ပျောက်ကောင်းကောင်းနဲ့ ပျောက်သွားလိုက်တာ တစ်လတောင် ကျော်ပြီး ကိုယ့်ဖာသာ blog ရှိမှန်းတောင် မေ့သွားတယ်။
အခုရက်ပိုင်း အလုပ်တွေနဲ့ အချိန်မရလို့ ဘာမှ မတင်ခဲ့ဘူးဗျာ။ ဖတ်ချင်တဲ့သူတွေ လာလာမေးရင်လည်း မအားပါဘူးကလွဲလို့ ဘာမှ မပြောနိုင်။
ကိုယ့်ကိုကိုယ် သနားလာပြီး ရှိစုမဲ့စုလေး တစ်ခု ဖြစ်ညှစ် တင်လိုက်ပါဦးမယ်။ စိတ်ဝင်စားစရာ ဓါတ်ပုံလေးတွေ တချို့ပေါ့။
#1 – Descriptive Descriptions
ဟိုရက်က Tanjong Pagar နားက ထိုင်းဆိုင် တစ်ဆိုင်မှာ စားဖို့ မှာမယ်လုပ်တုန်း သူတို့ရဲ့ Menu လေး သတိထားမိလို့ ရိုက်ထားတဲ့ ပုံလေးတွေပေါ့။




ကဲ… အစ်ကိုကြီး/အစ်မကြီးတို့ ဘာစားမလဲ ခင်ဗျ
#2 – Jump Over the Wall
ဟိုနေ့က ဈေးဝယ်ထွက်ရင်း Fair Price က စင်ပေါ်မှာ တင်ထားတဲ့ စည်သွတ်ဘူးလေး တစ်ခုက တော့ ဒီလိုပုံဗျ။

#3 – ဒဏ်ကြေး
ဟိုတစ်နေ့က City Hall ရှေ့ရောက်တုန်း Star Hub ကြေငြာတစ်ခု မြန်မာ စာတမ်းနဲ့ ကြေငြာထားတာ တွေ့တော့.. အံမယ့် ဟုတ်လှချည်လားလို့။ ဒါနဲ့ bus stop ဘေးက အမှိုက်ပုံးရောက်တော့ နောက်တစ်ခုထပ်တွေ့ပြီး ဟော့ဒီ့အောက်က ပုံလေးကို ရိုက်ဖြစ်သွားတယ်ပေါ့ဗျာ။

#4 – Success!
စလုံးမှာ မြန်မာများ မဂ္ဂဇင်းစာအုပ်တွေ ထုတ်ကြတယ်ဗျာ။ ဟိုရက်က အသစ်ထွက်မယ်လို့ ကြေငြာထားတဲ့ သဇင်ဆိုတဲ့ မဂ္ဂဇင်းရဲ့ ပထမဦးဆုံး အတွဲ ဆိုင်ခုံပေါ်ရောက်တော့ ပြေးကြည့်တာပေါ့။ အခုနောက်ဆုံးပိတ် အိတ်နဲ့လွယ်မှာကတော့ အဲ့ဒီ့ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးလေးပဲ ဖြစ်ပါတယ်။

“Succes” ဆိုတဲ့ အောင်မြင်မှုရဲ့ လမ်းစပေါ့ဗျာ။
ဒါနဲ့ စကားမစပ် နောက်တစ်ခါ ထပ်ပျောက်သွားစရာလေးတွေ ရှိသဗျို့… ဒါပေမယ့် ရေးစရာလေးတွေတော့ စိတ်ထဲ၊ စာအုပ်ထဲ၊ ဟို ကြားညှပ်၊ ဒီကြားညှပ် ထားတာလေးတွေတော့ ရှိတယ်ဗျ။ သို့ပါ၍….
ညှော်…..









3 Comments
မအားရင်လည်းနားနားနေနေ နေပါဗျာ…
ကျွန်တော်တို့တွေဖတ်ချင်စိတ်ကိုမျိုသိပ်ထားပါ့မယ်
where got u will surprise leh? must put a “be” in front and “d” at the back of surprise mah?
ok, i’m a fuss. lol.
း-) you’re a quick observer!
No good don’t pay ဆိုတာ စားမကောင်းရင် မပေးနဲ့ လို့ ပြောချင်တာ နေမှာ။ ဒါပေမယ့် မကောင်းဘူး မစားနဲ့ လို့ အရင်သဘောပေါက်သွားတယ်။
ပြီးတော့ .. Cow jumps over the moon ဆိုတာကြီး စိတ်ထဲပေါ်လာတာ ပြန်ဖုံးမရ ဖြစ်သွားတယ်..
Got something to say?