HTML အကြောင်းပြောပြီဆိုတော့ နည်းနည်းလေး Technical ပိုင်းပိုများမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် HTML အကြောင်းကို introduction လောက်လေးပဲ လုပ်သွားမှာဖြစ်တဲ့ အတွက် ဘာမှတော့ သိပ်အများကြီး မပါသေးပါဘူး။
သာမန် မြန်မာ netizen တစ်ယောက်အနေနဲ့ တစ်နေ့တစ်နေ့ ကြည့်ကြည့်နေတဲ့ web page တွေကို ဘယ်လို ဆောက်ထားလဲ ဆိုတဲ့ အကြောင်းကို ကိုယ်စီးတဲ့ နွား အထီးလား အမလား သိရုံလောက်ပဲ ရေးသွားမှာပါ။
HTML ဆိုတာဘာလဲ?
HTML ဆိုတာကို အရှည်ပြောရရင်တော့ Hyper Text Markup Language လို့ပြောရပါလိမ့်မယ်။ ဟိုလူကပြော ဒီလူကပြော ပြောပြောနေကြမယ့် HTML ဆိုတာဟာ ကျွန်တော်တို့ ဘယ်အချိန်ကြည့်ကြည့် ဘယ် website ကိုကြည့်ကြည့် မြင်ရသမျှကို web browser ကပြနိုင်ဖို့ အတွက် အဓိကလိုတဲ့ file တစ်ခု (သို့မဟုတ်) text file တစ်ခုပါပဲ။
အခုအချိန်မှာ XHTML ဆိုတဲ့ standard မှီတဲ့ HTML language သာ သုံးတော့ပေမယ့် အဲ့ဒီ့ XHTML ကိုလည်း အများအားဖြင့် HTML လို့သာခေါ်ကြပါတယ်။
ဘာကွာလည်းတော့ ခေါင်းနောက်သွားမှာ စိုးတဲ့အတွက် နောက်မှပဲ ရှင်းပြပါတော့မယ်။ လိုရာကိုပဲပြောပြီး HTML ဘယ်ကစလဲ? ဘယ်သူထွင်လဲ? ဘယ်တုန်းကလဲ? စတဲ့ သမိုင်းသင်ခန်းစာတွေ ကိုကျော်လိုက်ရအောင်။
HTML ဘယ်လိုရေးမလဲ?
လွယ်ပါတယ်။ Notepad နဲ့ ရေးပါတယ်။ တကယ်လို့ notepad နဲ့ တဖြည်းဖြည်း html ကို နားလည်လာပြီဆိုရင် web development အတွက်သုံးနိုင်တဲ့
HTML မှာ Tag တွေကို သုံးပြီး mark up လုပ်ပါတယ်။ Tag အမျိုးအစားပေါ်မူတည်ပြီး ဘာပြပေးရမယ်ဆိုတာကို web browser က ကြည့်ပြီး ပြပေးပါတယ်။
ဥပမာ  ဆိုတဲ့ Tag မျိုးကိုတွေ့ရင် anchor သို့ link ပြပေးရမယ်၊

ဆိုတဲ့ tag မျိုးကိုတွေ့ရင် ကြားထဲမှာရှိတဲ့ စာကို paragraph တစ်ခုအနေနဲ့ ပြပေးရမယ်ပေါ့။
HTML tag တွေမှာ characteristic လေး တချို့ ရှိပါတယ်။ သူတို့တွေမှာ
- အကြောင်းရှိတယ်
- ဆွေမျိုးရှိတယ်
- အစနဲ့ အဆုံးရှိတယ်
အကြောင်းရှိတဲ့ HTML tag
HTML tag တွေမှာ သူတို့ကိုယ်ပိုင် အကြောင်းအရာလေးတွေ (Attribute တွေ) ရှိပါတယ်။
ဥပမာ Link တစ်ခုကိုရေးတဲ့ HTML tag တစ်ခုဟာ
Go to mmhan.net ဆိုရင်
အဲ့ဒီ anchor link ရဲ့ attribute တွေဟာ href နဲ့ title ပါပဲ။
အဲ့ဒီ့ attribute တွေဟာ HTML tag ရဲ့ အလုပ်လုပ်ပုံ၊ display ပြပုံကို သတ်မှတ်ပါတယ်။
ဒီဥပမာမှာ href ဆိုတဲ့ attribute ဟာ ဒီ link ကို click နှိပ်လိုက်ရင် ဘယ်သွားမယ်လို့ ပြောပေးပြီး၊ title ဆိုတဲ့ attribute ဟာ ဒီ link ပေါ်မှာ mouse တင်ထားရင် ဘယ်စာ ပြရမယ် ဆိုတာမျိုးကို သတ်မှတ်ပေးတာပေါ့။
ဆွေမျိုးရှိတဲ့ HTML tag
ဆွေမျိုးရှိတယ်လို့ ဘာလို့ပြောရလဲဆိုတော့ သူတို့တွေဟာ Tree Structure နဲ့ ရှိနေလို့ပါ။ အောက်က code ကို တချက်ကြည့်ကြည့်ပါ။
I'm a child of

Me too!!
I'm sibling of

အဲ့ဒီ့ code မှာတွေ့ရတဲ့ အတိုင်းပဲ၊
ဆိုတဲ့ division tag ဟာ တခြား HTML tag တွေနဲ့ယှဉ်ရင် tree structure ရဲ့ အပေါ်ဆုံးမှာရှိနေပြီး၊ သူ့ရဲ့ child တွေ အဖြစ်
နဲ့
ဆိုတဲ့ heading-3 tag ရှိပါတယ်။
HTML ကိုရေးပြီဆိုရင် အဲ့ဒီ့လိုပဲ tree structure နဲ့ရေးရပါတယ်။
အစနဲ့ အဆုံးရှိတဲ့ HTML tag
HTML ရေးပြီဆိုရင် အစနဲ့ အဆုံး tag တွေ မရှိမဖြစ် ရှိရပါတယ်။
အပေါ်မှာပြသွားတဲ့ code အရ
ရဲ့ child တွေကို အုပ်ထားတဲ့
ဟာ သူ့ရဲ့ အဆုံး tag ပါ။

ရဲ့ အဆုံး tag ဟာ

ရဲ့ အဆုံး tag ဟာ
ဖြစ်ပြီး
ရဲ့ အဆုံး tag ဟာ
၊ ပါ။
ဒီတော့ အဆုံး tag ကိုရေးချင်ရင် အစ tag ရဲ့ < အပြီးမှာ / ထည့်ရတယ်လို့ တွေ့ပါလိမ့်မယ်။
တစ်ခါတစ်လေမှာတော့ child မရှိတဲ့ HTML tag တွေရှိတတ်ပါတယ်။
ပုံပြတဲ့  tag ဟာ အဲ့ဒီ့ထဲက တစ်ခုပေါ့။
သူ့ကိုရေးတဲ့အခါမှာတော့
ဆိုပြီး tag ရဲ့ အဆုံး > မတိုင်ခင်မှာ / ကိုထည့်ပြီး အဆုံးသတ် ပေးရပါတယ်။
ကဲ အခုလောက်ဆိုရင်တော့ HTML နဲ့ မေးထူးခေါ်ပြော အဆင့်လောက်ထိ အကျွမ်းတ၀င်ရှိသွားပြီပေါ့… Expert များ အနေနဲ့ ကျွန်တော် လိုတာများရှိခဲ့ရင် comment ထဲမှာ ပြောပေးကြပါလို့…
အကယ်၍ စိတ်ဝင်စားတယ် ဆိုရင်တော့ နောက်နောင်များမှာ ဆက်ပြီးရေးသွားပါဦးမယ်လို့ ပြောရင်း…

7 Comments
အတော်ပဲဗျို့.. နားလည်သွားပီ =) ကျေးဇူး။ CSS လေးလဲ ကြုံရင် ပြောပြပါဦး။
စိတ်ဝင်စားတယ်ဗျို့…..ဆက်လုပ်ပါ……..မျှော်နေမယ်……သိုင်းကျူး…..
IDE ဆိုတာ ဘာကြီးတုန်းဟင်
@mgthantzin – Hover over that abbr. and you’ll see it’s full term.
This post is damn cool…
the precious knowledge that i’ve been searching for… Glad that u brought it up!
Thanks, dude. =)
just another great post of ဂျိုနဲ့လား series
cheers man
hey it is such a great explanation
i like it
pls write more ^^
Got something to say?