ကျွန်တော်တို့ မြန်မာများ blog post တစ်ခု ရေးကြပြီဆိုရင် များသောအားဖြင့် ၀တ္ထုတိုများ၊ ဆောင်းပါးများ စသဖြင့် စာပိုဒ်တွေ စာကြောင်းတွေ အရှည်ကြီး ရေးတတ်ကြပါတယ်။ အဲ့လိုရေးကြတဲ့ အခါမှာ ကျွန်တော်တို့ တော်တော် များများဟာ ကိုယ်ရေးနေတဲ့ media ကို မေ့ပြီးတော့ စိတ်ထဲမှာရှိရာကို အထူးတလည် အရှည်ဖွဲ့ပြီး မဂ္ဂဇင်းစာမူတွေ ရေးသလို ရေးလေ့ရှိကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေ မေ့သွားလေ့ရှိတာက၊ ကျွန်တော်တို့ရဲ့ စာကို ဖတ်မဲ့သူတွေဟာ blog တစ်ခု အနေနဲ့ ဖတ်နေတာဖြစ်ပြီး စာအုပ်တစ်အုပ်လို လက်မှာကိုင်ပြီး ဖတ်နေတာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒီတော့ ကိုယ်ရေးတဲ့ စာအရှည်ကြီးကို တကယ်တမ်း အစအဆုံး ဖတ်တဲ့သူ ပိုများအောင် ဘယ်လိုလုပ်ရမလဲလို့ သိသလောက် တတ်သလောက် အချက်၅ချက်ကို [...]
(With an accompanying video in Plain English by CommonCraft)
Internet ကို private company တွေ တပ်ဆင်ခွင့်ပြုလိုက်တဲ့ အချိန်ကစပြီး အခု တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံမှာ Gtalk နဲ့ chat ကြ၊ Blog တွေရေးကြ၊ ဖတ်ကြ၊ website တွေမှာ သတင်းတွေဖတ်ကြ၊ သီချင်းတွေ download လုပ်ကြ၊ forum တွေမှာရေးကြ၊ social network site တွေမှာ profile တွေလုပ်ကြနဲ့ တဖြည်းဖြည်း မြန်မာ netizen များများလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် web2.0 ရဲ့ အရှိန်နဲ့ အတူပေါ်ပေါ်လာတဲ့ site တွေနဲ့ သူတို့ရဲ့ eco-system ကိုတော့ နားလည်သူနည်းလှပါတယ်။
ဒါကိုရှင်းပြရရင်လည်း [...]
Google Reader မှာ Zawgyi-one ကို မြင်ရဖို့ အလွယ်ဆုံးနည်းကတော့ Stylish ဆိုတဲ့ Firefox plug-in ကိုသုံးပြီး tweak လုပ်ရမှာ ဖြစ်ပါတယ်။
Stylish ကို Download လုပ်ပြီး Firefox ကို restart ပြန်ချလိုက်ပါ။
ပြီးရင်တော့ Status bar ထဲမှာ Stylish Icon လေးကို လိုက်ရှာပြီး click နှိပ်လိုက်ရင် ဘေးမှာပြထားတဲ့ အတိုင်း menu ပေါ်လာပါလိမ့်မယ်။ Menu ထဲက Write Style > Blank Style ကို ရွေးပြီး တော့ ဒီ file ထဲက code ကို ကူးပြီးထည့်လိုက်ပါ။
အဲ့ဒီ့ Code က Google Reader [...]
ကျွန်တော်များ Blog စရေးဖြစ်တုန်းကပေါ့လေ.. Internet နဲ့ပါတ်သက်တဲ့ knowledge လည်း သိပ်မရှိသလို blog ဆိုတာ ဂျိုနဲ့လားဆိုသလိုကို ဖြစ်နေတာပေါ့လေ။ ဒီတော့ နီးရာ စလုံး သူငယ်ချင်းတွေရဲ့ blog ကိုယ်သွားကြည့် သူတို့တွေဘာလုပ်လဲ အတုယူခဲ့ရတာပေါ့။ အဲ့ဒီ့မှာ ဘာကိုသွားတွေ့သလဲဆိုတော့ Tag Board။ အင်မတန်မိုက်တယ်ဗျာ။ ဟိုလူက ရေးသွားလိုက် ဒီလူက ရေးသွားလိုက်နဲ့။ ဘယ်ရမလဲ မြတ်မင်းဟန်တို့လဲ ကောက်ထည့်လိုက်တာပေါ့ လာလေ့ရော့ Tagboard။
အဲ… ဒါပေမယ့် အခုအချိန်မှာ ပြန်စမ်းစစ်ကြည့်တော့ သြော် ငါမှားခဲ့ပါလားလေလို့။
အလုပ်မှာ အဆင်မပြေလို့ပဲဖြစ်ဖြစ်၊ အိမ်နဲ့ဝေးရာ မိသားစုနဲ့ဝေးရာမှာ နေနေရလို့ပဲဖြစ်ဖြစ်၊ လတ်လတ်လောလော အဆုံးသတ်သွား bad relationship တစ်ခုကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် မျိုးရိုးလိုက်လို့၊ စိတ်ဓါတ်ပျော့လို့ဖြစ်ဖြစ် တစ်ချိန်ချိန် တစ်ခါခါမှာ လူတိုင်း Depression လေးရကြပါတယ်။ အဲ့ဒါမျိုးတွေ ကျွန်တော်ဖြစ်လာခဲ့ရင် လုပ်လေ့ရှိတာလေးတွေကို အသုံးဝင်လိုဝင်ငြား ဝေငှလိုက်ပါတယ်။


