) ကို ဘာသာပြန်ထားတဲ့  စာအုပ်လေးတစ်အုပ် ကောက်ကိုင်မိပါတယ်။ အဲ့ဒီ့ထဲက မေးခွန်းလေးတွေက လူတွေရဲ့ အတွင်းက မသိစိတ်က တောင့်တတတ်တဲ့ လိုချင်တဲ့အရာတွေနဲ့ သူတို့လက်ခံထားတဲ့ moral value တွေကို မဖြစ်နိုင်လောက်အောင် extreme ကြတဲ့ situation လေးတွေပေးပြီးတော့ လွန်ဆွဲခိုင်းတဲ့ မေးခွန်းလေးတွေပေါ့။ ဥပမာဆိုရရင်…

Would you accept twenty years of extraordinary happiness and fulfillment if it meant you would die at the end of the period?

နောက်တစ်ခုကကြတော့

ကင်ဆာကို ကုနိုင်တဲ့ ဆေးသစ်တစ်မျိုးဟာ လူ ၁၀၀ မှာ ၁ ယောက်ကို သေစေနိုင်တဲ့ ဘေးထွက် ဆိုးကျိုးရှိတယ်ဆိုရင် အဲ့ဒီ့ဆေးကို ပြည်သူကိုဖြန့်ဖြူးမလားတဲ့။

ဖတ်လို့ကောင်းတဲ့ ဒီစာအုပ်ထဲမှာ မေးခွန်းတွေ တော်တော်များများကတော့ ဖြေဖို့ခက်တာတွေချည်းပါပဲ။

ကျွန်တော်ဖြေလို့ရနိုင်တဲ့ မေးခွန်းလေးနှစ်ခုတော့တွေ့လိုက်တယ်ဗျာ

သင်ချမ်းသာသမျှ စည်းစိမ်ဥစ္စာ၏ တစ်ဝက်ကိုပေးလျှင် သင့်ကိုဆေးတစ်မျိုးပေးမည်။ ထိုဆေးကို သောက်လျှင် တစ်နေ့တစ်နာရီ အိပ်ရုံမျှဖြင့် အိပ်ရေးဝ လန်းဆန်းစေမည်ဆိုလျှင် ၀ယ်မည်လား

ကျွန်တော့် အဖြေကတော့ ပျော်ပျော်ကြီးဝယ်မှာပေါ့ဗျာလို့။ လူက အိပ်ရမှာကို ဘယ်တော့မှ စိတ်မပါတဲ့သူဆိုတော့ ဒါမျိုး အကိုက်ပဲ။ ဒါ့အပြင် မွဲတေနေတဲ့ ကျွန်တော့်ရဲ့ စည်းစိမ်တ၀က်ပဲ ပေးရမှာလေ။ တန်လိုက်တဲ့ ဖြစ်ခြင်း။ ဟီးဟီး။

တစ်ပါတ်အတွင်း ကမ္ဘာပေါ်မှာ နျူကလီးယားစစ်ပွဲဖြစ်မယ်လို့ သိရင် ဘာလုပ်မည်နည်း

နျူကလီးယား စစ်ဖြစ်မယ်ဆိုလို့ကတော့ ကျွန်တော်က ရေခဲသေတ္တာ စရောင်းမှာလို့…။

(ဒီဟာသကိုတော့ Indiana Jones: Kingdom of Crystal skull ကြည့်ဖူးသူပဲ ဒက်လိမ့်မယ်… သိချင်ရင် ရှာကြည့် ) :D

Share and Enjoy:
  • Digg
  • Google
  • Facebook
  • del.icio.us
  • TwitThis
  • E-mail this story to a friend!

Related posts