ပြီးခဲ့တဲ့ post မှာ ကျွန်တော်ကျောင်းတက်တုန်းက အဖြစ်အပျက်လေးတွေကို ရေးထားခဲ့ပြီး၊ ယခု Post မှာတော့ ကျောင်းတက်ဖို့ရာ လိုအပ်တဲ့ ငွေကြေးအထောက်အပံ့ကို TCC ဆိုတဲ့ co-operative မှနေ loan အဖြစ်ယူခြင်းရဲ့ အားသာချက်များ လိုအပ်ချက်များကို ကျောင်းတက်ဖို့ရာ စဉ်းစားနေသူများအတွက် တင်ပြပေးမှာဖြစ်ပါတယ်။

ကျောင်းတက်တော့မယ်ဆိုရင်ဖြင့် ပထမဆုံး အရေးအကြီးဆုံးကတော့ အဲ့ဒီ့ကျောင်းစရိတ်ပါပဲ။ ကျောင်းစရိတ်ကို ပုံမှန် အများစုအားဖြင့် DBS, POSB အစရှိတဲ့ ဘဏ်များက အယူများကြပါတယ်။ ဒါကလည်း အလွယ်တကူ အဆင်ပြေမှု၊ ကျောင်းနှင့် သဟဇာတဖြစ်ပြီး ကျောင်းလျှောက်ရာမှာ Integration လုပ်ထားမှုတို့ကြောင့် polytechnic အများစုမှာ အဆိုဘဏ်များကနေ ယူဖြစ်ကြတာများပါတယ်။
သို့ပေကား ကျွန်တော်တို့လို Polytechnic အပြီး အလုပ်လုပ်ရက် ကျောင်းတက်ချင်သူများအတွက်ကတော့ ဘဏ်တွေနဲ့ private ကျောင်းတွေရဲ့ integration ဟာ အဲ့ဒီ့လောက်ကောင်းတယ်လို့ မဆိုနိုင်တော့ပါဘူး။
သူတို့ရဲ့အတိုးနှုန်းက 3% နဲ့အထက်ရှိပြီး ချေးသူဝင်ငွေရဲ့ ခြောက်လ လခစာပဲရတဲ့ ချေးနိုင်တဲ့အပြင် ဘဏ်တွေရဲ့ Processing Fees ကလည်း အင်မတန်မြင့်တယ်လို့ပြောလို့ရနိုင်ပါတယ်။ နဂိုချေးတဲ့ ပမာဏဟာ 30000 ရှိတယ်ဆိုရင် အဲ့ဒီ့ပမာဏရဲ့ percentage တစ်ခုကို ယူတာမျိုးပါ။ ဒီတော့ ကိုရတာ 30000 ပေမယ့် တကယ်တင်တဲ့အကြွေးသည် (ဥပမာ ၁၀ ရာခိုင်နှုန်းဖြစ်ခဲ့သော်) 33000 ဖြစ်သွားတာမျိုးပေါ့။ သူတို့ရဲ့ process ကတော့ ပိုလွယ်ကူပါတယ်၊ အသက်နှစ်ဆယ့်တစ်နှစ်ကျော်သူ တစ်ယောက်အနေနှင့် ပိုက်ဆံချေးသူကို Guarantor အနေနဲ့ လက်မှတ်ထိုးပေးရုံပါ။
ဒါပေမယ့် ဘဏ်တွေရဲ့ မကောင်းတဲ့အချက်တွေကို ရှောင်ချင်တယ်ဆိုရင်တော့၊ TCC နဲ့ ဆက်သွယ်သင့်ပါတယ်။ TCC ဆိုတာဟာ ကနဦးမှာ Singtel ကုမ္ပဏီက ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးအတွက် ထောင်ထားတဲ့ co-operative လေးတစ်ခုပါ။ အခုဆိုရင်တော့ Singtel လက်အောက်မှထွက်ပြီး သူ့အနေနဲ့သူ ရပ်တည်ကာ၊ Singapore တစ်နိုင်ငံလုံးနဲ့ အလုပ်လုပ်နေပါတယ်။
TCC ရဲ့ အတိုးနှုန်းကတော့ 2.9% ပါ။ Gurantor (သို့) surety တစ်ယောက်အနည်းဆုံးရှိရမှာဖြစ်ပြီး၊ အဲ့ဒီ့ surety ဟာ Singaporean Citizen ဖြစ်ဖို့နဲ့ ချေးငှားသူထက် ဝင်ငွေပိုကောင်းဖို့လိုပါတယ်။ Surety တစ်ယောက်ရှိလျှင် ချေးငှားသူရဲ့ ဝင်ကို ၆ဆကိုချေးနိုင်ပြီး အဲ့ဒီ့ထက်ပိုချေးချင်လျှင် surety နောက်တစ်ယောက်လိုမှာဖြစ်ပါတယ်။
TCC ရဲ့ အကောင်းဆုံး အချက်တစ်ခုက processing fees ကို ရာခိုင်နှုန်းတစ်ခုနဲ့ယူတာမျိုးမဟုတ်ပဲ၊ တစ်သမါတ်ထဲဖြစ်တဲ့ fees ကိုယူပါတယ်။ ကျွန်တော်မှတ်မိသလောက် $300 ဖြစ်ပြီး online မှနေ apply လုပ်တယ်ဆိုရင် discount ပေးပါသေးတယ်။
လိုအပ်တာတွေကတော့ ကျောင်းက Acceptance Letter, ချေးငှားသူနှင့် surety၏ CPF Statement, Latest Payslip တွေကအဓိကပဲဖြစ်ပါတယ်။ အသေအချာသိချင်တယ်ဆိုရင်တော့ TCC ရဲ့ Website မှာ Inquiry လုပ်နိုင်ပါကြောင်း…
