(With an accompanying video in Plain English by CommonCraft)
Internet ကို private company တွေ တပ်ဆင်ခွင့်ပြုလိုက်တဲ့ အချိန်ကစပြီး အခု တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံမှာ Gtalk နဲ့ chat ကြ၊ Blog တွေရေးကြ၊ ဖတ်ကြ၊ website တွေမှာ သတင်းတွေဖတ်ကြ၊ သီချင်းတွေ download လုပ်ကြ၊ forum တွေမှာရေးကြ၊ social network site တွေမှာ profile တွေလုပ်ကြနဲ့ တဖြည်းဖြည်း မြန်မာ netizen များများလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် web2.0 ရဲ့ အရှိန်နဲ့ အတူပေါ်ပေါ်လာတဲ့ site တွေနဲ့ သူတို့ရဲ့ eco-system ကိုတော့ နားလည်သူနည်းလှပါတယ်။
ဒါကိုရှင်းပြရရင်လည်း tech-savvy မဖြစ်သူတွေများတဲ့ Myanmar netizens တွေအတွက် ရှင်းပြရခက်တယ်လေ။ ကဲ အဲ့တော့… ပြောနေ ကြာပါတယ်… social media ဆိုတာ ဘာလဲဆိုတာကို Scoopsville ဆိုတဲ့ မြို့လေးကို ဥပမာထားလို့ လွယ်လွယ်လေး ဘယ်လို ရှင်းပြထားတာကို ကြည့်လိုက်ကြရအောင်။
လူတိုင်း ဟိုနားကြား ဒီနားကြား၊ ဟို Site အသစ်ထွက်လာလည်း social media၊ ဒီ သတင်း ဖတ်တော့လည်း social media၊ တွင်ကျယ် အသုံးများလာမယ့် socail media စသဖြင့် ကြားမိ ဖတ်မိ ကြမှာပေါ့။ ဒါပေမယ့် social media ဆိုတာ ဘယ်လို အရာမျိုးပါလိမ့်…
ကဲ… Scoopville ဆိုတဲ့ မြို့လေးကို ဥပမာထားပြီး ကြည့်ရအောင်။ အဲ့ဒီ့ မြို့လေးက ထွက်တဲ့ ရေခဲမုန့်ဟာ အင်မတန်နာမည်ကြီးပေါ့။ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက် အဲ့ဒီ့မြို့က Big Ice Cream ဆိုတဲ့ company ဟာ အကောင်းစား ရေခဲမုန့်တွေကို စက်ရုံကြီး အကြီးကြီးနဲ့ အဆင့်မြင့် စက်ကြီးတွေသုံးပြီး ထုတ်လုပ်ခဲ့တာပေါ့။ ပြီးခဲ့တဲ့နှစ်နှစ် သုံးနှစ်တုန်းက၊ အဲ့ဒီ့ company က သူတို့ရဲ့ consumer တွေဆီရဲ့ အမြင်တွေကို တောင်းခံခဲ့တယ်။ အဲ့ဒီ့မှာ သူတို့ တွေ့ရတာက ရေခဲမုန့်တွေကို vanilla အရသာ၊ chocolate အရသာနဲ့ Strawberry အရသာဆိုပြီး ထုတ်လိုက်ရင်ဖြင့် အမြတ်ပိုထွက်နိုင်တယ်လို့ သိပြီး အဲ့ဒီ့သုံးမျိုးကိုပါ စပြီး ထုတ်လုပ်လာတယ်။ Scoopville ရဲ့ မြို့သူမြို့သားတွေဟာ အဲ့ဒီ့ ရေခဲမုန့်တွေကို သိပ်သဘောကျတာပေါ့၊ ဘယ်တုန်းကမှ ရေခဲမုန့်ကို အဲ့လို အထူးအထွေ ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူးလေ။
ဒါနဲ့ တစ်နေ့ကျတော့ Scoopville ကို Ice Cream Maker ဆိုတဲ့ စက်တစ်ခု ပေါ်လာတယ်။ ရုတ်တရက်အတွင်းမှာပဲ လူတိုင်း လူတိုင်းဟာ သူတို့ကိုယ်တိုင် အကုန်အကျမများပဲ Ice Cream လုပ်လာနိုင်တယ်။ အဲ့ဒီ့မှာ ပွဲက စတော့တာပါပဲ။
Smith က နာနတ်သီး ရေခဲမုန့်လုပ်တယ်။ Jones က မြေပဲအရသာ ရေခဲမုန့်လုပ်တယ်။ မကြာခင်မှာပဲ စဉ်းစားလို့ရသမျှ အရသာမျိုးစုံကို လူတိုင်းလူတိုင်းက သက်သက်သာသာနဲ့ လုပ်လာကြတယ်။ တချို့ ရေခဲမုန့်တွေကတော့ လူကြိုက်များပေမယ့် တချို့တွေကတော့ အဲ့လောက် နာမည်မကြီးဘူးပေါ့။ ဒါပေမယ့် ဒါကိစ္စမရှိပါဘူး။
Sylvia ရဲ့ သခွားသီး ရေခဲမုန့်ကိုတော့ လူကြိုက်အရမ်းနည်းပေမယ့် ကြိုက်တဲ့သူများကတော့ အင်မတန် ကြိုက်ကြတယ်။ ဒါလည်း ကိစ္စမရှိပါဘူး။ သူ့အတွက် နောက်တစ်သုတ် ရေခဲမုန့်တွေ ထပ်ထုတ်ဖို့အတွက် အရင်းလေးရရင်ကို ဖြစ်ပြီလေ။
Jeret ရဲ့ Red velvet ရေခဲမုန့်ကတော့ အရမ်းနာမည်ကြီးလွန်းလို့ သူက သူကိုယ်ပိုင်ဆိုင်လေး တစ်ခုတောင်ဖွင့်လိုက်သေးတယ်။
အချိန်တွေကြာလာတာနဲ့အမျှ လူတွေဟာ ရေခဲမုန့်ပေါ် အမြင်ပြောင်း လာကြတယ်။ ရေခဲမုန့်ဟာ စက်ရုံကထုတ်မှ ရေခဲမုန့် မဟုတ်ပဲ သူငယ်ချင်းတွေလုပ်တဲ့ ရေခဲမုန့်လည်း ရေခဲမုန့်၊ အိမ်နီးချင်းတွေလုပ်တဲ့ ရေခဲမုန့်လည်း ရေခဲမုန့်လို့ လက်ခံ စားသုံးလာကြတယ်။
အဲ့ဒီ့အခါမှာ ကိုယ့်ရေခဲမုန့်ဟာ အချင်းချင်းကြားမှာ ဝေမျှစရာလေး တစ်ခုဖြစ်လာတယ်။ ရေခဲမုန့်တွေ ဝေစားရင်း မသိတဲ့လူတွေ မိတ်ဆွေဖြစ်လာကြတယ်။ ဒီ ရေခဲမုန့်လေးတွေကို အကြောင်းပြုပြီး လူတွေ ပျော်ပွဲရွှင်ပွဲလေးတွေ လုပ်လာကြတယ်။
Big Ice Cream ကတော့ အကောင်းဆုံး vanilla ရေခဲမုန့်ကို လုပ်တုန်းပါပဲ။ အဲ့ဒီ့အပြင် သူတို့ မထင်ထားပဲ သူတို့ရဲ့ ရေခဲမုန့် ကို စားချင်သူတွေလည်း တဖြည်းဖြည်းများလာတယ်။ တခြားတခြား မြို့များကတောင် လူအများကြီး ဒီရေခဲမုန့်တွေကို စမ်းပြီး စားကြည့်ချင်လို့ ရောက်လာကြတယ်။
ဒါပေမယ့် သူတို့ရောက်လာရတာက Scoopsville မြို့သားတွေရဲ့ အရသာမျိုးစုံ၊ အထူးအဆန်းတွေနဲ့ ရေခဲမုန့်ကို စားချင်လို့ရောက်လာကြတာပါ။ ဒါပေမယ့် တကယ်စားတော့မယ်လည်း ဆိုရော ရေခဲမုန့်တွေက အရသာ အများကြီးဖြစ်ပြီး၊ ဘယ်ဟာစားလို့ စားရမှန်း မသိဖြစ်လာတယ်။ သူတို့ စားချင်တဲ့ အရသာကိုရှာဖို့၊ အရသာ အသစ်ကိုရှာဖို့၊ စိတ်ဝင်စားစရာကောင်းတဲ့ အရသာကိုရှာဖို့ အတွက် နည်းလမ်းတွေ လိုလာတယ်။
အဲ့ဒီမှာ Franklin က အကြံတစ်ခုရတယ်။ သူ့အိမ်ရှေ့မှာ သူ Board တစ်ခု ထုတ်ပြီး ထောင်လိုက်တယ်။ သူ့ရဲ့ ရေခဲမုန့်စားတဲ့ သူတွေကို ၀င်ပြီး ရေခဲမုန့်ကို ဘယ်လိုမြင်လဲလို့ ရေးခိုင်းတယ်။ သူ့ consumer တွေ အနေနဲ့ အဲ့ဒီ့ရေခဲမုန့်နဲ့ အရသာကို စာလုံးလေးတွေ (Tag) နဲ့ ဖော်ပြနိုင်တယ်၊ ဘယ်လောက်ကောင်းတယ် ဆိုတာကို ကြယ်လေးလုံး၊ ကြယ်ငါးလုံး စသဖြင့် rating ပေးနိုင်တယ်၊ တခြား စားတော့မယ်လူတွေ ဖတ်လို့ရအောင် စာလေး တစ်ကြောင်း နှစ်ကြောင်းရေးပြီး အမြင်တွေကို ရေးပေးခဲ့လို့ ရပါသေးတယ်။ Franklin ရဲ့ customer တွေက သိပ်ကြိုက်သွားတယ်။ လူတွေက အဲ့ဒီ့ board ပေါ်မှာ ရေးထားတာကို ကြည့်တာနဲ့တင် အဲ့ဒီ့ ရေခဲမုန့်ကို သူတို့လို customer တွေကပဲ ဘယ်လိုမြင်တယ်၊ ကြိုက်တယ် မကြိုက်ဘူး ဆိုတာ ချက်ချင်းသိနိုင်လာတယ်။ သူတို့ အတွက် ဆုံးဖြတ်ရ ပိုလွယ်လာတယ် ဆိုပါတော့။
နည်းနည်းလဲကြာရော ရေခဲမုန့်လုပ်တဲ့ လူတိုင်းလူတိုင်းဟာ သူတို့ အိမ်ရှေ့မှာ board လေးတွေ ထောင်လိုက်ကြတယ်။ Slyvia ရဲ့ သခွားသီး ရေခဲမုန့် ကို လူသိပ်မကြိုက်ကြပေမယ့် ဘယ်မှာမှ မရှိတဲ့အတွက် အထူးအဆန်း အဖြစ် စားချင်စရာလို့ သိလာရတယ်။ Jarret ရဲ့ board မှာတော့ လူတိုင်းက ကြိုက်ပါတယ် အရမ်းကောင်းတယ် စသဖြင့် comment ကောင်းလေးတွေနဲ့ ပြည့်နှက်နေတာပါပဲ။
အဲ့ဒီ့အခါကြတော့ ရေခဲမုန့်လုပ်သူတွေ အတွက်လည်း သူ့ ရေခဲမုန့်ဟာ ဘယ်လိုဆိုတာ သိသာလာတယ်။
ပထမဆုံး သူတို့တွေရဲ့ ရေခဲမုန့်တွေ ပိုပိုပြီးကောင်းလာကြတယ်၊ ပြီးတော့ အလကားရလာတယ့် customer တွေရဲ့ အမြင်ဟာ အကုန်အကျများတဲ့ ကြော်ငြာတွေထက် ပိုအဖိုးတန်တယ်လို့ သိလာကြတယ်။ ပြီးတော့ အဲ့ဒီ့ board လေးတွေရဲ့ အကူအညီကြောင့် customer တိုင်းဟာ သူတို့စားချင်တဲ့ ရေခဲမုန့်ကို အလွယ်တကူ ရှာနိုင်လာတယ်။
နည်းပညာ အသစ်တွေရဲ့ ကျေးဇူးနဲ့ customer တွေကို ဆက်ဆံတဲ့ နည်းလမ်းသစ်တွေကြောင့် Scoopville ရဲ့ resident တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အဖွဲ့အစည်းလေးတစ်ခု အနေနဲ့ ရပ်တည်လာနိုင်တယ်။
ဒါဟာ… ပုံမှန်စားသုံးသူတွေကပဲ ပုံမှန်စားသုံးတွေအတွက် ထုတ်လုပ်လိုက်တဲ့ Social-ရေခဲမုန့် ဖြစ်လာတယ်။
အဲ့ဒီ့ ရေခဲမုန့်နဲ့ Social media မှာ တူတဲ့ အချက်တွေ အများကြီးရှိပါတယ်။
အခုဆိုရင် အလကားရနိုင်တဲ့ blog တွေ၊ podcast တွေ၊ youtube လို video sharing tools တွေရဲ့ကျေးဇူးကြောင့် လူတိုင်းလူတိုင်းဟာ သူတို့ကိုယ်ပိုင် “အရသာ” တွေကို ဖန်တီးနိုင်လာပြီ။ အဲ့အပြင် လူတိုင်းဟာလည်း ဒီ “အရသာ” တွေကို နည်းလမ်းသစ်တွေ (Tags, ratings, reviews) တွေ သုံးပြီး ကိုယ့်အမြင်ကို “အရသာ” ထုတ်လုပ်သူတွေရဲ့ နားတွေထဲ အရောက် ပြောနိုင်လာတယ်။ Company အကြီးကြီးတစ်ခုပဲဖြစ်စေ၊ ကိုယ့်ရဲ့ “အရသာ” အထူးအဆန်းလေးကို ကြိုက်နေတဲ့ ပရိသတ်တွေရဲ့ သာမန် လူတစ်ယောက် ဖြစ်ပါစေ၊ ကိုယ်က “အရသာ” တစ်ခုကို မလုပ်ပေမယ့် လိုက်ပြီးစားကြည့်ချင်တဲ့ ကိုယ့်အမြင်တွေကို ပေးမယ့်လူတစ်ယောက်ဖြစ်ပါစေ၊ Social Media က သူတို့ကို “အရသာ” လို့ ဥပမာပြုထားတဲ့ media ကို ကိုယ်ပိုင် create လုပ်နိုင်၊ သူများတွေကို share နိုင်တဲ့ Tool တွေ၊ အဲ့ဒီ့ media ကို တကယ်လိုချင်တဲ့ စိတ်ဝင်စားတဲ့ လူတွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ပေးနိုင်တယ်လေ။
Tool အသစ်တွေ အသစ်တွေဟာ မြို့တွေရွာတွေ အနှံ့ တစ်ခုပြီး တစ်ခုရောက်လာကြတယ်။
အဲ့လိုရောက်လာကြတဲ့ အခါမှာ ဘယ်လို “အရသာ” မျိုးကို ဖန်တီးမယ်ဆိုတာဟာတော့ ဒီ Tool တွေကို အသုံးပြုမယ့်သူရဲ့ တစ်နည်းအားဖြင့် မင်းတို့ ငါတို့တွေ တစ်ဦးချင်းစီရဲ့ choice ပါပဲ…
Social Media in Plain English from leelefever on Vimeo.
Disclaimer: Above translation is not a direct translation. Alternations of the ways of describing certain details have been made for better picture.










4 Comments
Screenshot of this comment area on Safari
http://i36.tinypic.com/hwirrb.jpg
Yah, I did noticed that as well. I just didn’t have enough time to fix it -_-”
Good example and tidy presentation. Well translation. I learn a lot from this post too but don’t know whether i can make correct choice.
@mabaydar Hmm, why not?
Got something to say?