ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Blogspot ကို Ban ထားတဲ့အကြောင်းကို လူတိုင်းသိပါတယ်။ မြန်မာနိုင်ငံက လူတိုင်းကလည်း Blogspot က blog တစ်ခုကိုဖတ်ချင်ပြီဆို နည်းမျိုးစုံ ရှာကာ ကျော်ကြခွကြပြီး မရရအောင်ဖတ်ကြပါတယ်။ ဒါကြောင့် ကိုချမ်းမြစိုးတို့ဆိုရင် ဖတ်ရလွယ်အောင် Proxy ကောင်းတွေ List ကိုတောင် Post လုပ်ပေးထားသေးတယ်။ ဒါပေမယ့် Proxy တွေ မသုံးချင်ဘူး၊ ရှုပ်ရှုပ်ယှက်ယှက်မလုပ်ချင်ဘူး၊ မလုပ်တတ်ဘူး ဆိုရင်တော့ Google Reader ကို ကြားနေ solution တစ်ခုအနေနဲ့ သုံးသင့်ပါတယ်။

Google Reader ကိုသွားကာ Add a Subscription ကို သုံးပြီး ကိုယ်ဖတ်ချင်တဲ့ Blog address ရဲ့နောက်မှာ rss.xml ဆိုတာလေးထည့် (e.g.: http://mmhan.blogspot.com/rss.xml)လိုက်ပြီး subscribe လုပ်လိုက်တာနဲ့ အဲ့ဒီ့ Blog ရဲ့ content တွေကို Google Reader က ပြပေးမှာပါ။ Blog Owner က Full Post ကို Feed ပေးထားမှသာ အပြည့်ဖတ်လို့ရမှာ ဖြစ်ပေမယ့် Blog တော်တော်များများက Full Post ပေးတဲ့အတွက် အသုံးဝင်ပြီး အလွယ်ကူဆုံး Blog ဖတ်နည်းတစ်ခုပါပဲ။

သုံးကြည့်လို့ အဆင်ပြေရင် သူငယ်ချင်းတွေကိုလည်း တိုးတိုးတိတ်တိတ် မျှဝေလိုက်ကြပါဦး။

Share and Enjoy:
  • Digg
  • Google
  • Facebook
  • del.icio.us
  • TwitThis
  • E-mail this story to a friend!

Related posts