ကျွန်တော်တို့ မြန်မာများ blog post တစ်ခု ရေးကြပြီဆိုရင် များသောအားဖြင့် ၀တ္ထုတိုများ၊ ဆောင်းပါးများ စသဖြင့် စာပိုဒ်တွေ စာကြောင်းတွေ အရှည်ကြီး ရေးတတ်ကြပါတယ်။ အဲ့လိုရေးကြတဲ့ အခါမှာ ကျွန်တော်တို့ တော်တော် များများဟာ ကိုယ်ရေးနေတဲ့ media ကို မေ့ပြီးတော့ စိတ်ထဲမှာရှိရာကို အထူးတလည် အရှည်ဖွဲ့ပြီး မဂ္ဂဇင်းစာမူတွေ ရေးသလို ရေးလေ့ရှိကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေ မေ့သွားလေ့ရှိတာက၊ ကျွန်တော်တို့ရဲ့ စာကို ဖတ်မဲ့သူတွေဟာ blog တစ်ခု အနေနဲ့ ဖတ်နေတာဖြစ်ပြီး စာအုပ်တစ်အုပ်လို လက်မှာကိုင်ပြီး ဖတ်နေတာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒီတော့ ကိုယ်ရေးတဲ့ စာအရှည်ကြီးကို တကယ်တမ်း အစအဆုံး ဖတ်တဲ့သူ ပိုများအောင် ဘယ်လိုလုပ်ရမလဲလို့ သိသလောက် တတ်သလောက် အချက်၅ချက်ကို မျှဝေလိုက်ပါတယ်။
ခေါင်းစဉ်ကောင်းတစ်ခု
ကိုယ့် blog ကိုလာဖတ်တဲ့ စာဖတ်သူ တစ်ယောက်ဟာ အမြဲတမ်း blog တစ်ခုကနေ သူတို့ စိတ်ထဲမှာ ဖတ်ချင်နေတဲ့ topic တစ်ခုရှိတတ်ပါတယ်။ အဲ့ဒီ့ topic ဟုတ်သည် မဟုတ်သည်ကို စိတ်ရှုပ်ခံပြီး အစကနေ တ၀က်လောက်၊ တစ်ခါတစ်လေမှာ အဆုံးထိရောက်အောင် ဖတ်ပြီးမှ သူတို့ဖတ်ချင်တဲ့ စာမျိုးမဟုတ်တာကို သိရတာမျိုးမဖြစ်ပါစေနဲ့။ ကိုယ် ဘာအကြောင်းပြောတော့မယ် ဆိုတဲ့အကြောင်းကို အကျဉ်းချုံ့ပြီး ခေါင်းစဉ်မှာ တစ်ခါတည်းပြောပေးပါ။ ဒါမှသာ ကိုယ့် Post ကို ဖတ်ချင်တယ်ဆိုတဲ့ လူမျိုးကဖတ်ပြီး မဖတ်ချင်တဲ့ သူက တခြား Post တွေရှာပြီးဖတ်လို့ရမှာပါ။
Post တည်ဆောက်ပုံ
စာဖတ်သူတစ်ယောက်ဟာ ဖတ်နေရင်းနဲ့ နည်းနည်းလေး အရစ်ရှည်လာပြီလို့ ထင်တာနဲ့ ပထမဆုံးလုပ်တာက စိတ်ဝင်စားစရာ တခြား link တစ်ခုကိုရှာကြတာမျိုးဆိုတော့ စာရှည်တာနဲ့ အမျှ အစအဆုံးဖတ်ဖို့ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။
အဲ့တော့ စာရေးရာမှာ တတ်နိုင်သမျှ အတိုဆုံးချုံ့ရေးပြီး ကိုယ်ပြောချင်တာမျိုးကို အဓိကထားပြောသွားဖို့ အရေးကြီးပါတယ်။ ၀တ္ထုတိုတွေ ရေးရာမှာလည်း အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ၊ metaphor တွေ အဓိကထားပြီးတော့ ကိုယ်ပြောချင်ရာအချက်ကို ပြောရပါမယ်။ KISS ဆိုတဲ့ formula လေးကို သတိရပြီး post များကို “Keep It Short and Simple” ဆိုတဲ့အတိုင်းရေးသင့်ပါတယ်။
Post Formatting and Layout
စာအများကြီးကို computer screen ပေါ်မှာ ဖတ်ရတဲ့သူများဟာ ကြာကြာ မဖတ်နိုင်ကြပါဘူး။ အဲ့ဒီ့အခါမှာ အများစုဟာ post တစ်ခုလုံးကို တစ်လုံးချင်းစီလိုက်မဖတ်တော့ပဲ၊ အရေးကြီးတဲ့ keyword တွေကိုပဲ scan လုပ်ပြီးဖတ်ကြပါတယ်။
အဲ့လို ဖတ်လို့ လွယ်အောင်လည်း စာရေးသူအနေနဲ့ keyword တွေကို bold လုပ်ပေးသင့်ပါတယ်။ အဲ့လို လုပ်ပေးခြင်းအားဖြင့် စာဖတ်သူ အတွက်လည်း အဆင်ပြေနိုင်တဲ့ အပြင် search engine များ အတွက်လည်း keyword များကို pick out လုပ်ဖို့ အတွက် ပိုလွယ်ပါတယ်။
Decorating your post
တတ်နိုင်သမျှ ကိုယ့် post နဲ့ဆိုင်တဲ့ graphic များကို ကိုယ်တိုင်ကိုယ်ကျ ဓါတ်ပုံရိုက်၍ဖြစ်စေ၊ ကိုယ်တိုင် Photoshop နဲ့ပဲဖြစ်ဖြစ်၊ illustrator နဲ့ ဖြစ်ဖြစ် create လုပ်ပြီးဖြစ်စေ၊ Creative Common license နဲ့ register လုပ်ထားတဲ့ ဓါတ်ပုံများ graphic များကိုရှာပြီး အသုံးပြု၍ဖြစ်စေ၊ royalty free stock graphics များကို အသုံးပြုပြီး ဖြစ်စေ post ကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင် decorate လုပ်သင့်ပါတယ်။
Numbers and Bullets
ဆောင်းပါးတစ်ခုအနေနဲ့ ရေးတဲ့ အခါမျိုးမှာ သတင်းစာဆောင်းပါးလိုမျိုး အတုံးလိုက် အတစ်လိုက် မရေးပဲ ကိုယ်ပြောချင်တဲ့ Point တွေကို Number တတ်ပြီးတော့ ဖြစ်စေ၊ Bullet point လေးများနဲ့ ဖြစ်စေ ရေးသင့်ပါတယ်။ ဒါမှ ဖတ်ရတာ ပိုလွယ်ပြီး၊ scam through လုပ်ပြီးမှ ဖတ်သင့် မဖတ်သင့် ဆုံးဖြတ်သူမျိုးအတွက် အဆင်ပြေနိုင်ပါတယ်။
ဒါကတော့ ကျွန်တော်ဖတ်နေကြ professional blog များမှ သတိထားမိတဲ့ အချက်တချို့နဲ့ ဖတ်မိလေ့လာမိတဲ့ အချက်တချို့ ဖြစ်ပါတယ်။ ပြောရတာလွယ်ပေမယ့် တကယ်တမ်း လိုက်လုပ်ဖို့တော့ အင်မတန်ခက်လို့ ကျွန်တော်ကိုယ်တိုင် တစ်ခါတစ်ခါ အရစ်ရှည်ပြီး အရှည်ကြီးတွေ ရေးတတ်ပါသေးတယ်။
တခြားဖတ်သူများ အတွက် လေ့လာရမှာ အဆင်ပြေအောင် လိုတာများရှိရင်လဲ comment များပေးသွားကြပါလို့ တောင်းဆိုရင်း…
[photo credits to Mezzoblue]









8 Comments
Well basically I just scan the blog posts ,news and news papers for a couple of minutes. Only when its and interesting topic for me i read it.
မျှပေးတာ ကျေးဇူးပဲ။
Thank for sharing. I learnt a lot but still difficult to do so.
ကျေးဇူးများကြီးတင်ပါတယ်
ဒါပေမယ့်ချယ်ရီအတွက်တော့များကြီးလိုသေးတယ်
ကြိုးစားကြည့်မယ်
blog နဲ့ပတ်သက်လို့လိုအပ်တာလေးတွေမေးရင်ဖြေပေးပါနော်
Not a problem guys. Glad that you dropped by.
[...] အကုန်ချရေးထားတဲ့ ကျွန်တော့် post အရှည်ကြီးတွေကို လူဖတ်ချင်အောင်လည်း [...]
This is such a nice post. By the way, your theme is very creative.
@Disco Thanks
Got something to say?