Ten mistakes I made when I started blogging

Ten mistakes I made when I started blogging. Probably the same mistakes that you shouldn't make again.

ကျွန်တော်ဒီ mmhan.net မှာ ပြောင်းပြီး ရေးခဲ့ရတဲ့အချက်တွေထဲမှာ ကျွန်တော့်ရဲ့ အရင် blog က အမှားတွေကြောင့် အများကြီးပါပါတယ်။ အခု မြန်မာ blogger တော်တော်များများမှာလည်း ဒီလိုအမှားလေးတွေကို ကျွန်တော် တွေ့တွေ့နေမိပါတယ်။

အဲ့ဒီ့အမှားတွေကို ပြင်ချင်လို့ ကျွန်တော်ဟာ ဒီ blog ကို စရေးပြီး အမှားတွေကို ပြင်နိုင်ပြီလား ဆိုတော့လည်း မဟုတ်သေးပါဘူး။

ဒါပေမယ့် ကျွန်တော် ဒီ post လေးကို ချရေးလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို သတိပေးနိုင်အောင်ရယ်၊ ကျွန်တော့်ရဲ့ အမှားလေးတွေကို ဖတ်ရပြီး အများသူငါ အပေါင်းတို့လည်း ဒီလို မမှားမိရန် သတိထားနိုင်အောင်ရယ် ရေးလိုက်ရတာဖြစ်ပါတယ်။

ကျွန်တော့်ထက် သိပြီးသား တတ်ပြီးသား သူများဟာလည်း ဒီ post လေးကို ဖတ်ကာ အမှားများကိုထောက်ပြီး ၀ိုင်းဝန်း လှောင်ပြောင်နိုင်ကြအောင်ရယ် ဆိုပြီးပေါ့လေ။

#1 – Blog ဆိုတာ ဘာမှန်း မသိခြင်း

လွန်ခဲ့တဲ့သုံးနှစ်လောက်က ကျွန်တော် blog စရေးတာ friendster ရဲ့ blog မှာပါ၊ ဘာလို့ရေးတာလဲဆိုတော့ စပ်စပ်စုစု သိချင်လွန်းလို့ blog ဆိုတာဘာကြီးလဲဆိုပြီး ရေးကြည့်တာပေါ့။ ကျွန်တော်ရေးကြည့်တယ် သူငယ်ချင်းတွေက လာဖတ်ကြတယ်၊ ကောင်းတယ်လေး ဘာလေးပြောကြတယ်ဆိုတော့ အဲ့ဒီ့မှာ ဘ၀င်တော်လေဟပ်ပြီး ရေးဖြစ်သွားတာပေါ့ဗျာ။

ပထမဆုံးတင်တဲ့ post က ဘာလဲဆိုတော့ Internet ဆိုတာ အဲ့တော့မှ အမြီးမှန်း ခေါင်းမှန်းသိတဲ့ ကျွန်တော့် inbox ထဲကို ၀င်လာတဲ့ Forward Mail အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ကြိုက်လွန်းလို့ ကိုယ်ပိုင် version လေးလုပ်ပြီး assignment လည်းတင်၊ blog ပေါ်လဲတင်တဲ့ post

Internet ဆိုတာလည်း ဘာမှန်းမသိ၊ blog ဆိုတာ ဘာမှန်းလည်းမသိမှတော့ ကျွန်တော့်ရဲ့ အစမကောင်းတဲ့ blog ဘယ့်နှဲ့ အနှောင်း သေချာတော့မတုန်းဗျာ။

#2 – ဘယ်သူ့အတွက်ရေးနေမှန်း ကိုယ့်ကိုကိုယ် မသိခြင်း

#1 အချက်ကြောင့် Blog ဆိုတာဘာမှန်းမသိတဲ့ ကျွန်တော်ဟာ ကျွန်တော်ရေးတာကို ဘယ်လိုလူများ ဖတ်မယ်လို့ ဘယ့်နှဲ့သိမလဲဗျာ။ အဲ့လိုမသိတာထက် ပိုတာဆိုးတာက ကျွန်တော် ဘယ်သူများ ဖတ်စေတော့လို့ ဆိုပြီး တစ်ရည်တစ်ရွယ် မရေးတာပဲ။

အဲ့လိုမသိတော့ ဘာဖြစ်လဲဆိုတော့ တချို့ post များကို သူငယ်ချင်းတွေ ဖတ်ဖို့ အတွက်ရေးမိတယ်၊ တချို့တွေကို လူတိုင်းဖတ်ဖို့ရေးတယ်၊ ကိုယ့်ဟာကိုယ် ပြန်ဖတ်ဖို့ Diary လို post တွေရေးတယ်၊ တစ်ခါတစ်လေ ဘယ်သူ့အတွက်မှ မဟုတ်ပဲ forward mail တွေလို post မျိုးကို လျှောက်ရေးတယ်၊ ကိုယ်ကလွဲလို့ ဘယ်သူမှနားမလည်နိုင်တဲ့ ကဗျာမျိုးတွေရေးပြီး နားမလည်တဲ့သူကို နားမလည်ရကောင်းလားဆိုပြီး အစအဆုံးရှင်းပြတယ်။

အဲ့တော့ ဖတ်တဲ့သူတစ်ယောက် အနေနဲ့ ကျွန်တော့် blog ကို ဖတ်ဖို့ incentive မရှိဘူး ဖြစ်လာတယ်။ အဓိကကတော့ သူလိုချင်တဲ့ သူဖတ်ချင်တဲ့ post ဟာ ကျွန်တော့် blog ရဲ့ ဘယ်နေရာမှာရှိမှန်း မသိနိုင်၊ မခန့်မှန်းနိုင်တာကြောင့် ကျွန်တော့် blog ကိုလာဖတ်ရတာဟာ သူ့အတွက် အချိန်ကုန်ပြီး အကျိုးမထူးတဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။

ကျွန်တော်ကိုယ်တိုင် ရည်ရွယ်ချက်တစ်ခုမရှိတဲ့အတွက် တစ်ခါတစ်လေ ရေးချင်စရာ အများကြီးဖြစ်နေတတ်ပြီး ဘယ်ဟာရေးရကောင်းမှန်း မသိဘူး ဖြစ်ကာ ရေးချင်စိတ် ပျောက်သွားတာမျိုးလဲ ဖြစ်ခဲ့ရတယ်။

#3 – Post တွေကို ဘယ်လို ရေးရမယ် မသိခြင်း

ကျွန်တော့် စိတ်ထဲပေါ်လာတဲ့ စာလေးတွေကို Editor ထဲမှာချရေး ပြီးရင် Publish လုပ်လိုက်တာမျိုးသာ ဖြစ်နေတဲ့ အခါကျတော့ စာတွေဟာ ဖတ်ချင်စရာ မကောင်းဘူး ဖြစ်နေတယ်။ တော်တော်များများဟာ စာပိုဒ်တစ်ခုကို scam through ပဲလုပ်ပြီး စိတ်ဝင်စားဖို့ကောင်းမှ ဖတ်တာဆိုတော့ ကျွန်တော့်ရဲ့ post ဟာ ဘယ်လိုမှ attractive မဖြစ်ပဲ စာပိုဒ်ကြီးတစ်ခု အမိန့်သားထိုင်နေတဲ့ အထာသာဖြစ်နေတော့တယ်။

ဒီကြားထဲ ပိုဆိုးတာက စိတ်ထဲရှိသမျှတွေ အကုန်ချရေးထားတဲ့ ကျွန်တော့် post အရှည်ကြီးတွေကို လူဖတ်ချင်အောင်လည်း မလုပ်တတ်ခဲ့ပြန်ဘူး။

#4 – ဘာရေးချင်မှန်း ကိုယ့်ကိုကိုယ်မသိခြင်း

ပိုပြီးရှင်းရှင်းပြောရရင် information ကို share လုပ်ပေးချင်တဲ့ ကျွန်တော့်ရဲ့ blog မှာရေးဖို့ ကျွန်တော့်မှာ share ချင်စရာ၊ share ထားပြီးရင်လည်း ဖတ်ချင်စရာ၊ စိတ်ဝင်စားစရာ ဘယ်လို Information ရှိမှန်းကို ကျွန်တော်ကိုယ်တိုင် မသိခဲ့ဘူး။ ရှိရင်တော့ ရှိခဲ့လိမ့်မယ် မရှိရင်လည်း မရှိခဲ့ဘူး ဒါပေမယ့် အဲ့ဒီ့ information တွေဟာ လွယ်လွယ်ဝင်လာတဲ့ ပေါ်ပင်ရေးစရာတွေကြောင့် ခေါင်းထဲကို ဘယ်တော့မှ မရောက်လာခဲ့ဘူး။

အဲ့ဒီ့တော့ ပေါ်လာတဲ့ idea တစ်ခုတွေ့တာနဲ့ တင်သင့်သည်မသိ မတင်သင့်သည်မသိ ရေးစရာရပြီဟဆိုပြီး ပြေးတင်တာမျိုးတွေဖြစ်လာတယ်။ အခုအချိန်မှာ ကျွန်တော့် တချို့ post တွေကို ကိုယ့်ကိုကိုယ် ဘာ့ကြောင့်များ တင်မိပါလိမ့်လို့တောင် အံ့သြမိတယ်။

#5 – ဘယ် blog ကို အတုယူရမယ်မှန်း မသိခဲ့ခြင်း

Blog လေးစရေးတော့ blog အကြောင်း မသိခဲ့ဘူး၊ စရေးပြီး နည်းနည်းကြာလာတော့ သိသလိုလိုတော့ရှိပါပြီ၊ ဒါပေမယ့် အဲ့ဒီ့တုန်းက ကျွန်တော့်ကို သင်ပြ လမ်းညွှန်နိုင်မယ့် blog တွေ၊ အတုယူရမယ့် inspire ဖြစ်ရမယ့် blog မျိုးတွေကို မသိခဲ့ဘူး။ မသိတော့ ကိုယ်ထင်ရာ ကိုယ်လျှောက်လုပ်ပြီး အလွဲလွဲ အချော်ချော်တွေက တစ်ပုံတစ်ခေါင်းလည်း ရှိခဲ့ဖူးပါတယ်။

#6 – Blog တစ်ခုရဲ့ နောက်က technology ဟာ ဘာမှန်းမသိခဲ့ခြင်း

ကျွန်တော်ဟာ Blog သာလုပ်ချင်တယ်၊ အဲ့ဒီ့တုန်းက HTML ကို မတောက်တစ်ခေါက်၊ CSS ကို မသိတသိ၊ Web Design နဲ့ပါတ်သက်လို့ တစ်လုံးမှ နားမလည်၊ RSS ဆိုတာလည်း ဂျိုနဲ့လားဆိုသလို ဘာမှန်းမသိခဲ့ပါဘူး။ ကျွန်တော် အဲ့ဒါတွေ မသိပေမယ့် blog တစ်ခုတော့ ရေးဖြစ်လိုက်သေးတာပဲလို့ ကိုယ့်ကိုကိုယ် အဖတ်ဆယ်မယ် စဉ်းစားမိပြန်တော့လည်း အဲ့ဒီ့ blog က ဘုရားစူး မိုးကြိုးပစ် blog။

ကိုယ်စီးတဲ့ မြင်း အထီးလား အစ်မလား မသိဆိုသလို ခရီးသာရောက်သွားတယ်၊ ပြောင်းပြန်ကြီးထိုင်ပြီး စီးသွားမိလားမသိ၊ မြင်းမြီးဆွဲပြီး နောက်ကပြေးလိုက်မိလားမသိ၊ မြင်းကပဲ ကိုယ့်ကိုစီးပြီး ခရီးပေါက်သွားမှန်း မသိဖြစ်ခဲ့တာပေါ့။

#7 – သူငယ်ချင်းများကို အတင်း မဖတ်ဖတ်အောင် လည်ပင်းညှစ်မတတ် promote လုပ်ခြင်း

#2 ဘယ်သူ့အတွက် ရေးနေမှန်းမသိ၊ #3 ဘယ်လိုရေးရမယ်မှန်း မသိခြင်းကြောင့် ဖတ်လို့ မကောင်းတဲ့ ကျွန်တော့်ရဲ့ blog ကို ဖတ်တဲ့သူများ ရှိပါစေတော့ ဆိုပြီး သူငယ်ချင်းတွေကို email များပို့ပြီးဖြစ်စေ၊ GTalk ကနေဖြစ်စေ၊ cbox ကနေဖြစ်စေ၊ forum ထဲကနေဖြစ်စေ၊ အချင်းချင်း စကားပြောနေတုန်း ငါဒါလေး ရေးထားတယ် ဖတ်ပါဦးဆိုပြီးဖြစ်စေ၊ အိမ်တိုင်ယာရောက် browser ထဲအထိ blog address ကို ရိုက်ထည့်ပြီးဖြစ်စေ (မောင်သန့်ဇင်တို့ ဝေဖြိုးကျော်တို့ဆို ဒီဒါဏ် သိပ်ခံရတာ) လည်ပင်းညှစ်မတက် လိုက်လံ promote လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဖတ်ပြီးပြီလား ဘယ်လိုလဲဆိုပြီး follow up ကလည်း လုပ်ခဲ့ပါသေးတယ်။ ဖတ်လို့ မကောင်းတဲ့စာတွေကို အားနာပါးနာနဲ့ ဖတ်ပေးရတဲ့ အပြင် ငါမကြိုက်ဘူးကွာလို့ပြောရမှာကို မကောင်းတတ်လို့ ကောင်းတယ်ကွ လုပ်ဟဆိုပြီး ပြောပေးရသေးတယ်။

အခုအထိလည်း တစ်ခါတစ်လေမှာ အကျင့်ပါပြီး လုပ်မိနေသေးပါတယ်။ အခုထိလည်း စိတ်ရှည်လက်ရှည် သည်းခံပေးနေတဲ့ ကျွန်တော့် သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း တစ်ခါတည်း ပြောပါရစေ။

#8 – စိတ်ရှိသ၍ template ထိုင်ပြောင်းနေခြင်း

ကျွန်တော့် သုံးနှစ်တာ ရေးခဲ့တဲ့ blog မှာ blog ရေးဖို့စဉ်းစားတာထက် ဒီ template ကို ဘယ်လိုပိုလှအောင် ပြင်ရင်ကောင်းမလဲ၊ ဘယ် widget လေးတွေ ထည့်ရင်ပိုပြီး cool ဖြစ်သွားမလဲ ပိုစဉ်းစားမိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ #4 ဘာရေးမယ်မှန်းမသိတဲ့ အချက်ကြောင့် အသစ်တင်ဖို့ idea ပျောက်သွားရင် အဲ့ဒါကို ပထမဆုံး သတိရပြီး ဟိုဟာလေး ကလိလိုက် ဒီဟာလေးပြောင်းလိုက် ပြေးပြေးလုပ်မိနေလို့ပါ။

ဘယ်လောက်တောင် လုပ်မိလဲဆို ကျွန်တော့်ရဲ့ blogspot က blog လေးဟာ အနည်းဆုံး တစ်လ တစ်ခါလောက်ကို sidebar မှာရှိတဲ့ widget တွေ ပြောင်းဖြစ်ပါတယ်။ အနည်းဆုံး ၅ခေါက် ၆ခေါက်လောက် template ပြောင်းခဲ့ပါတယ်။ Template ပြောင်းရုံနဲ့က မပြီးသေး၊ အရင် post တွေဟာ ဒီ template တွေနဲ့ အဆင်ပြေမပြေကို လိုက်စမ်းကြည့်ရသေးတယ်။

အဲ့ဒါနဲ့ အချိန်ကုန်နေတာများတော့ blog post ကောင်းကောင်းရေးဖို့ အချိန်မပေးနိုင် မပေးနိုင်တော့ တော်ရုံတန်ရုံ စိတ်ထဲတွေ့ရာတွေတင် ဒါနဲ့ပဲ အဲ့ဒီ့ blog လေးဟာ ဖြစ်ချင်ရာကို ဖြစ်နေတော့တာပါပဲ။

#9 – မှန်မှန် စာမရေးခြင်း

ကျောင်းတစ်ဖက် အလုပ်တစ်ဖက် အစားတစ်ဖက် ကစားတစ်ဖက်ကြောင့် လူက စာရေးဖို့ အချိန်ကမရ၊ ရပြန်တော့လည်း #8 template ထိုင်ပြင်နေတာကြောင့် အချိန်ကုန်၊ #4 ဘာရေးချင်မှန်းမသိနဲ့ပဲ ကျွန်တော့်ရဲ့ post တွေဟာ တင်ဖြစ်တဲ့ အခါတင်ဖြစ် မတင်ဖြစ်တဲ့ အခါ မတင်ဖြစ်နဲ့ တစ်ခါတစ်လေမှာဆို နှစ်လ သုံးလဆက်တိုက်လောက်ကို မတင်ဖြစ်တာမျိုး ရှိခဲ့ဖူးပါတယ်။

#10 – Proof Reading ဘယ်တော့မှ မလုပ်ခြင်း

ကျွန်တော် စာတစ်ပုဒ်ရေးပြီးရင် အစအဆုံးကို တစ်ခေါက်လောက် မြန်မြန်ဖတ်ပြီး တင်လိုက်တာမျိုးက များပါတယ်။ အဲ့ဒီ့အခါမှာ စာတွေဟာ အမြီးအမောက်မတည့် စာလုံးပေါင်းတွေမှား ဖြစ်ခဲ့ပါတယ်။

Spell checker မသုံးတဲ့ ကျွန်တော် English လိုရေးရင်လည်း စာလုံးပေါင်းတွေမှား၊ ပြန်မဖတ်တဲ့အတွက် (လူကိုယ်တိုင်ကလည်း English လိုသေချာမတတ်တဲ့အတွက်) Grammar တွေမှား တချို့ post တွေဆို အခုအချိန် ကျွန်တော်ကိုယ်တိုင်တောင် ကိုယ့်ဟာကိုယ် ဘာဆိုလိုချင်မှန်း မသိလောက်အောင် အရေးအသားညံ့ခဲ့ပါတယ်။

နိဂုံး

ကိုယ်ဘာမှားတယ်ဆိုတာ သိဖို့ခက်တယ်ဆိုသလို ကျွန်တော် ဒီအမှားတွေကို သိဖို့ သုံးနှစ်နီးပါး ကုန်ခဲ့ရပါတယ်။ ဒီအမှားတွေကို ဒီ blog အသစ် စမိကတည်းက ၀န်ခံချင်ပေမယ့် ၀န်ခံရဲဖို့အတွက် နောက် သုံးလလောက် အချိန်ယူခဲ့ရပါသေးတယ်။ ဒီအမှားတွေကို ပြင်နိုင်ဖို့ အတွက်လည်း ကျွန်တော် ဘယ်လောက် အချိန်ယူရဦးမယ် မသိသေးပါဘူး။

ဒါပေမယ့် ပြင်ရင်းပြင်ရင်းနဲ့ ဘယ်လို ပြင်ရမယ်ဆိုတာမျိုး သိလာတဲ့ တစ်နေ့မှာ ကျွန်တော် အားလုံးနဲ့ share သွားဦးမှာပါ။ စာရေးညံ့တဲ့ကျွန်တော်ရဲ့ ဒီ post ကို အချိန်ကုန်ခံပြီး အခုအချိန်ထိ ဖတ်မိလို့ စာဖတ်သူ အတွက် တစ်ခုခုရသွားတယ် ဆိုရင် ကျွန်တော့် အတွက် အပျော်ပေါ့ဗျာ။

တကယ်လို့များ တခြား အမှားများကို တွေ့မိရင်လည်း comment လေးများပေးသွားကြပါဦးလို့ တောင်းဆိုရင်း…

[photo credits goes to zoghal]

About Mike Han

I am a versatile web technology evangelist. Currently, I code by day: at my full-time employment and I learn by night. By day, I meddle with PHP, Javascript, iOS Development, C++ and C# and by night, I play around with C, Python, ROR, AWS or anything worth exploring. I also take a healthy dose of wire-framing, doing system/business analysis, training or designing from time to time.
This entry was posted in Writings and tagged , , , , , , . Bookmark the permalink.

14 Responses to Ten mistakes I made when I started blogging

  1. မိုက်တယ်..ကိုယ့်အကြောင်းကိုယ် မကွယ်မဝှက်ချပြထားတယ် ဆိုတာထက် နောက်ဘလော့ဂ်လုပ်မဲ့သူတွေ ၊ လက်ရှိ ဘလော့ဂ်ဂါတွေ ဆင်ခြင်နိုင်စေဖို့ ဆိုတာ ပိုသိသာတယ်။ မြန်မာလို များများရေးသူငယ်ချင်း။ ဖတ်ရတာ စနစ်တကျရှိပြီး သရော်စာမျိုးရေးတဲ့အခါမှ အားသာမဲ့ လက်ရည်မျိုး။ ငယ်ငယ်နဲ့ အဲလိုအရေးအသားမျိုးရေးနိုင်တာ အားကျမိတယ်။ အကြိုက်ဆုံးဘလော့ဂ်စာရင်းထဲ ထည့်လိုက်ပြီ။ :)

  2. ပြဿနာတွေထဲ ဝင်ပါမိတာလဲ အမှားတစ်ခုပဲထင်တယ်။ :D

  3. @MyoKyawHtun … ဟားဟား . ဟုတ်ပ။ အဲဒါလဲပါတယ်

    Socialization on the web လေ အဟတ်ဟတ်

  4. mmhan says:

    အဲ့ဒါတော့ blogger တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်ဘာရေးချင်လဲဆိုတဲ့ ခံယူချက်ပေါ်မူတည်တာပေါ့လေ… ကျွန်တော့်အနေနဲ့က ဘာရေးချင်မှန်းမှ မသိခဲ့တာ..
    အဲ့တော့ ဆော်ကြပြီ ဖဲ့ကြပြီလည်းဆိုရော ပါလေရာငါးပိချက် တစ်ဖတ်နှစ်ဖတ် ၀င်နှိပ်တာပေါ့…

    အခုပြန်ကြည့်တော့လည်း ပျော်စရာကြီးပါ… ဟီး

  5. h_cloNe says:

    ဟီးးး… ကျနော် တက်နေတဲ့ ရောဂါတွေကို ထောက်ပြလိုက်သလို ခံစားရတယ်။ ကျေးဇူးကိုကြီးရေ။

  6. junior says:

    ကွက်တိ၊ ဆရာရေ၊ ရင်ဝ တန်းမှန်တော့တာပဲ။ ကိုယ့်ကို ကိုယ် ဟုတ်လှပြီ ထင်နေတာ အခု ဖတ်လိုက်မှပဲ ဘဝင်လျှောတော့တယ်။ ကျေးဇူးဗျို့။

  7. mmhan says:

    @h_cloNe & @junior
    အယ် မဟုတ်သေးဘူးလေ…

    ကျွန်တော့် အမှားကို သိပြီဆိုမှတော့ ဆရာတို့လည်း ကျွန်တော့်လို မမှားကြရအောင် ရှောင်လို့ကျဉ်လို့ ပိုလွယ်သွားပြီပေါ့ဗျ။

  8. pyisoeyz says:

    “ကဲ ပြောနေကြာပါတယ်။ အခုမှ RSS အကြောင်းသိတဲ့သူများ {RSS} လေးကိုနှိပ်ပြီး ကျွန်တော့် blog ကို စပြီး subscribe လုပ်ရင်း စမ်းကြည့်လိုက်ပေတော့…”

    အခုလိုမျိုးလေးက အစ ပေါ့နော် … xP

  9. mmhan says:

    သြော်… ကိုယ့် blog ပေါ်တောင်ရောက်လာပြီကိစ္စပဲ… ဒီလောက်တော့ promote လုပ်ရမှာပေါ့ ဆရာရဲ့

  10. angelous says:

    - “#9 – မှန်မှန် စာမရေးခြင်း”

    - “post အရှည်ကြီးတွေကို လူဖတ်ချင်အောင်လည်း မလုပ်တတ်ခဲ့”

    - “#6 – Blog တစ်ခုရဲ့ နောက်က technology ဟာ ဘာမှန်းမသိခဲ့ခြင်း”

    ဆိုတာတွေကို ကိုယ့် blog မှာသုံးသပ်မိပါတယ် :D

  11. blog senior ရဲ့  ပြောစကားတွေ မှတ်သားသွားပါတယ် =)

  12. ewphyo says:

    Totally agree with you. Now I also feel like that. :(

  13. MrDBA says:

    စာမှန်မှန် မရေးခြင်းနဲ့ တစ်ခါတစ်ခါ ဘာရေးရမှန်းမသိခြင်းတော့ ဖြစ်မိတယ်ဗျ။ ကြော်ငြာ လိုက်မဝင်တတ်ချင်းဟာ လူသိနဲခြင်း ဖြစ်လေမလားလို့လဲ တွေးမိသေးတယ်။ နောက် ကြော်ငြာဝင်ပြီး စာမှန်မှန်မရေးဖြစ်ရင် အားနာစရာဆိုပြီးတော့လဲ ကြော်ငြာဝင်ဖို့ နောက်တွန့်သွားပြန်ရော … ဒီလိုနဲ့ မုန့်လုံးစက္ကူကပ်သွားတာပါဘဲ။

    အဲ ကြုံရင် လာလည်ဦးဗျာ ။ အဟိ ကြော်ငြာကြည့်တာ

  14. Sonic says:

    ကျေးဇူးပဲဗျာ….ကျွန်တော်ဘာလို့ Post တင်လို့မရလဲ ဆိုတဲ့ အကြောင်းရင်းအတော်များ၂ အစ်ကိုရေးပေးတဲ့အထဲမှာပါလာတယ်…ကိုယ့် ကိုယ်ကိုပြန်ဆင်ခြင်လို့ရပြီ…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>