
စလုံးမှာ တစ်နေရာကနေ တစ်နေရာသွားဖို့ MRT နဲ့ အဆင်မပြေဖြစ်နေသလား၊ လူတွေပြည့်ကြပ်နေတဲ့ MRT ကို နေ့တိုင်းစီးနေရတာ ငြီးငွေ့လာပြီလား၊ Bus စီးချင်ပေးမယ့် ဘယ်ကားစီးရမှန်း မသိ ဖြစ်နေသေးသလား၊ ဘယ်ကားစီးရမယ်လို့ ပြပေးတဲ့ StreetDirectory.com က LTA နဲ့ ပြဿနာတက်ပြီး ဟိုတစ်ရက်က service ရပ်သွားပြီးတဲ့နောက် ကြေငြာ ပရပွနဲ့ပြန်တတ်လာတဲ့ အတွက် စိတ်ပျက်နေလား။
ဒါဆို GoThere.sg ကို ပြောင်းသုံးကြတာပေါ့…
GoThere.sg ရဲ့ Description ကတော့ ဒီလိုဗျ -
တစ်နေရာရာကို သွားချင်သလား? ဘယ်နေရာလဲသာပြော ဘယ်လိုသွားရမယ်ဆိုတာ ပြောပြမယ်။ နေရာတစ်ခုခုကို ရှာနေသလား၊ ဘာလဲသာပြော ဘယ်မှာလဲပြောပြမယ်
Site က AJAX driven ဖြစ်တဲ့အပြင်၊ Google Map ကို အခြေခံပြီး ရေးထားတဲ့အတွက်၊ StreetDirectory.com ထက်အရမ်းမြန်ပြီး သုံးရတာလဲ လွယ်ပါတယ်။
ဒါ့အပြင် ကိုယ်စသွားချင်တဲ့ နေရာ (A) ကနေ (B) ကိုသွားဖို့ result ကို Bus နဲ့ သွားမလား၊ MRT နဲ့သွားမလား ရွေးလို့ရပြီး အချိန်ကိုလည်း တွက်ပေးတယ် ဘယ်လောက်ကျမယ်ကိုလဲ တွက်ပေးတယ်ကော။
မကျေနပ်သေးဘူးလား၊ ထွက်လာတဲ့ result မြေပုံကနေ A လေးပဲဖြစ်ဖြစ် B လေးပဲဖြစ်ဖြစ် Drag And Drop လုပ်လိုက်တာနဲ့ result အသစ်ပြန်ရှာပေးသေးတယ်။
တစ်ခုတော့ရှိတယ်… Drop လုပ်တဲ့အခါ ရေထဲပစ်ချတာတို့၊ Malaysia ဘက်ထဲ ချလိုက်တာမျိုးတော့ မလုပ်ကြေးပေါ့။
ကိုယ်က လူမသိ သူမသိ မသွားတတ် မလာတတ် နေရာတစ်ခုမှာ event တစ်ခု လုပ်ချင်သလား၊ ကိုယ်လုပ်ချင်တဲ့ နေရာလေးကို အဲ့ဒီ့ site မှာရွေး။ ပြီးရင် “Embed this map on your website” ဆိုတာလေးကိုနှိပ်လိုက်၊ (dimension တွေဘာတွေ customize လုပ်လိုက်ဦး) ပြီးတာနဲ့ သူပေးတဲ့ code လေးကိုယူ ကိုယ့် Event အကြောင်းရေးထားတဲ့ page လေးမှာ embed လုပ်ပေးလိုက်။
ဒါဆိုရင် ကိုယ့် event ကို လာမယ့်သူတွေ အကုန် မလာတတ်ရင် အဲ့ဒီ့မှာ တစ်ခါတည်း ရှာလိုက်လို့ရသွားပြီဗျာ…
ဒါပဲလားဆိုတော့ မဟုတ်သေးဘူးဗျာ၊ သွားရင်းလာရင်း ဘယ်လိုသွားရမလဲ သိချင်သေးလား mobile version ကိုလဲ GoThere.sg/m မှာ သုံးလို့ရသေးတယ် ဆိုပဲ။
သြော်… ပြောရင်းပြောရင်းနဲ့ လူက မြန်မာနိုင်ငံ မီးရထားပေါ်က လျက်ဆားရောင်းတဲ့လူ အသံထွက်လာပြီ။ အရင်တုန်းက အလုပ်အကိုင်တွေ လူမသိခင် တော်ရုံနဲ့ရပ်မှ။ ကိုယ့်ကို ဒီလိုပြောလို့ သူတို့ကလည်း ဘာမှပေးမှာမဟုတ်တော့ အခက်သား။
ညဘက်အပြင်ထွက်တတ်တော့ NR လိုင်းတွေ အတွက်ပါ ပြပေးရင် အကောင်းသားလို့ စဉ်းစားမိတယ်။ Feedback တော့ပေးလိုက်ပြီ။ နောက်ပိုင်း NR လိုင်းတွေ တွေ့လို့ကတော့ ကျွန်တော် အတို့အထောင်လုပ်လို့သာ မှတ်ပေတော့ ကရို့။


အဲဒီကို မရောက်ဖူးပေမယ့် ရောက်ဖြစ်ရင် အသုံးဝင်နိုင်မယ်ထင်လို့ မှတ်ထားလိုက်ပြီဗျာ.. နောက် လာဖြစ်ရင် လျှောက်သွားမယ်..
သိပ်ကြိုက်သွားပြီ။ အိမ်နာမည်ထည့် ရုံးနာမည်ထည့်လိုက်တာ အဟက်၊ ကွက်တိရတယ်။ လန်းပါ့။ တော်တော် အသုံးဝင်တယ်။ thnx bro~
Tks a lot, bro
very useful for both of fresh comers and seldom visitors.
နင်ကတော့ တော်ပြီးရင်းတော်ရင်းပဲ။
@မစ်(စ်)သွန်းသွန်း – ဘုရားဘုရား.. ကျွေးရမွေးရမယ့်လမ်း မြင်နေတယ်
ကောင်းပ.. =)