
ဒီနေ့ foromerta ခေါ် စာဖတ်သူတစ်ယောက်က ပထမဦးဆုံးသောသူအဖြစ် ကျွန်တော့်ရဲ့ contact form ကို သုံးကာ ဆက်သွယ်လာပါတယ်။ သူ့ရဲ့ Inquiry ကတော့ ဒီလိုပါ။
Hey friend
I am new user of this site so i don’t know how to post topic..![]()
ဒီလိုပါ ပြည်ပရောက်နေကျတော့ မြန်မာဟင်းလေး ဘာလေး စားချင်ကျတာပေါ့… မြန်မာဟင်းချက်နည်း website လေးဘာလေး ရှိလားလို့ပါဗျာ… မဟုတ်ရင်လဲ အဲ့လို site လေးတစ်ခုလုပ်တင်ရင် ကောင်းမလား ဘယ်လိုနေလဲ စဉ်းစားမိလို့ပါ… ရှိပြီးသားဆိုလဲ ပြောပါဦး info လေးတွေ။ ကိုယ်က ကောင်းကောင်း မချက်တက်ဆိုတော့ haha
ကျွန်တော်ကိုယ်တိုင်ကတော့ ဟင်းချက်သူတစ်ယောက် မဟုတ်တဲ့ အတွက် စုံစုံလင်လင် information တော့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ဟိုအရင်တုန်းက တွေ့မိ မှတ်မိ bookmark လုပ်မိတဲ့ မြန်မာ ထမင်းဟင်းနဲ့ သက်ဆိုင်တဲ့ blog လေးတစ်ခုနဲ့ website လေးတစ်ခုကို ဝေမျှလိုက်ပါတယ်။
မေတ္တာရပ်ဝန်း မီးဖိုဆောင် [ LuLuCooking.blogspot.com ]
ဒီ site လေးကတော့ လုလုဆိုတဲ့ Belgium မှ အစ်မတစ်ယောက်က ဦးဆောင်ကာ ရှင်မင်း၊ ယွန်းမင်းငယ်၊ တုတ်ကြီး စသူတို့က မြန်မာဟင်း ချက်နည်း ပြုတ်နည်းများကို အပတ်စဉ် တစ်ပါတ်ကို နှစ်ခုလောက်စီ ဓါတ်ပုံနဲ့တကွ တင်တဲ့ blog လေးတစ်ခုပါ။ သေသေချာချာ ရှင်းပြရုံမက ဓါတ်ပုံလေးတွေကြည့်ရုံနဲ့ ချက်ချင်းထလုပ်ချင်စရာလေးပါ။
သက်သက်လွတ်ဟင်းတွေ၊ အကင်မွှေးမွှေးလေးတွေ၊ အသီးအရွက်သုပ်၊ အသားသုပ်တွေ၊ အချိုပွဲတွေ၊ အသီးအရွက်၊ အသားငါး ချက်မလား ကြော်မလား လှော်မလား… အို လုပ်ချင်ရာလုပ် အဲဒီ့မှာ recipes တွေရှိတယ်ဗျာ။
Hsa*Ba – စားပါ [ Hsaba.com ]
ဒီ site ကတော့ England မှ မတင်ချိုချောရဲ့ English ဘာသာနှင့် ဖြန့်ဝေရောင်းချမယ့် မြန်မာ့ အစားအစာ စာအုပ် စားပါ ခေါ် Hsa*ba ဆိုတဲ့ စာအုပ်လေးရဲ့ website လေးတစ်ခုပဲဖြစ်ပါတယ်။ စာအုပ်ကို promotion လုပ်ဖို့ အတွက် တင်ထားတဲ့ website တစ်ခု ဖြစ်သော်ငြားလည်း recipes ဆယ့်နှစ်ခုလောက်ကို ရက်ရက်ရောရော တင်ထားပေးတာတွေ့ရပါတယ်။
ဒါ့အပြင် Interactive Solution company မှာ web developer တစ်ယောက်ရဲ့ skill နဲ့ အညီ websiteကို flash ဒီဇိုင်းလှလှတွေနဲ့ တစ်သွယ်၊ accessible ဖြစ်မယ့် html page တွေနဲ့က တစ်မျိုး လှလှပပ တင်ဆက်ပြထားတာတွေ့ရမှာပါ။ (Now I’m almost embarrassed that my site is so crappy compared to that.)
ဒါနဲ့… ထူးထူးဆန်းဆန်း recipe တစ်ခုတောင်တွေ့ရသေးတယ်.. ဘာတဲ့… ထောပတ်သီးရေခဲမုန့်ဆိုပဲ.. ကဲပြောနေကြာပါတယ် Hsaba.com ကိုသာသွားပြီးတော့ အရသာရှိတဲ့ recipes တွေလဲကြည့်ရင်း တစ်ခါတည်း စာအုပ်ထွက်တဲ့အချိန် သိဖို့ mailing list ကိုသာ join ထားလိုက်ပါတော့။
ပြောရင်းနဲ့တောင် အဲ့ဒီ့ site တွေကြည့်ရင်း ဗိုက်ဆာလာပြန်ပြီ… ကျွန်တော်လည်း အားကျမခံ ခေါက်ဆွဲလေးပြုတ်စားလိုက်ဦးမယ်။ ချက်လို့ ပြုတ်လို့ ပြီးသွားလို့ ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ထမင်းခေါ်ကျွေးလို့ရပါတယ်။ အားမနာတမ်း ပါးဖြဲနားဖြဲ စားပေးပါ့မယ်။
သြော်… ဒါနဲ့ တခြား resource ကောင်းကောင်းလေးများရှိရင်လည်း comment လေးများပေးလို့ အားလုံးကို မျှဝေသွားလိုက်ပါဦးလို့..
ပြီးတော့ တခြားတခြားသော အကြောင်းအရာများ သိချင်ရင် contact form မှတဆင့် တောင်းဆိုပါက ကျွန်တော် သိမိ မှတ်မိသလောက် တင်ပေးသွားပါမယ်ဆိုတဲ့ အကြောင်း ကတိပေးရင်း…
[Photo credit to pengrin™]



wow!
its amazing!
တိုက်ဆိုင်တာပဲလား ဘာလားတော့မသိဘူး။ မနေ့ကလဲ ဘာလော့မှာ လာပီး TAG လုပ်သွားတယ်။ ဘာတဲ့ … “ရိုးစင်းတဲ့ ဘ၀ရဲ. စားသောက်မှု.” ဆိုလား .. သေခြာတာကတော့ ဟင်းဘယ်လိုချက်စားလဲဆိုတဲ့ post တစ်ခု တင်ပေးရမယ်ပေါ့ .. ဟူး
ဒီနေ့မနက် အိမ်ကလူတွေ အိုးဝေ ဆိုတဲ့ site မှာ ဟင်းချက်နည်းတွေ အော်ကြီးဟစ်ကျယ်၊ ကြည့် စိတ်ကူးနဲ့ ချက်ကြ၊ ပုံတွေကြည့်ပြီး သွားရည်ကျနေကြတယ်။
ကဲ .. ခုတော့ လဲ မောင်မောင်ဟန် က မြန်မာဟင်းချက်ကြရအောင်ဆိုပဲ
လုလု ကတော့ အစောကြီးထဲက သိထားတယ် ..
ဒါလေးကတော့ သူတို့မနက်က ကြည့်နေတဲ့ အညာဟင်းချက်နည်းတွေ ရှိတဲ့ အိုးဝေ
> ငါးသေတ္တာ-မန်ကျီး ချက်တဲ့ (ရှလွတ်)
http://o-way.blogspot.com/
kyay zuu par byar.. kya naw lae arr tae. time lay twe so chat ya pyout ya war ta nar pa tal bya.. ku lo information twe pay tar a yann kyay zuu tin par tal
kya naw ka myanmar lo thit ma yit ta buu byar kyo sar sal ( chat lo tot type tat tal bya ) .. sorry par..
thanz par mmhan yay ..
ကျေးဇူးပဲဗျာ ကျွန်တော် လုလု တစ်ခုပဲ သိတာ အောက်က တစ်ခုတော့ မသိဘူး…
thanks you so much. i like eating. cheers!
Pingback: Year in Review: Best of mmhan.net for 2008 - mmhan's gone comical!