ကွန်ပျူတာတစ်လုံး စ၀ယ်လာပြီ ဆိုပါတော့။ အဲ့ဒီ့ ကွန်ပျူတာကြီးကို ဒီအတိုင်းထား မထားပါနဲ့.. ပျင်းဖို့ကောင်းပါတယ်။
Internet ပေါ်မှာ ရှိရှိသမျှသော game တွေ၊ toolbar တွေနဲ့၊ smiley တွေ အစရှိသည် တို့နဲ့ ကျွန်တော်တို့ ဒီ ကွန်ပျူတာကို အလှဆင်လည်းဆင်ဖို့၊ Hollywood ရုပ်ရှင်တွေထဲမှာ သိပ်နာမည်ကြီးတဲ့ Virus တွေ နဲ့ infect ဖြစ်ထားတဲ့ Zombie လည်းဖြစ်ဖို့ အောက်က အချက်ငါးချက်ကို လိုက်လုပ်ရုံပါပဲ။
#1 - Anti-Virus software မသွင်းပါနဲ့
ဘယ်တော့မှ မသွင်းပါနဲ့။ ကိုယ့်စိတ်နဲ့ နှိုင်းရင် ရိုင်းပါတယ်ဗျာ၊ အင်တာနက်ပေါ်မှာ လူတိုင်းဟာ သူလို ကိုယ်လိုတွေ ချည်းပါ။ ဘယ်သူကမှ စိတ်ပုပ် စိတ်ယုတ်တွေနဲ့ virus တွေ ဒီခေတ်ကြီးထဲမှာ မထွင်တော့ပါဘူး။
အဲ့ဒီ့ Avast ဆိုတဲ့ အင်မတန်ကောင်းတဲ့ Open-source anti-virus program တွေ ဘာတွေရဲ့ နောက်ကွယ်က လူများသာ လူတွေကို မကြောက်ကြောက်အောင် အတင်း ဒီနေ့လည်း ဟို virus ထွက်ပြန်ပြီ၊ ဟိုနေ့လည်း ဟို virus ထွက်ပြန်ပြီ အော်ပြီး သူတို့ software ကို ကြေငြာနေကြ တာပါ။ ဒါ အနောက်တိုင်းရဲ့ လုပ်ကြံ ဖန်တီးမှုတွေပဲ။
ကျွန်တော်တို့က ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကလူတွေပဲ ဒါမျိုး ကြောက်စရာမလိုပါဘူး။
#2 - Yes, Accept နှင့် I agree ကိုသာနှိပ်ပါ
ကျွန်တော်တို့မှာ Game လေး တစ်ခု ကစားဖို့၊ software လေး တစ်ခု သွင်းဖို့ အရေး ပုတ်လောက်ရှိတဲ့ စာတွေကို ဖတ်ဖို့ အချိန် မပေးနိုင်ပါဘူး။ တော်လွန်း တတ်လွန်းလို့ Software ရေးနေကြတာပဲ၊ စိတ်ဓါတ်လေးတွေလည်း ကောင်းကြမှာပါ။
မတော်တဆ ဖတ်မိလို့ Checkbox လေးတွေနဲ့ တန်းစီပြီး ဟို program သွင်းပါမယ် ဒီ toolbar သွင်းပါမယ်၊ ဟို plug-in သွင်းပါမယ် ဆိုလို့ကတော့ ကျွန်တော်တို့က ပျော်တာပေါ့၊ ကျွန်တော်တို့ အတွက် မရှိ မဖြစ်လိုအပ်တဲ့ အင်မတန် ချစ်စရာ ကောင်းတဲ့ Smiley လေးတွေ၊ Mouse cursor လေးတွေလည်း ရသေးတယ်၊ သူတို့ အပို ဆောင်းပေးတာတွေလည်း ရသေးတယ်။ အလကားရလို့ကတော့ သပိတ်မှောက် အိတ်မှောက် လာစမ်းပါလေ့။
#3 - Email, Gtalk, MSN ကရသမျှသည် အကောင်းတကာ့ အကောင်းဆုံးဖြစ်၏
ကျွန်တော်တို့ကို ချစ်လွန်းလို့ သူငယ်ချင်းတွေက email attachment တွေ၊ link တွေနဲ့ ပို့တဲ့အကြောင်းဟာ အကုန် အသုံးဝင်လို့ သုံးချင်စရာကောင်းလို့ပါ။ သူငယ်ချင်းရဲ့ account ကို hack လုပ်သွားပြီး ပို့သွားတာလားလို့ တွေးမပူပါနဲ့… အဲ့ဒီ့လောက် အပင်ပန်းခံပြီး လုပ်သွားမှတော့ ပေါပေါပဲပဲ မဟုတ်ဘူး။ ပြန်ကြွားလို့ရတယ် ယူသာထားလိုက်။
ရလာတဲ့ .exe file ဟာ Anti-virus software မရှိတဲ့ အတွက် ကျွန်တော်တို့ စစ်ဖို့ ဆေးဖို့ မလိုဘူး။ ဘာလဲလို့ သွားမေးပြန်ရင်လည်း သူများ စေတနာကို စော်ကားရာ ကြပါတယ်။ ဖွင့်သာဖွင့်ကြည့်လိုက် ချစ်စရာ ကြောင်လေးပုံဖြစ်ဖြစ်၊ ကြောက်စရာ သရဲပုံဖြစ်ဖြစ် ပေါ်လာမှာပါ.. ပျော်စရာကြီးကော။
ရလာတဲ့ Link ဟာ ဘယ် site ကို သွားတယ်ဆိုတာ သိဖို့ ကျွန်တော်တို့ မလိုပါဘူး။ သူငယ်ချင်းတွေ ကိုယ်တိုင်က ကြိုက်လွန်းလို့ ပို့လိုက်တာပဲဖြစ်မယ်။
ဇာတ်လမ်းတွေထဲက မင်းသား တွေလို ဘာမှန်းမသိတဲ့ နေရာကို ကျည်ကာမပါ သေနတ်မပါပဲ သွားရတာကိုက စိတ်လှုပ်ရှားဖို့ ကောင်းတာ။
#4 - Software တွေကို ဘယ်တော့မှ update မလုပ်ပါနဲ့
အားအားယားယား သူတို့တွေ လျှောက်ထုတ်နေတဲ့ သူတို့ software တွေကို update လုပ်ဖို့ ကျွန်တော်တို့ မအားပါဘူး။ ကျူကျူလေးနဲ့ online မှာတွေ့တုန်း ကျူရတာကို သူ့ဥစ္စာကို download လုပ်ရ သွင်းရ restart ချဆို ချရနဲ့ အချိန်ကုန်ပါတယ်။
သူတို့ကသာ ဘယ်လို Security တွေ ထက်ထည့်တယ် ဘာတယ် ပြောနေတာ အဲ့ဒါမထွက်ခင် တုန်းက သုံးနေတာ အကောင်းချည်းရယ် သူတို့ဟာ သူတို့ အသစ်ထွက်တာနဲ့ ဒီဟာက မကောင်းဘူးဖြစ်ရတယ်လို့။ အဓိပ္ပါယ်မရှိရံကော…
လာသေးတယ် Blogger တွေများ Internet Explorer မသုံးနဲ့ Firefox သုံးတဲ့ သူတို့တွေကို Firefox က ပိုက်ဆံပေးပုံရတယ်။
ဟုတ်မယ် ကျွန်တော်တို့ တစ်ခါ Firefox ကို run တာနဲ့ သူတို့ ပိုက်ဆံရမှာ၊ တို့တွေကို မသိလို့ နှပ်စားနေတာ၊ ဒါလည်း ဟို လင်ဇီးလိုလို၊ multi-level marketing လိုလို ကိစ္စပဲ။
#5 - အလကားရသမျှ ဖိနပ်စုတ်ပါမကျန် အကုန်ယူပါ
သီချင်းတွေ၊ ရုပ်ရှင်တွေ၊ Software တွေ၊ Aries လို၊ Limewire လို P2P software တွေနဲ့ လုပ်ပြီးရင် ဘယ်တော့မှ virus ပါမပါ စစ်မနေနဲ့ ဖွင့်မှာသာဖွင့်လိုက်၊ ဒါလေး download လုပ်ဖို့ တောင် ဒီလောက်စောင့်နေရတာ၊ ဘယ့်နှဲ့ virus စစ်ဖို့ အချိန်ပို မပေးနိုင်ပါဘူး။
အင်တာနက်မှာ ဟို plug-in ဒီ plug-in လိုတယ် ပြောလို့ ကတော့ သိသိ မသိသိ ပြေးသာ download လုပ်ပစ်လိုက်၊ သိတာမသိတာထက် ဒီ plug-in မရှိလို့ လွဲသွားနိုင်တဲ့ အခွင့်အရေးတွေ ကျွန်တော်တို့ လက်လွှတ်လို့ မဖြစ်ဘူး။
Porn site လေးတွေ ကြည့်နေတုန်း ဟို site ဒီ site က free access ရမယ်၊ live chat ရမယ်၊ full movie ကြည့်လို့ရမယ် ပြောလာရင် ချက်ချင်းသာ download လုပ်ပြီး သွင်းလိုက်၊ ဒါမျိုး အခွင့်အရေးက အင်မတန် ရှားတယ်။
Internet ပေါ်မှာ လူကောင်းတွေ အများကြီးရယ်၊ Program တစ်ခု မသွင်းခင် အဲ့ဒီ့ program ကို စိတ်ချရတဲ့လူက လုပ်ထားလား သိဖို့မလိုပါဘူး။
ကဲ.. မိတ်ဆွေလိုချင်တဲ့ Zombie Computer လေး အဆင်သင့် ဖြစ်ပါပြီ။
သုံးလို့ အဆင်မပြေဘူးလား၊ နီးရာ IT အကြောင်းနားလည်တဲ့ သူငယ်ချင်းကို မြှောက်ပြောပြီး ပြင်ခိုင်းလိုက်ပါ။ သူတို့တွေက အမြဲတမ်း အားအားယားယား online မှာပဲ Busy ဆိုပြီး အနီရောင်လေးပြပြီး လူရှိန်အောင် အရောင်ပြနေကြတာ။ အလကားကောင်တွေ…










15 Comments
ဟီးဟီး
ဟားဟား.. မလုပ်ပါနဲ့ဗျာ။ တော်ကြာ် ကျနော့် lappy အစွယ်တွေပေါက်လာပြီး ကျနော့်ကိုပါ ကိုက်ဝါးသွားဦးမယ်။ အဟက်
*sigh*
still i cant’ find any flaw in your posts! watch out!
လူတိုင်းကိုတော့ ဒီ Post မဖတ်စေချင်တာ အမှန်ပဲ။
@mgthantzin - ဟေ… ဘာလို့လဲကွ.. အောက်ဆုံးက စာနှစ်ကြောင်းကြောင့်လား?
ဟွန်း..သူကတော့ လုပ်ချလိုက်ပြန်ပြီ
HAHAH!
I like this post
Great !!! if not set busy sign, some are QQ a lots. So i cover myself..he he he
သြော် တယ်ခက်သကိုးကွဲ့ ကလေးရဲ့
ကွန်ပျူတာဝယ်ပါပြီဆိုမှ အလှပြဖို့ဝယ်တဲ့လူရှိစ။
ကောင်းပါပေ့ အမောင်ငယ် ဗဟုသုတ အသုံးကျပါပေ့။
[...] တစ်ခေါက်က ပြောသလိုပဲ အဲ့ဒါတွေ က virus တွေ၊ spyware၊ malware တွေရတတ်တယ်လေ။ ပြီးတော့ အခံ့မသင့်လို့ [...]
ဖတ်လို့ကောင်းတယ်ဗျို့ …ကျွန်တော်က cafe ကနေinternet သုံးတာဆိုတော့ တခါတလေ
ကျတော့ exe.တွေ၊ ifle တွေဖွင့် ဖို့ မရဲဘူးဖြစ်နေ တာ။အခုလိုအားပေးမယ့်လူရှိတာ တအားပဲဗျီု့  …ဟဲ..ဟဲ
အကောင်းအောက်မေ့ လို့ ဖတ်နေတာ
လူဆိုးးးးးးးးးးး
now that i noe i should not do these things..
thnx for sharing…
[...] [View 5 tips on How to turn your computer to a virus infected Zombie] [...]
Got something to say?