How to be Emo

How to be emo

ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော စလုံးရောက်နေတဲ့ မြန်မာကျောင်းသား population လေးထဲမှာရော တဖြည်းဖြည်းနဲ့ emo လေးတွေ များများလာလိုက်တာ ဟိုလူလည်း emo ဒီလူလည်း emo နဲ့ Popular trend တစ်ခုကိုဖြစ်လို့။ ဒီလို popular trend တစ်ခုထဲ emo တစ်ယောက် အဖြစ်ဝင်ဆံ့နိုင်ဖို့ နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။

Emo ဆိုတာဘာလဲ?

Emo ဆိုတဲ့ ဝေါဟာရဟာရှိခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် အခု အချိန် အထိ တိတိကျကျ definition ဘယ်သူမှ မထုတ်နိုင်သေးပါဘူး။

နောက်ဆုံး သိရှိရတဲ့ အချက်ကတော့ emo တွေဟာ သူတို့ကို သူတို့ ဘယ်လိုပါ ဘယ်ညာပါဆိုပြီး definition ထုတ်ရင်း ထုတ်ရင်း ဒေါသတွေထွက် စိတ်ဓါတ်တွေကျလို့ လည်ပင်း ကြိုးကွင်းစွပ်၍ဖြစ်စေ၊ ကိုယ့်လက်ကောက်ဝတ် ကိုဓါးနဲ့ လှီး၍ဖြစ်စေ စတေးသွားကျတဲ့အတွက် နောက်နောင် emo များက တစ်ဆင့် အဖြေထုတ်ဖို့ ကြိုးစားဆဲလို့ သတင်းရပါတယ်။

Emo လို ပြုကျင့်ပါ

Emo မဖြစ်ခင်မှာ emo ဖြစ်ဖို့ အတွက် သရုပ်ပါအောင် ကိုယ့်စိတ်ကို ကိုယ်အရင် ပုံသွင်းရပါမယ်။

  • ဒီတော့ စိတ်ညစ်တယ်ဆိုတဲ့ စကား ကိုယ့်ဟာကို ခဏခဏ repeat လုပ်ပေးပါ၊
  • ဘာမဟုတ်တဲ့ ကိစ္စကို ဘာမဟုတ်ရကောင်းလားဆိုပြီး ဒေါသထွက်နေပါ။
  • မြင်မြင်သမျှကို စိတ်ဓါတ်ကျစရာကောင်းအောင် တွေးပါ၊ (မတွေးတတ်ရင် ထီပေါက်စဉ်ကိုရှေ့ချပြီး ဒီနံပါတ်တွေကို ငါ မထိုးမိလေခြင်းဆိုပြီး စိတ်ဓါတ်ကျပါ)
  • လူလည်ကောင်မှာ ထိုင်ပြီး သူတို့ကို အဖတ်မလုပ် စကားမပြောပဲ ခေါင်းငိုက်စိုက်ချကာ အထီးကျန်နေပါ။
  • တစ်ကမ္ဘာလုံးက ၀ိုင်းပြီး နားလည်မှု မပေးနိုင်တဲ့လူတစ်ယောက် အဖြစ် ကိုယ့်ကိုကိုယ်ခံယူထားပါ။

Emo သီချင်းတွေကို နားထောင်ပါ

  • ကိုယ့် library ထဲမှာရှိသမျှ သီချင်းတွေ ဖျက်ပစ်ပါ၊
  • CD ခွေ cassette ခွေတွေ မီးရှို့ပစ်ပါ၊ (အဲ့ဒါလုပ်ရင်းနဲ့ ငါ့ကိုယ်ဖျော်ဖြေမှု မပေးနိုင်တဲ့ သီချင်းတွေဆိုပြီး စိတ်ဓါတ်ကျပါ)
  • Emo သီချင်းတွေ လိုက်နားထောင်ပါ၊ Last.fm က emo ဆိုတဲ့ tag နဲ့ရှာပြီး ပေါ်လာသမျှ သီချင်းတွေကို နားထောင်ပါ။ Lyrics တွေကိုရှာပြီးဖတ်ပါ။ ခံစားပါ။ ရင်ထဲကို မရအရ ဆောင့်သွင်းပါ။
  • အသည်းကွဲ သီချင်းနားထောင်ရင်း ဟိုတစ်နေ့က လမ်းမှာ ရုတ်တရက် တွေ့လိုက်မိတဲ့ ကောင်မလေးကို ငါနာမည် မမေးလိုက်ရလေချင်း ဆိုပြီး ဆွေးပါ။
  • သူငယ်ချင်းကို မုန်းတဲ့ သီချင်းတွေနားထောင်ပြီး ကိုယ့်ကိုယ် စသမျှ နောက်သမျှ သူငယ်ချင်းတွေကိုမုန်းပါ၊
  • သူငယ်ချင်းကို လွမ်းတဲ့ သီချင်းတွေ နားထောင်ရင် ဟိုးအရင်က ဂျင်ပေါက်တဲ့ သူငယ်ချင်းကို သတိရပြီး စိတ်ညစ်ပါ။

သတိထားဖို့ အချက်က အဲ့ဒီ့ music နဲ့ ကိုယ်နဲ့ အဆက်မပြတ်ရှိနေဖို့ပဲ။

  • iPod ထဲမှာ အဲ့ဒီ့ သီချင်းတွေထည့်ထားပါ၊
  • ringtone ကို ကိုယ့်အခံစားရဆုံး သီချင်းကိုထားပါ၊
  • handphone ထဲမှာ လိုရမယ်ရ လေးငါးဆယ်ပုဒ်လောက် ထည့်ထားပါ။
  • သူငယ်ချင်းတွေက ပျော်စရာ ပြောနေလို့ ပျော်ချင်သလိုလိုဖြစ်လာရင် နားကြပ်ကောက်တပ်ပြီး နားထောင်ပါ။
  • သူငယ်ချင်းတွေက သူတို့ကြားထဲမှာ anti-social ဖြစ်တယ်လို့ ပြောလာရင်၊ အဲ့လို အကြည့်တွေနဲ့ ကြည့်လာရင်၊ ဂရုမစိုက်ပဲ ပစ်ထားရင်၊ နားကြပ်မတပ်ပဲ သူတို့နဲ့ ပျော်ပျော်နေဖို့ပြောလာရင် ကိုယ့်ကိုနားမလည်ရကောင်းလား ဆိုပြီး စိတ်ညစ်ပါ။

Discover your inner emo

အပေါ်မှာ ပြောတာလေးတွေ လုပ်နိုင်ရင် ခရီးတစ်ဝက်ရောက်ပါပြီ။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ပါ။ ငါသည် တစ်နေ့မှာ ဘယ်နှစ်နာရီလောက် ပျော်နေသေးလဲ။ ငါ့ဘ၀ကြီး ကို ငါဘယ်နှစ်ခါလောက် enjoy ဖြစ်မိလဲ စသဖြင့်ပေါ့။

အဲ့ဒါတွေကိုယ် ကိုယ့်ကိုကိုယ် ပြန်မေးရတာကို အဖြေပေးချင်စိတ်မရှိ လောက်အောင် စိတ်ညစ်နေရင်တော့ ကိုယ့်ကိုကိုယ် emo ဖြစ်ပြီလို့ ကြေငြာပြီး စိတ်ဆက်ညစ်ပါတော့။

Convey your emo image

ဆံပင်ပုံစံကို emo ပုံပြောင်းပါ၊ အရင်တုန်းက အရောင်ဆိုးထားမိရင် အနက်ရောင်ပြန်ဆိုးပါ။ အနက်ရောင်နဲ့ မကျေနပ်ရင် ပန်းရောင်၊ အစိမ်း၊ အဖြူ ထဲက ကြိုက်တဲ့ အရောင်တစ်ခုကို မျက်စိရှေ့ကျနေတဲ့ ဆံပင်မှာ တစ်ကြောင်းလောက်ဆိုးပါ။ ရွေးရမှာ စိတ်ညစ်ရင် သုံးခုလုံး သုံးကြောင်း ဆိုးလိုက်ပါ။ Eye-liner ကို နာနာလေးဆိုးပေးပါ။ သိပ်အထူကြီးမဆိုးပါနဲ့ gothic နဲ့ အမှားခံလို့ မဖြစ်ပါဘူး။ လက်သည်းနီ အနက်ဆိုးပါ။

T-shirt အနက်ရောင် သို့ အရောင်ရင့်ရင့်တွေ horizontal stripes အကြီးကြီးတွေ ပါတာမျိုးတွေ ၀တ်ပါ။ (vertical ဆိုရင်တော့ ဘောလုံးအင်္ကျီနဲ့ ရောသွားနိုင်တယ် အင်မတန် သတိထားပါ) ကိုယ်ဝတ်နေကျ size ထက် တစ် size လျှော့ပြီး ၀တ်ပါ။ ဂျင်းဘောင်းဘီ အနက်ရောင် သေးသေးလေးတွေပဲ ၀တ်ပါ။ ဘယ်တော့ (ဘယ်တော့) မှ ဘောင်းဘီတို မ၀တ်ပါနဲ့။ ဘောင်းဘီတိုဟာ emo အတွက် မဟုတ်ပါဘူး။ မိန်းကလေးတွေ အနေနဲ့ skirt တိုတိုနဲ့ checkered socks နဲ့ တွဲဝတ်ပါ။ ပြီးရင်တော့ Canvas ဖိနပ် အနက်ဝတ်ပါ၊ စုတ်လေ ကောင်းလေပါပဲ။

Accessory အနေနဲ့ သားရေပင် အနက်တွေပါတ်ပါ၊ လည်ပတ် အနက်တွေပါတ်ပါ၊ အနက် သို့မဟုတ် checkered လက်စွပ်တွေ ၀တ်ပါ။

On the side note

မြင်မြင်ရသမျှကို တွေ့သလောက် ပြောပြတာပေါ့လေ။ ဒါပေမယ့် emo တွေရဲ့ style မိုက်တယ် unique ဖြစ်တယ်ဆိုပြီး emo ဖြစ်ချင်တဲ့ သူတွေကိုတော့ သတိပေးရမယ်။ သူတို့ရဲ့ fashion ကို မောင်မြတ်မင်းဟန် သေချာလေ့လာထားလို့ အပေါ်မှာလို ရေးနိုင်တာ မဟုတ်ပါဘူး။

လူတိုင်းလိုလို ဒီ uniform နဲ့တွေ့နေရလို့ ပြောနိုင်တာပါ။ ဒီတော့က unique ဖြစ်ချင်လို့ emo ဖြစ်လို့ကတော့ unique ဖြစ်တဲ့ လူထောင်သောင်း သိန်းသန်းပေါင်း များစွာ ထဲက တစ်ယောက်တော့ ဖြစ်လာနိုင်တယ်လို့။

မြတ်မင်းဟန် ပျောက်သွားလိုက်တာ ပြန်လဲပေါ်လာရော emo အကြောင်းရေးတယ်ဆိုပြီး emo ဖြစ်သွားပြီ မထင်ပါနဲ့။ အရှင်လတ်လတ် တောင့်တောင့်ကြီးနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီး ဖြီးဖြီးကြီး ရှိပါသေးတယ်။ (ကျွန်တော့် facebook ထဲက သူငယ်ချင်းတွေ သိပါလိမ့်မယ်)

မရေးတာကြာတော့ လေးလေးပင်ပင် မရေးချင်လို့ ဒါလေးရေးလိုက်တာပါ။ မရေးဖြစ်တာ ကြာသွားတာလဲ တောင်းပန်ပါတယ်။ အလုပ်တွေရှုပ်ပြီး အရှုပ်တွေလုပ်တာက တမျိုး၊ သူများဆီကရတဲ့ ရုပ်ရှင်တွေ အလကားထိုင်ထိုင် ကြည့်နေတာတမျိုးကြောင့် အပျင်းတစ်သွားလို့ပါ။

ကဲ… Emo ဖြစ်ရင်း စိတ်ညစ်နိုင်ကြပါစေလို့…

[photo credits to JasonRogers]

About Mike Han

I am a versatile web technology evangelist. Currently, I code by day: at my full-time employment and I learn by night. By day, I meddle with PHP, Javascript, iOS Development, C++ and C# and by night, I play around with C, Python, ROR, AWS or anything worth exploring. I also take a healthy dose of wire-framing, doing system/business analysis, training or designing from time to time.
This entry was posted in Writings and tagged , , , , , , , . Bookmark the permalink.

22 Responses to How to be Emo

  1. goldbull says:

    haha.. now thats useful.. btw, is there any age restriction to become an emo?

  2. mmhan says:

    ကိုယ့်လက်ကောက်ဝတ်ကို ကိုယ်ဓါးနဲ့လှီးနိုင်တဲ့ အရွယ်ဖြစ်ဖို့လိုပါတယ်။

  3. jurassic says:

    ဟားဟား မိုက်တယ်ဗျာ.. အီမို ကို အဓိပ္ပါယ်ဖွင့်သွားတာ…ကိုယ်လည်း ကိုယ့် အီမိုးရှင်းနဲ့ ကိုယ်နေတာပဲ…ဒါပေမယ့်  အဲဒီအီမို တွေကို အမြင်ကပ်နေတာကြာပြီ….တမင်လုပ်ယူနေသလားလို့ ….

  4. mmhan says:

    ဟီး… အခုလို အမြဲဖတ်တဲ့ reader တွေကို တွေ့ရလို့… နားရွက်ကြီးကားကျလာပြီ… (နှုတ်ခမ်းက အဲ့ဒီ့ တပ်ချိတ်နေလို့) :D

  5. shirley says:

    LOLL! how come ur posts are weirdos?? :-P

  6. MrDBA says:

    သြော် .. အဲဂနိုလား ..အီမိုဆိုတာက။

  7. ဥရှည် says:

    hey yo!!!!!
    how come u konw a lot about emo, those freaking asses…….
    :D
    anyway, it’s awesome!!!!!!!!!!!!!!!!
    nice shot dude

  8. Dart says:

    That’s funny…….reading this don’t waste my time….hahah…..
    min ngal2 tone ka a kyint twae ma pyout thay bu ko……

  9. mmhan says:

    @Dart ဟားဟား… ဘယ်အကျင့်တွေလဲ? နှပ်ချီးထွက်တဲ့ အကျင့်လား၊ လူကြားထဲရောက်ရင် အသံမမြည်အောင် အီးပေါက်ပြီး မသိချင်ယောင်ဆောင်တဲ့ အကျင့်လား? :P

  10. SuN says:

    ဟယ်.. ကြည့်စမ်း .. မြတ်မင်းဟန် တယောက် သေသေချာချာ Thesis လုပ်ပြီး ရေးထားတာပဲ။ :P

  11. ewphyo says:

    emo ကြီးတော့ မလုပ်နဲ့၊ တော်တော်အမြင်ကပ်ဖို့ကောင်းတာ

  12. sLai says:

    Ko mmh..
    Emo phit chin dae sate layy daung baenarr youte thwar mhan daung ma thi daut buu…after reading ur article, nae nae nin thwar dae byo..

  13. Anonymous says:

    Emo ပုံ ဖမ်းနေတဲ့ သူတွေရယ် တကယ့် Emo ရယ် နှစ်မျိုးရှိပါတယ်။ တကယ့်ကို Emo ရောဂါ ဖြစ်နေတဲ့ လူတွေဟာ အချိန်မီ အကူအညီ မရရင် ကိုယ့်ဘဝဇာတ် ကိုယ်သိမ်းသွားတတ်ကြပါတယ်။ အချို့လည်း အချိန်တစ်ခုရောက်တဲ့အခါ ရင့်ကျက်ပြီး သာမန်လူတစ်ယောက်လို ပြန်ဖြစ်သွားတယ်။ တကယ့်ကို စိတ်ဓာတ်ကျပြီး Emo ဖြစ်နေတာလား Emo ပုံ ဖမ်းနေတာလား သိချင်ရင် သူ့ခန္ဓာပေါ်မှာ ကိုယ့်ကိုကိုယ် အနာတရ ဖြစ်အောင် လုပ်ထား ကြည့်ပါ။ Emo ပုံ ဖမ်းနေတဲ့ လူယာ ကိုယ့်လက်ကိုယ် လှီးမှာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အနာတရဖြစ်အောင် တမင်လုပ်ထားတဲ့ အခြေအနေဖြစ်စေ၊ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားထားတဲ့ အရိပ်အယောင်ဖြစ်စေ တွေ့ခဲ့တယ်ဆိုရင် မိဘ သို့မဟုတ် အုပ်ထိန်းသူကို အသိပေးဖို့ လိုအပ်နေပါပြီ။

  14. mmhan says:

    @Anonymous အဲ့လိုကြီး တစ်ထစ်ချ ပြောလို့တော့ မရပဲဘူး.. စိတ်ဓါတ်အမြဲတမ်းကျနေတဲ့ လူတစ်ယောက်ကို emo လို့ပြောနိုင်ပေမယ့် emo ဖြစ်သူတိုင်းသည် သူ့လက်သူ ဓါးနဲ့ မလှီးပါဘူး။ emo ပုံဖမ်းနေတဲ့ တချို့ဟာလည်း တကယ့်ကို seriously emo နဲ့ တူချင်လို့ဆိုပြီး ကိုယ့်လက်ကိုယ် ဓါးနဲ့ လှီးတဲ့သူမျိုးလည်းရှိပါတယ်။

    အခုလောလောဆယ် emo နှစ်မျိုးအနေနဲ့ Poser လုပ်နေတဲ့သူတွေနဲ့၊ တကယ့်ကို အမြဲတမ်း စိတ်ဓါတ်ကျနေတဲ့အပြင် emo လို ၀တ်စားဆင်ယင်တဲ့ သူတွေကို emo လို့ ခေါ်တယ်လို့ထင်ပါတယ်။ (Side note: no person nor myself was harmed to come up with that statement) :D

  15. Anonymous says:

    ကျွန်တော် ပြောချင်တာက Self-Harm လုပ်ဖူးတယ်ဆိုရင် Suicide လုပ်မိဖို့ အရမ်းဖြစ်နိုင်ပါတယ်။ Hannah Bond လို မဖြစ်သွားစေချင်လို့ပါ။ အဲဒီ့ ကောင်မလေးအကြောင်း ရှာဖတ်ကြည့်ပါ။ ဒီ Link လေးကိုလည်း တစ်ချက်ဖတ်ကြည့်ပါ။ http://www.cyh.com/HealthTopics/HealthTopicDetails.aspx?p=240&np=298&id=2050#7

  16. Pingback: 5 moving Movies that might bring Tears - mmhan's gone comical!

  17. Htoo Tay Zar says:

    ကျွန်တော်တော့ emo ထက် nemo ကို ပိုကြိုက်တယ်ဗျ။ အဲဒီ ငါးမွေးချင်တာ ရေငံ မရှိလို့ ဟီး အမှန်တော့ဗျ emo သီချင်းဆိုတာ ဘယ်လို band မျိုးတွေလဲ တော့ သိပ်မသိဘူးဗျ သူတို့ က punk အနွယ်တွေလို့ တော့ပြောတာပဲ punk ဆိုရင်တော့ NOFX, Casulaties, Rancid တို့ တော့ ကြိုက်တယ် ဗျာ..

  18. exiter says:

    ကျွန်တော်ကတော့ Emo Design ကိုကြိုက်တာဗျ။ စိတ်နေစိတ်ထားကို တော့ မကြိုက်ဘူးဗျ..
    EMO music တွေတော့ ကြိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် EMO တွေရဲ့ စိတ်နေစိတ်ထားကို သိသင့်သလောက်သိသွားတာပေါ့ ။ :D

  19. zephyur1990 says:

    hehe funny :)

  20. siasper says:

    တစ်ခါတည်း atheist/atheism
    အကြောင်းလေးပါရေးပါလား :P ဟီး

    .

  21. ဂျိုးမင်း says:

    ဟားဟား
    ကိုမြတ်မင်းဟန်က emo အကြောင်းကိုအတော်လေး လေ့လာစုဆောင်းထားတာပဲ။
    အခုမှပဲ emo ဆိုတာဘယ်လိုမျိုးလဲလို့သဘောပေါက်တော့တယ်။ :D

  22. ဆင်ပုတ် says:

    ဟီးဟီး.. မိုက်လကွာ..

    ကိုယ့်ချစ်သူလေးကတော့ အီမို ဖြစ်ချင်ယောင်ဆောင်နေတယ်လေ။ ပြောချင်တာကရူးချင်ယောင်ဆောင်နေတာလေ။ခိခိ။

    အီမိုတွေက အရူးတွေပဲ အမှန်တော့။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>