Tag Archives: Blog

What’s Gravatar?:Gravatar ဆိုတာ ဂျိုနဲ့လားဟဲ့

Gravatar ဆိုတာ Globally Recognised Avatar ရဲ့ အတိုကောက်ပါ။ Avatar ဆိုတာကိုတော့ Forum ဖတ်ဖူးတဲ့သူ၊ ယနေ့ခေတ် website တွေ သုံးဖူးတဲ့ သူတိုင်း သိလောက်ပါတယ်။ မသိဘူးဆိုရင် တစ်ယောက်ယောက်မေးကြည့်၊ သူကပြောလိမ့်မယ်၊ “GTalk က display picture လိုမျိုး website တွေပေါ်မှာ တင်တယ်မလား… အဲ့ဒီ့ပုံကို avatar လို့ သူတို့တွေက ခေါ်တယ်” လို့ပြောပါလိမ့်မယ်။ ဒီတော့ Globally Recognised ဖြစ်တဲ့ Avatar သို့ Gravatar ဆိုတာဘာလဲ..? Website တစ်ခုသုံးတိုင်း avatar တစ်ခု upload လုပ်မယ့် အစား၊ myname@gmail.com … Continue reading

Posted in What is? | Tagged , , , | 7 Comments

What’s Blog?:Blog ဆိုတာ ဂျိုနဲ့လားဟဲ့

ကျွန်တော် Blog စရေးတုန်းက မှားခဲ့တဲ့ အမှားများထဲက ပထမဆုံး အမှားကတော့ Blog ဆိုတာ ဘာမှန်းမသိခဲ့တာ ဆိုတော့က ကိုယ့်ကိုကိုယ် အခု ပြန်မေးကြည့်ပါတယ်။ Blog ဆိုတာ ဘာပါလဲလို့ဆိုတော့ အင်မတန် အဓိပ္ပါယ် ဖွင့်ရခက်တာပဲဗျာ။ ကဲ… ဒီတော့ စာအရှည်ကြီးရေးပြီး အားလုံးကို cover ဖြစ်အောင် ရှင်းပြနေလဲ ရှုပ်တယ်။ အောက်ကပုံလေးနဲ့ တတ်နိုင်သလောက် cover လုပ်လိုက်မယ်ဗျာ။ (မမြင်ရရင် Read the rest of the entry » ကိုနှိပ်ကြဗျို့)

Posted in What is? | Tagged , , , , | 14 Comments

Ten mistakes I made when I started blogging

ကျွန်တော်ဒီ mmhan.net မှာ ပြောင်းပြီး ရေးခဲ့ရတဲ့အချက်တွေထဲမှာ ကျွန်တော့်ရဲ့ အရင် blog က အမှားတွေကြောင့် အများကြီးပါပါတယ်။ အခု မြန်မာ blogger တော်တော်များများမှာလည်း ဒီလိုအမှားလေးတွေကို ကျွန်တော် တွေ့တွေ့နေမိပါတယ်။ အဲ့ဒီ့အမှားတွေကို ပြင်ချင်လို့ ကျွန်တော်ဟာ ဒီ blog ကို စရေးပြီး အမှားတွေကို ပြင်နိုင်ပြီလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီ post လေးကို ချရေးလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို သတိပေးနိုင်အောင်ရယ်၊ ကျွန်တော့်ရဲ့ အမှားလေးတွေကို ဖတ်ရပြီး အများသူငါ အပေါင်းတို့လည်း ဒီလို မမှားမိရန် သတိထားနိုင်အောင်ရယ် ရေးလိုက်ရတာဖြစ်ပါတယ်။ ကျွန်တော့်ထက် သိပြီးသား တတ်ပြီးသား သူများဟာလည်း … Continue reading

Posted in Writings | Tagged , , , , , , | 14 Comments

Blog Post အရှည်များကို တကယ် အစအဆုံး ဖတ်အောင် ဘယ်လိုရေးမလဲ

ကျွန်တော်တို့ မြန်မာများ blog post တစ်ခု ရေးကြပြီဆိုရင် များသောအားဖြင့် ၀တ္ထုတိုများ၊ ဆောင်းပါးများ စသဖြင့် စာပိုဒ်တွေ စာကြောင်းတွေ အရှည်ကြီး ရေးတတ်ကြပါတယ်။ အဲ့လိုရေးကြတဲ့ အခါမှာ ကျွန်တော်တို့ တော်တော် များများဟာ ကိုယ်ရေးနေတဲ့ media ကို မေ့ပြီးတော့ စိတ်ထဲမှာရှိရာကို အထူးတလည် အရှည်ဖွဲ့ပြီး မဂ္ဂဇင်းစာမူတွေ ရေးသလို ရေးလေ့ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ မေ့သွားလေ့ရှိတာက၊ ကျွန်တော်တို့ရဲ့ စာကို ဖတ်မဲ့သူတွေဟာ blog တစ်ခု အနေနဲ့ ဖတ်နေတာဖြစ်ပြီး စာအုပ်တစ်အုပ်လို လက်မှာကိုင်ပြီး ဖတ်နေတာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒီတော့ ကိုယ်ရေးတဲ့ စာအရှည်ကြီးကို တကယ်တမ်း အစအဆုံး ဖတ်တဲ့သူ … Continue reading

Posted in Writings | Tagged , , , , | 8 Comments

Google Reader မှာ Zawgyi-One မြင်ချင်ရင်

Google Reader မှာ Zawgyi-one ကို မြင်ရဖို့ အလွယ်ဆုံးနည်းကတော့ Stylish ဆိုတဲ့ Firefox plug-in ကိုသုံးပြီး tweak လုပ်ရမှာ ဖြစ်ပါတယ်။ Stylish ကို Download လုပ်ပြီး Firefox ကို restart ပြန်ချလိုက်ပါ။ ပြီးရင်တော့ Status bar ထဲမှာ Stylish Icon လေးကို လိုက်ရှာပြီး click နှိပ်လိုက်ရင် ဘေးမှာပြထားတဲ့ အတိုင်း menu ပေါ်လာပါလိမ့်မယ်။ Menu ထဲက Write Style > Blank Style ကို ရွေးပြီး တော့ ဒီ file ထဲက … Continue reading

Posted in Technology | Tagged , , , , , , , , | 1 Comment

Tagboard များနှင့် ကျွန်တော် မြန်မာ Blogger

ကျွန်တော်များ Blog စရေးဖြစ်တုန်းကပေါ့လေ.. Internet နဲ့ပါတ်သက်တဲ့ knowledge လည်း သိပ်မရှိသလို blog ဆိုတာ ဂျိုနဲ့လားဆိုသလိုကို ဖြစ်နေတာပေါ့လေ။ ဒီတော့ နီးရာ စလုံး သူငယ်ချင်းတွေရဲ့ blog ကိုယ်သွားကြည့် သူတို့တွေဘာလုပ်လဲ အတုယူခဲ့ရတာပေါ့။ အဲ့ဒီ့မှာ ဘာကိုသွားတွေ့သလဲဆိုတော့ Tag Board။ အင်မတန်မိုက်တယ်ဗျာ။ ဟိုလူက ရေးသွားလိုက် ဒီလူက ရေးသွားလိုက်နဲ့။ ဘယ်ရမလဲ မြတ်မင်းဟန်တို့လဲ ကောက်ထည့်လိုက်တာပေါ့ လာလေ့ရော့ Tagboard။ အဲ… ဒါပေမယ့် အခုအချိန်မှာ ပြန်စမ်းစစ်ကြည့်တော့ သြော် ငါမှားခဲ့ပါလားလေလို့။

Posted in Thoughts | Tagged , , , , | 7 Comments

Easiest Way to Bypass Myanmar’s Blogspot Ban: Google Reader

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Blogspot ကို Ban ထားတဲ့အကြောင်းကို လူတိုင်းသိပါတယ်။ မြန်မာနိုင်ငံက လူတိုင်းကလည်း Blogspot က blog တစ်ခုကိုဖတ်ချင်ပြီဆို နည်းမျိုးစုံ ရှာကာ ကျော်ကြခွကြပြီး မရရအောင်ဖတ်ကြပါတယ်။ ဒါကြောင့် ကိုချမ်းမြစိုးတို့ဆိုရင် ဖတ်ရလွယ်အောင် Proxy ကောင်းတွေ List ကိုတောင် Post လုပ်ပေးထားသေးတယ်။ ဒါပေမယ့် Proxy တွေ မသုံးချင်ဘူး၊ ရှုပ်ရှုပ်ယှက်ယှက်မလုပ်ချင်ဘူး၊ မလုပ်တတ်ဘူး ဆိုရင်တော့ Google Reader ကို ကြားနေ solution တစ်ခုအနေနဲ့ သုံးသင့်ပါတယ်။ Continue reading

Posted in Technology | Tagged , , , , , , , | 3 Comments