what-is-web-browser

စိတ်ကူးလေးပေါက်လို့ ရေးချင်စိတ်လေးရှိတုန်း ဂျိုနဲ့လား series အတွက် အသစ်တစ်ခု ထပ်တင်လိုက်ပါတယ်။ ဒီ post မှာတော့ Web Browser တွေ အကြောင်းကို ကွန်ပျူတာ စသုံးတဲ့ user တစ်ယောက် အဆင့်ကနေ၊ ပုံမှန် အိမ်သုံး user တွေ အထိ နားလည်အောင် ရှင်းပြဖို့ကြိုးစားရင်းနဲ့၊ Web Browser တွေ အကြမ်းဖျင်းအားဖြင့် ဘယ်လို အလုပ်လုပ်တယ်၊ ဘာကို သုံးသင့်တယ် ဆိုတာလေးပါ ဆွေးနွေးသွားမှာပါ။

Web Browser ဆိုတဲ့ စကားလုံးကို မသိတဲ့သူ မရှိလောက်ဘူးလို့ ယုံပါတယ်… အကယ်၍ တကယ်မသိဘူး ဆိုရင်တော့ တစ်ယောက်ယောက် သွားမေးပေါ့… သူကပြောပါလိမ့်မယ်… “ဒါလေးတောင် မသိဘူးလား.. မင်း Desktop ပေါ်က e ဆိုတဲ့ icon လေးနဲ့ internet explorer လို့ရေးထားတာကို web browser လို့ခေါ်တယ်”လို့ ပြောပါလိမ့်မယ်။

Internet explorer လို့ ဘာလို့ခေါ်နေသေးလဲ၊ web browser လို့ခေါ်လိုက်လို့ရတာပဲ

မရပါဘူး။ လွယ်အောင် ပြောရရင်တော့ Blogger အများကြီးရှိတဲ့ အခန်းထဲက  တစ်ယောက်ကို ဟေ့ ကိုblogger လို့ လှမ်းမခေါ်ပဲနဲ့ ကိုဘယ်သူ မဘယ်ဝါ စသဖြင့် ခေါ်သလို၊ web browser တွေအများကြီးရှိတဲ့ အချိန်မှာ Internet Explorer ကိုမှ web browser လို့ ခေါ်လို့ မရပါဘူး။

ဘယ်လို? web browser တွေ အများကြီးရှိတယ်?

ဟုတ်ပါတယ်။ အသုံးအများဆုံးဖြစ်တဲ့ Windows မှာ နဂိုကတည်းက ပါပြီးသားဖြစ်တဲ့ Microsoft ရဲ့ Internet Explorer, Mozilla ရဲ့ Firefox, Opera, Mac တွေမှာ ပါပြီးသားဖြစ်တဲ့ Apple ရဲ့ Safari အပြင် တခြားတခြား browser တွေ အများကြီးရှိပါတယ်။

Browser တွေ ဘယ်လိုအလုပ်လုပ်ပါသလဲ?

Browser တွေဟာ HTML ဆိုတဲ့ text file တွေကို ဖတ်ပြီးတော့ <title> ဆိုတဲ့ tag မျိုးတွေ့ရင် Window ရဲ့ title အဖြစ်ပြပေးတယ်၊ <b> ဒါမှမဟုတ် <strong> ကိုတွေ့ရင် Bold လုပ်ပေးတယ်။ Text file တွေမှာ <a> ဆိုတာလေးတွေတွေ့ရင် သူ့ရဲ့ link ကို ပြပေးတယ် နှိပ်လိုက်ရင် အဲ့ဒီ့ link လုပ်ထားတဲ့ page ကို ဖွင့်ပေးတယ်၊ <img> ကိုတွေ့ရင် သူ့ သက်ဆိုင်ရာ image ကိုပြပေးတယ် စသဖြင့်ပေါ့။ HTML အပြင် CSS ဆိုတဲ့ website တွေကို ဘယ်လိုပြရမယ်ဆိုတဲ့ rule လေးတွေကို website ရေးတဲ့သူက ထည့်ပေးရင် အဲ့ဒီ့ browser တစ်ခုရဲ့ ပုံမှန် rule တွေအပြင် အဲ့ဒီ့ rule တွေနဲ့ပါပြပေးတယ်ဆိုပါတော့။

ဒီတော့ ဘာကိုတွေ့ရင် ဘာလုပ်ရမယ်ဆိုတဲ့ render သို့ translate လုပ်ပေးတဲ့ engine လေးတွေ သူတို့မှာရှိကြတယ်။ အဲ့ဒီ့ engine ကောင်းရင် ကောင်းသလောက် သူတို့ရဲ့ performance ကောင်းတယ်၊ speed မြန်တယ်ပေါ့။

ဒါ့အပြင် အခုအချိန်မှာ web page တစ်ခုကို အသုံးလွယ်စေဖို့ interactive ဖြစ်စေဖို့အတွက် သုံးနေကြတဲ့ Javascript အတွက်ကိုလည်း support လုပ်တဲ့ engine ကလည်း web browser ကောင်းမကောင်းကို affect ဖြစ်တဲ့ အချက်တစ်ခုပါပဲ။

ဘယ် Browser ကို သုံးသင့်သလဲ

ပုံမှန်သုံး user တစ်ယောက် အနေနဲ့ အများစုသည် နဂိုကတည်းကပါတဲ့ Internet Explorer(IE) ကိုသုံးကြပါတယ်။ ဒါပေမယ့် IE ဟာ အကောင်းဆုံးလားဆိုတော့ မဟုတ်ပါဘူး။ အဆိုးဆုံးထဲမှာတောင် ပါတယ်လို့ ပြောလို့ရပါတယ်။ အခုနောက်ဆုံး version ဖြစ်တဲ့ vista မှာပါတဲ့ IE7 မှာ အများကြီး ကောင်းအောင် လုပ်ထားပေမယ့်လဲ သူ့ရဲ့ performance နဲ့ functionality ဟာ တခြား browser တွေကို မမှီသေးပါဘူး။

ကျွန်တော့်အနေနဲ့ recommend လုပ်ချင်တဲ့ Firefox ကတော့ performance အရ၊ security အရ၊ speed အရ အများကြီး ပိုကောင်းတဲ့အပြင်၊ open source ဖြစ်ပြီး developer တွေ အများကြီးရဲ့ ကျေးဇူးကြောင့် ကိုယ်လိုချင်တဲ့ functionality တွေ အသုံးလိုတဲ့ functionality တွေကို လွယ်လွယ်ကူကူ free plug-in တွေ သွင်းပြီး customize လုပ်လို့ ရတဲ့ အတွက် အခု အချိန်မှာ ဒုတိယ အသုံးအများဆုံးဖြစ်နေပါတယ်။ အကယ်၍သာ IE သည် အသုံးအများဆုံးဖြစ်တဲ့ Windows နဲ့ အတူတူပါပြီးသား software တစ်ခု မဟုတ်ခဲ့ရင် Firefox သည် လူသုံးအများဆုံး browser တစ်ခုဖြစ်မှာပါပဲ။

တကယ်လို့ download လုပ်ချင်တယ်ဆိုရင်တော့ www.getfirefox.com မှာ download လုပ်လို့ ရပါတယ်လို့ recommend လုပ်ရင်း…

Share and Enjoy:
  • Digg
  • Google
  • Facebook
  • del.icio.us
  • TwitThis
  • E-mail this story to a friend!

Related posts