what-is-gravatar

Gravatar ဆိုတာ Globally Recognised Avatar ရဲ့ အတိုကောက်ပါ။

Avatar ဆိုတာကိုတော့ Forum ဖတ်ဖူးတဲ့သူ၊ ယနေ့ခေတ် website တွေ သုံးဖူးတဲ့ သူတိုင်း သိလောက်ပါတယ်။ မသိဘူးဆိုရင် တစ်ယောက်ယောက်မေးကြည့်၊ သူကပြောလိမ့်မယ်၊ “GTalk က display picture လိုမျိုး website တွေပေါ်မှာ တင်တယ်မလား… အဲ့ဒီ့ပုံကို avatar လို့ သူတို့တွေက ခေါ်တယ်” လို့ပြောပါလိမ့်မယ်။ :)

ဒီတော့ Globally Recognised ဖြစ်တဲ့ Avatar သို့ Gravatar ဆိုတာဘာလဲ..?

Website တစ်ခုသုံးတိုင်း avatar တစ်ခု upload လုပ်မယ့် အစား၊ myname@gmail.com အတွက်ကို avatar တစ်ခု upload လုပ်ပြီး ဘယ် website မှာပဲသုံးသုံး အဲ့ဒီ့ upload လုပ်ထားတဲ့ avatar ကိုသုံးနိုင်တာကို Gravatar လို့ခေါ်ပါတယ်။

I don’t have a Gravatar. Ahh!!!

ဘာမှ ပူစရာမလိုပါဘူး။ အကယ်၍ email တစ်ခုမှာ Gravatar တစ်ခု မရှိဘူးဆိုရင် အဲ့ဒီ့ website က သူ့ရဲ့ default ပုံလေးတစ်ခုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီ site မှာလို အဲ့ဒီ့ email အတွက် generate လုပ်ထားတဲ့ unique avatar လေးတစ်ခု ပြပေးပါလိမ့်မယ်။

သြော်… ဒါဆို.. Gravatar တစ်ခု ဘယ်လိုလုပ်ရမလဲ?

အင်မတန် လွယ်ပါတယ်။ http://www.gravatar.com ကိုသွားပါ။ Account တစ်ခု sign up လုပ်ပါ။ ပြီးရင် အဲ့ဒီ့မှာ ကိုယ်သုံးချင်တဲ့ email အတွက် avatar တစ်ခုကို assign လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အဲ့ဒီ့ email ကိုသုံးထားတဲ့ Gravatar ကို support လုပ်တဲ့ website တွေမှာ အဲ့ဒီ့ avatar ပေါ်လာပါလိမ့်မယ်။

ဘယ် site တွေ က Gravatar support လုပ်လဲ?

ဒီ site လို wordpress engine သုံးထားတဲ့ site တွေ နဲ့ Blog တွေနဲ့ သတ်ဆိုင်တဲ့ site တွေ တော်တော်များများမှာ Gravatar ကို support လုပ်ပါတယ်။

Gravatar support မလုပ်တဲ့ engine တစ်ခုကို Gravatar support ရအောင် ဘယ်လိုလုပ်ရမလဲ?

Gravatar support ကို engine တော်တော်များများမှာ support ပေးနေပါပြီ၊ plug-in တွေ google လုပ်ကြည့်လိုက်ပါ၊ တကယ်လို့ မတွေ့ရင်တော့ Gravatar ရဲ့ Developer Resource က Reference Implementations အောက်မှာ တစ်ချက်ကြည့်လိုက်ပါ။

Share and Enjoy:
  • Digg
  • Google
  • Facebook
  • del.icio.us
  • TwitThis
  • E-mail this story to a friend!

Related posts