အပေါ်မှာတင်ထားတဲ့ သီချင်းလေးကြားဖူးကြမှာပါ။ Big Bag ရဲ့ AD 3000 ထဲက “မဆိုင်သလိုပဲ (၂)” သီချင်းလေးပေါ့။ တော်တော်လေး ဆွေးစရာလေးပါ။
အဲ့ဒီ့သီချင်းထဲမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရန်ဖြစ်နေကြတဲ့ English Dialogue တချို့ပါတာ သတိထားမိကြမှာပေါ့။ အဲ့ဒီထဲက တပိုင်းတစကို အောက်မှာချရေးထားပါတယ်။
“There’s no air in the middle class, I can’t breathe here.”
“Please, April don’t go”
“I’m not going anywhere”
“…”
ကျွန်တော် ပထမဆုံး အဲ့ဒီ့သီချင်းကို စနားထောင် ကတည်းက အဲ့ဒီ့ စကားတွေကို မြန်မာတွေ ပြောထားတာမဟုတ်မှန်း သိလိုက်ရသလို၊ နိုင်ငံခြားကား တစ်ခုခုထဲမှ ယူထားမှန်းလည်း သတိထားမိလိုက်ပါတယ်။ ထူးထူးဆန်းဆန်း အဲ့ဒီ့စကားလေးကိုလည်း တော်တော်ကြားဖူးတယ်လို့ နားထောင်ရင်း တွေးတွေးမိပါတယ်။
ဒါနဲ့ ဟိုနေ့က နားထောင်တော့မှ အဲ့ဒီ့ဇာတ်ဝင်ခန်းကို တဖြည်းဖြည်းပြန်ပြီး မျက်လုံးထဲပြန်မြင်လာပါတယ်။
အဲ့ဒီ့ဇာတ်ကွက်မှာ ကောင်လေးနာမည်က Lars ပါ။ သူ့ကောင်မလေး (or မိန်းမ) ကတော့ April ပေါ့။ Lars က သူ့အဖေရဲ့ အပ်ချည်စက်ရုံကို အမွေရပြီးနောက် ဈေးကောင်းပေးပေမယ့် မရောင်းလိုက်တဲ့အတွက် April နဲ့ ရန်ဖြစ်ရတဲ့ အခန်းလေးပေါ့။ ဇာတ်လမ်းအရကတော့ “I’m not going anywhere” ဆိုတဲ့ April ရဲ့ စကားအဆုံးမှာ Lars ဟာ အိမ်ပေါ်ကနေ နှင်ချခံလိုက်ရတယ်ဗျာ။
ဒါပေမယ့် အဲ့ဒီ့ ဇာတ်ဝင်ခန်းလေးကိုလည်း သတိတရဖြစ်လဲဖြစ်ရော ကျွန်တော့်မှာ အဲ့ဒီ့သီချင်းနားထောင်ရင် ငိုအားထက် ရယ်အားသန် ဖြစ်နေပါတော့တယ်။

ဘာ့ကြောင့်လဲဆိုတော့
အဲ့ဒီ့ဇာတ်ဝင်ခန်းလေးဟာ Mousehunt လို့ခေါ်တဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဟာသကားတစ်ခုဖြစ်နေပြီး အဲ့ဒီ့သီချင်းကို နားထောင်လိုက်တိုင်းမှာ… ဇာတ်ကားစစချင်းက Lars နဲ့ သူ့အစ်ကို Ernest အချိုးမပြေမှုကြောင့် သူတို့ အဖေရဲ့ အသုဘမှာ အလောင်းဟာ church ပေါ်ကအဆင်း လှေကားတစ်လျှောက် လျှောကျသွားပြီး နိဗ္ဗာန်ယာဉ်နဲ့တိုက်မိကာ ခေါင်းထဲကနေ ပျံတက်သွားပြီး လမ်းပေါ်ကမြောင်းပေါက်(manhole) ထဲ ပြုတ်ကျသွားတဲ့ အခန်းကို ပြေးပြေးသာမြင်ယောင်နေလို့ပါပဲခင်ဗျာ…









One Comment
[...] been posting at this blog and I’ve posted a total of 40 posts (including some posts that I’ve immigrated from my old blog) over that period. I must admit 40 is considerably low [...]
Got something to say?