Limewire တို့ Aries တို့နဲ့ download လုပ်နေကြပဲ ဆိုပြီး ဆက်မဖတ်ပဲ နေလို့ကတော့ မှားမယ်နော်…
ဟိုအရင် တစ်ခေါက်က ပြောသလိုပဲ အဲ့ဒါတွေ က virus တွေ၊ spyware၊ malware တွေရတတ်တယ်လေ။ ပြီးတော့ အခံ့မသင့်လို့ ဖမ်းကြပြီဆိုရင် ဒါမျိုးတွေက အရင်ဆုံး စဖမ်းကြတာမျိုး ဆိုတော့ အတတ်နိုင်ဆုံး အဲ့ဒါမျိုး မသုံးတာ ကောင်းမှာပေါ့။
ကျွန်တော်ပြောမယ့် ဒီ Favtape ကတော့ အဲ့လို ဘာ p2p software တွေမှ သွင်းစရာမလိုပဲ၊ ဒီအတိုင်း Online မှာ နောက်ဆုံးပေါ် နာမည်ကြီးသီချင်းတွေ၊ ခေတ်ဟောင်း သီချင်းတွေကို နားထောင်လို့ရတဲ့ website လေးတစ်ခုပေါ့။ အဖွဲ့ တစ်ဖွဲ့ နှစ်ဖွဲ့၊ အဆိုတော် တစ်ယောက် နှစ်ယောက်တည်း သည်းကြီးမည်းကြီး ကြိုက်တာမျိုးမဟုတ်ပဲ သီချင်းကောင်းမှန်သမျှ နားထောင်ချင်တဲ့ သူမျိုးအတွက်တော့ အကောင်းဆုံးပေါ့။
(အဆုံးထိဆက်ဖတ်နော်… ဘယ်လို ဒေါင်းလုဒ်လုပ်ရလဲ ဆိုတာပါ တခါတည်း တိုးတိုးတိတ်တိတ် ပြောပြမယ်)
Favtape ကို ဘယ်လိုသုံးမလဲ
လွယ်ပါတယ်၊ Favtape.com ကိုသွားလိုက် သူ့မှာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ သီချင်းတွေကို list လုပ်ပေးထားလိမ့်မယ်။ iTunes Music Store မှာ အရောင်းရဆုံး သီချင်း ပေါင်းစုံ (ဒါမှမဟုတ်) Hip-Hop လား၊ Alternative လား ကြိုက်တာလာ အပုဒ် ၁၀၀ စီ list လုပ်ပေးထားတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး၊ နှစ်အလိုက် အကောင်းဆုံး သီချင်းတွေ၊ နှစ်အလိုက် အကောင်းဆုံး artist တွေရဲ့ သီချင်းတွေကိုလဲ click နှစ်ချက်လောက်နဲ့ အစအဆုံး နားထောင်လို့ရတယ်။
မကျေနပ်သေးဘူးလား၊ Last.fm တို့ US က resident တွေကလွဲပြီး နားထောင်ခွင့် မပေးတော့တဲ့ Pandora တို့ သုံးတယ်ဆိုရင် အဲ့ဒီ့မှာ Love လုပ်ထားတဲ့ သီချင်းတွေ၊ Bookmark လုပ်ထားတဲ့ သီချင်းတွေကိုလည်း Favtape က import လုပ်ပြီး အစအဆုံး နားထောင်လို့ရတယ်။
ရောသမမွှေ Interface
အဆန်းထွင်ပြီး ပြောတယ်မထင်နဲ့ဗျာ။ အောက်က Interface ပုံလေးကို ကြည့်ကြည့်လိုက်ပါဦး။

Get MP3, CD, iTunes, Ringtones, Ebay link တွေနဲ့ အဲ့ဒီ့ သီချင်းရဲ့ ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေ ၀ယ်လို့ရတယ်။ (ကျွန်တော့်လို ငမွဲတွေကိုတော့ အားမပေးဘူးဗျာ၊ သီချင်းတွေက အများကြီးရယ်၊ ကုန်ပေါက်ပဲ)
တခြား Link တွေနဲ့ သူတို့ရဲ့ Function တွေက -
Lyrics - Lyricswiki.org က သီချင်းရဲ့ Lyrics ရဲ့ Link
Video - Youtube က သီချင်းရဲ့ MTV ရဲ့ Link
Artist - သီချင်း အဆိုတော်ရဲ့ Favtape မှာရှိသမျှ သီချင်းတွေ
Similar - သီချင်းနဲ့ ခပ်ဆင်ဆင်တူတဲ့ သီချင်းတွေ
Link, Email, Share နဲ့ Twitter ကတော့ ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။
ဘေးနားက Thumbnail နှစ်ခု - ညာဘက်က YouTube က MTV, ဘယ်ဘက်က Album Art က Amazon က အခွေဝယ်တဲ့ page.
ကိုယ်တိုင် List လုပ်ဦးမလား
နားထောင်ရုံနဲ့တင် အားမရတဲ့သူတွေအတွက်လည်း ကိုယ်ကိုယ်တိုင် playlist တစ်ခု ပြန်လုပ်လို့ရတယ်။
ငယ်ငယ်တုန်းကလိုပေါ့ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို ကက်ဆက်ခွေလေး CD ခွေလေး တစ်ခွေမှာ စုပြီးထည့်ကြပြီးရင် သူငယ်ချင်းလိုလို ဘာလိုလိုလေးတွေကို ပေးလို့ ရတာပေါ့။ Mixtape လို့ခေါ်ချင်ပေမယ့် RIAAက ကွိုင်ရှာခံလိုက်ရတဲ့ Muxtape ကလည်း ရှိနေပြန်၊ Mixtape.com ကလည်း သူများက park လုပ်ထားတယ်ဆိုတော့က အဆင်မပြေတာနဲ့ Favtape ဖြစ်သွားပုံရပါတယ်။
လိုရင်းကို ပြန်ပြောရရင်တော့ playlist တစ်ခုလုပ်ဖို့ အရင်ဆုံး Sign-up လုပ်ရမှာပေါ့လေ။ ပြီးရင် Favtape လေးတစ်ခု create လုပ်၊ နားထောင်ရင်း ရှာရင်းဖွေရင်းနဲ့ ကိုယ့် tape ထဲကို Add to tape လေးနှိပ်ပြီး ထည့်လိုက်ရုံပါပဲ။
ဘယ်လို အလုပ်လုပ်သလဲ
ဟိုရက်က Skreemr, Seeqpod, BeeMp3 နဲ့ SongZa တို့လို Internet ပေါ်က ထောင်ပေါင်းများစွာသော server တွေမှာ လူတွေ တင်တင်ထားတဲ့ Mp3 file တွေ index လုပ်ပြီး လူတွေကို search လုပ်လို့ရအောင် လုပ်ပေးတဲ့ Search Engine တွေ ပေါ်လာခဲ့တယ်လေ။ တချို့တချို့တွေက Download ပေးပြီး တချို့တွေကတော့ Download မပေးပါဘူး။
အဲ့ဒီ့ အထဲက တော်တော်စုံစုံကို index လုပ်ရုံမက youtube video တွေကနေ အသံကိုပဲ extract လုပ်ပြီး playback လုပ်လို့ရအောင်လုပ်ပေးတဲ့ Seeqpod ရဲ့ database ကို ပရုတ်ဆီ မည်သို့လုပ်လိုက်သည် မသိ ဆွဲစိပြီး ဖွင့်သမျှ သီချင်းတွေကို အဲ့ဒီ့ကနေတဆင့် အရပ် ရှစ်မျက်နှာကနေ လှမ်းဆွဲပေးပြီး ဖွင့်ပေးတယ် ဆိုပါတော့။
တခြား Search Engine Site တွေနဲ့ မတူတာက သီချင်း အတူ နှစ်ပုဒ်သုံးပုဒ် မထပ်အောင်လည်း လုပ်ထားပေးတယ်။ (User ရဲ့ Feedback မပါဘဲနဲ့ အဲ့လို database ကို ဘယ်လို optimize လုပ်လဲ သိသူ တတ်သူများရှိရင် သိချင်လို့ ရှင်းပြ ပေးကြပါဦးဗျာ။)
ဘယ်လို ဒေါင်းလုဒ်လုပ်မလဲ
ဒီအထိရောက်အောင် သည်းခံပြီး ဖတ်လာတဲ့ စာဖတ်သူကို နိဒါန်းမပျိုးတော့ပဲ ပြောပြမယ်ဗျာ။
Step #1 - Firefox ရဲ့ Tools > DownThemAll! ဒါမှမဟုတ် Tools > Downloads (Ctrl + J) window လေးကို ဖွင့်ထား။
Step #2 - သီချင်းဖွင့်တဲ့ page က ကိုယ်ကြိုက်တဲ့ သီချင်းရဲ့ ဧရာမ Title ကြီးကို Drag လုပ်ပြီး ဖွင့်ထားတဲ့ window ပေါ်ကို Drop လုပ်လိုက်။ အဲ့ဒီ့မှာ Download စပြီ။
Step #3 (for DownThemAll!) - Download လုပ်လို့ပြီးသွားရင် fetch ဆိုပြီး ထွက်လာတဲ့ file လေးကို .mp3 extension ပါတဲ့ နာမည်လေးပြောင်းပြီး သိမ်းလိုက်ရုံပါပဲ။
Javascript ကို အဓိကသုံးပြီး run တဲ့ Favtape ကတော့ တွေ့မိသမျှ web2.0 service တွေရဲ့ Mash-up တွေထဲမှာ တော်တော်လေးကို impressive ဖြစ်တဲ့ mash-up တစ်ခုလို့တောင် ပြောလို့ရပါတယ်။
ကဲ… Favtape.com ကို စမ်းသုံးကြည့်လိုက်ပါဦး…
သီချင်းကောင်းလေးတွေ တွေ့ရင်လည်း Share လိုက်ပါဦးဗျာ။ Falling for you လို့ နာမည်ပေးထားတဲ့ playlist လေးကတော့ ကျွန်တော် ဒီရက်ပိုင်း နားထောင်ဖြစ်တဲ့ သီချင်းလေးတွေပေါ့ဗျာ။
[Title image credits goes to iboy_daniel]










8 Comments
“Limewire တို့ Aries တို့နဲ့ download လုပ်နေကြပဲ ဆိုပြီး ဆက်မဖတ်ပဲ နေလို့ကတော့ မှားမယ်နော်…”
“(အဆုံးထိဆက်ဖတ်နော်… ဘယ်လို ဒေါင်းလုဒ်လုပ်ရလဲ ဆိုတာပါ တခါတည်း တိုးတိုးတိတ်တိတ် ပြောပြမယ်) :D”
Before anyone says anything, yes… these are also “legal” lines for bloggers to use to get their article read
အခုလို ပြည့်ပြည့်စုံစုံ ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်တယ်ဗျာ။ သီချင်းတွေမွှေလို့ရတဲ့နေရာ တစ်ခု တိုးလာပြီပေါ့။ သူတို့လုပ်ထားတာ တော်တော် ကောင်းမယ့် ပုံပဲနော်။ သီချင်းမထပ်အောင် ဘယ်လိုလုပ်လဲဆိုတော့ ဒီလိုလေ ဟို .. အဲ .. သိဘူးဗျ။
ကျွန်တော့်ဆီကနေတော့ ပန်ဒိုရာရေဒီယိုကို ultra surf နဲ့ ဆိုရင် နားထောင်လို့ရတယ်။ ကျွန်တော်အကြိုက်ဆုံး ရေဒီယိုက ပန်ဒိုရာပါခင်ဗျ။
စုံတယ်ဗျ ကျနော်ကြိုက်တဲ့ Artist တွေရဲ့ သီချင်းကောင်းတွေစုထားတာဆိုတော့ တော်တော်အဆင်ပြေတယ်။ ပြောပြတဲ့အတွက်ကျေးဇူး။ (ရေးထားတဲ့ ရေးပုံရေးနည်း လေးလဲကြိုက်မိပါရဲ့ အဟက်)
ကျေးဇူးတင်တယ်ဗျာ…အခုလိုသေချာရှင်းပြပေးထားတာ…ကျနော်လည်းသီချင်းခရေဇီပဲ..စမ်းကြည့် လိုက်အုံးမယ်…
သီချင်းကြိုက်တဲ့သူဆိုတော့ … တစ်ကယ့်ရွှေတွင်းပဲ။
Thanks for sharing. It’s very useful for music lovers.
[...] အဟောက်ခံရတာမျိုးရှိမယ်၊ Free MP3 download လို keyword နဲ့ရှာလိုက်တယ် result တွေကလည်း [...]
[...] [View Favtape.com:My favorite online jukebox (so far)] [...]
Got something to say?