New year လဲရောက်တော့မယ်ဆိုတော့ ပုံမှန်ထက် ပိုထူးတဲ့ တစ်ခုခု အထူးအဆန်း Post လေးတစ်ခု တင်လိုက်ပါတယ်။ Christmas တုန်းက ရေးမယ်ဆိုပြီး မရေးဖြစ်တဲ့ စာလေးတွေ အတွက် အကြွေးဆပ်ရင်းပေါ့ဗျာ။ ဒီတစ်ခေါက် ဂျိုနဲ့လား series ကို အသစ်ဖြည့်လာတာကတော့ Google Search ပေါ့။
Google Search ဆိုရင် ကလေးက အစ ခွေးကသိတယ် ဆိုပေမယ့် သူ့ရဲ့ အစွမ်းကို တော်တော်များများဟာ ကောင်းကောင်း အသုံးမချနိုင်ကြဘူးလေ။
ဒီတော့ တစ်ခါတစ်လေ အလုပ်ရှုပ်နေချိန်မှာ Google နဲ့ ရှာလို့ရနိုင်တဲ့ အရာမျိုး လာအမေးခံရရင် စိတ်တိုရတာမျိုးတွေ ဖြစ်ခဲ့ဖူးတာရှိမယ်၊ ဒါမှမဟုတ် သွားမေးတာကို ဒါလေးတောင် မသိရကောင်းလားဆိုပြီး အဟောက်ခံရတာမျိုးရှိမယ်၊ Free MP3 download လို [...]
HTML အကြောင်းပြောပြီဆိုတော့ နည်းနည်းလေး Technical ပိုင်းပိုများမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် HTML အကြောင်းကို introduction လောက်လေးပဲ လုပ်သွားမှာဖြစ်တဲ့ အတွက် ဘာမှတော့ သိပ်အများကြီး မပါသေးပါဘူး။
သာမန် မြန်မာ netizen တစ်ယောက်အနေနဲ့ တစ်နေ့တစ်နေ့ ကြည့်ကြည့်နေတဲ့ web page တွေကို ဘယ်လို ဆောက်ထားလဲ ဆိုတဲ့ အကြောင်းကို ကိုယ်စီးတဲ့ နွား အထီးလား အမလား သိရုံလောက်ပဲ ရေးသွားမှာပါ။
HTML ဆိုတာဘာလဲ?
HTML ဆိုတာကို အရှည်ပြောရရင်တော့ Hyper Text Markup Language လို့ပြောရပါလိမ့်မယ်။ ဟိုလူကပြော ဒီလူကပြော ပြောပြောနေကြမယ့် HTML ဆိုတာဟာ ကျွန်တော်တို့ ဘယ်အချိန်ကြည့်ကြည့် ဘယ် website ကိုကြည့်ကြည့် မြင်ရသမျှကို web browser [...]
စိတ်ကူးလေးပေါက်လို့ ရေးချင်စိတ်လေးရှိတုန်း ဂျိုနဲ့လား series အတွက် အသစ်တစ်ခု ထပ်တင်လိုက်ပါတယ်။ ဒီ post မှာတော့ Web Browser တွေ အကြောင်းကို ကွန်ပျူတာ စသုံးတဲ့ user တစ်ယောက် အဆင့်ကနေ၊ ပုံမှန် အိမ်သုံး user တွေ အထိ နားလည်အောင် ရှင်းပြဖို့ကြိုးစားရင်းနဲ့၊ Web Browser တွေ အကြမ်းဖျင်းအားဖြင့် ဘယ်လို အလုပ်လုပ်တယ်၊ ဘာကို သုံးသင့်တယ် ဆိုတာလေးပါ ဆွေးနွေးသွားမှာပါ။
Web Browser ဆိုတဲ့ စကားလုံးကို မသိတဲ့သူ မရှိလောက်ဘူးလို့ ယုံပါတယ်… အကယ်၍ တကယ်မသိဘူး ဆိုရင်တော့ တစ်ယောက်ယောက် သွားမေးပေါ့… သူကပြောပါလိမ့်မယ်… “ဒါလေးတောင် မသိဘူးလား.. မင်း Desktop ပေါ်က e ဆိုတဲ့ [...]
ကျွန်တော် Blog စရေးတုန်းက မှားခဲ့တဲ့ အမှားများထဲက ပထမဆုံး အမှားကတော့ Blog ဆိုတာ ဘာမှန်းမသိခဲ့တာ ဆိုတော့က ကိုယ့်ကိုကိုယ် အခု ပြန်မေးကြည့်ပါတယ်။
Blog ဆိုတာ ဘာပါလဲလို့ဆိုတော့ အင်မတန် အဓိပ္ပါယ် ဖွင့်ရခက်တာပဲဗျာ။
ကဲ… ဒီတော့ စာအရှည်ကြီးရေးပြီး အားလုံးကို cover ဖြစ်အောင် ရှင်းပြနေလဲ ရှုပ်တယ်။ အောက်ကပုံလေးနဲ့ တတ်နိုင်သလောက် cover လုပ်လိုက်မယ်ဗျာ။ (မမြင်ရရင် Read the rest of the entry » ကိုနှိပ်ကြဗျို့)


