မရေးဖြစ် မရေးဖြစ်နဲ့ ဘာရေးလို့ ရေးရမှန်း မသိဖြစ်နေတာ ကြာပြီဗျာ။ သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူဆီသို့ဆိုတဲ့ ကဗျာလေးတစ်ပုဒ်တွေ့ပြီး သူ့ရဲ့ အလိုက်လေးနဲ့ ခေါင်းထဲမှာ ရှိတဲ့ ကျွန်တော့် Theme လေးနဲ့ ပေါင်းရေးကြည့်တာပေါ့။ ပျင်းပျင်းရှိရင် ဖတ်ကြည့်ကြဗျာ။
ငါမုန်းတဲ့… မင်း
သန်းခေါင်ယံည မှောင်မိုက်တဲ့ အခန်းကျဉ်းထဲ
ဟိုအရင်တစ်ချိန်က မင်းရနံ့တချို့.. မင်းအထိအတွေ့တချို့
ငါပြန်ရမိတယ်…
ပူလောင်တဲ့ဒီနွေ ဇောချွေးပြန်အိပ်ရာပေါ်မှာ
တစ်ချက်တစ်ချက် လန့်နိုးရတဲ့ အတိတ်…
ငါပြန် ဖြစ်ရပြန်တယ်…
လိုက်ရှာလဲ ငါမတွေ့ …
ဘယ်ချောင်များ မင်းပုန်းလို့ နေသလဲ…
တွေ့မိလို့ ရပြီထင်…
ဖမ်းလိုက်လည်း ပျောက်ပျောက်သွား..
မင်းအတွက် အိပ်ပျက်တဲ့ ညပေါင်းလည်းများခဲ့ပြီ…
လက်နဲ့ဖြစ်လိုက်တိုင်း ရနံ့လှိုင်တဲ့ ကြမ်းပိုးရယ်…
ငါမင်းကို မုန်းတယ်…
[Image credits goes to procsilas]










8 Comments
mmhan တို့ကတော့ လုပ်ချလိုက်ပြန်ပြီဗျာ။ အဟုတ်မှတ်လို့ feeling လေးနဲ့ဖတ်လာတာ….
=.=||
ဟာ. လန်းတယ်ဆရာ. ဟုတ်တော့မလိုလိုနဲ့ ကြမ်းပိုးဖြစ်နေတာကိုး.
@soaring phantom - mmhan ရဲ့ ခေါင်းထဲက theme နဲ့ ရောထားပါတယ်လို့ ပြောထားရက်နဲ့ အဟုတ်မှတ်တာ မင်း အပြစ်…
ဖတ်လာလိုက်တာ အောက်ရောက်မှ ဖြတ်အရိုက်ခံလိုက်ရတဲ့ အတိုင်းပဲ …
p.s: Good idea
ကဗျာလေး လာဖတ်သွားတယ်..ဟဲဟဲ ကြမ်းပိုးရှိရင် ဒူးရင်းသီးအခွံကို ကုတင်အောက်မှာထားရတယ်တဲ့။ ကြမ်းပိုးပြေးတယ်တဲ့
ဟားဟား ကဗျာဆရာတော်တယ်ဗျာ….
နောက်လည်းအဲလိုမျိုးလေးတွေ စပ်ပါအုံး
:))
the only word i could understand is “HATE” !!! seriously next time u should blog in two languages per entry, more convenient for ppl like me to read..LOL =)
wah… ကဗျာလေးကမိုက်တယ်… ကြိုက်သွားပြီ …
Got something to say?