ဒီနေ့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းနဲ့ vimeo က ဒီ video လေးတစ်ခု သွားတွေ့မိတယ်။

Royal College of Art, London မှ Rafael Sommerhalder ရဲ့ ကျောင်း project လေးတစ်ခုပါ။

ပန်းအိုးလေးတစ်ခုမှာ အမြစ်တွယ်ပြီး ပေါက်နေတဲ့သူ တစ်ယောက်ဟာ သူ့ရဲ့ အမြစ်တွေကြီးလာလို့ ပန်းအိုးလေးကွဲအက်သွားချိန်မှာ ရေကြည်ရာမျက်နုရာ တစ်ခုကို ဆက်ပြီး ရှာဖွေရတဲ့ သူ့ရဲ့ ဖြစ်စဉ်လေးတစ်ခုပေါ့။ ကြည့်ကြည့်လိုက်ပါဦး။



Flowerpots from Crictor on Vimeo.

ဒီဇာတ်လမ်းလေး အဆုံးမှာတော့ စိတ်ထဲမှာ ကိုယ့်ကိုကိုယ်ပြန်ပြောမိတာက “သြော်… မောင်မင်း မင်းအမြစ်တွေ ဘယ်လောက်ပဲကြီးလာပါစေဦး… မင်းဟာ ပန်းအိုးလေးတစ်လုံးထဲမှာပဲ ရှိဦးမှာပါလား”လို့…

Share and Enjoy:
  • Digg
  • Google
  • Facebook
  • del.icio.us
  • TwitThis
  • E-mail this story to a friend!

Related posts